ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ ပါတီဒုဥက္ကဌအပါအဝင် ၃ဦးအား ပစ်ခတ်သေဆုံးမှုသည် ရက္ခိုင့်တပ်(AA)က လုပ်ဆောင်ခဲ့တာလို့ ALP ပါတီက ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လ ၁ရက်နေ့က စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်ကျောင်းအနီးမှာ ALP ပါတီဒုဥက္ကဌ ခိုင်ရောင်နီအပါအဝင် ALA အမှတ်(၁၀၁) တပ်ရင်းမှူး ခိုင်ကျော်မင်းနဲ့ တပ်သား ကျော်ကျော်နိုင်တို့ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ALP ပါတီက ထုတ်ပြန်လာတာပါ။
အဆိုပါပုဂ္ဂိုလ် ၃ဦးသည် မိုခါမုန်တိုင်းကယ်ဆယ်ရေးကိစ္စအတွက် ဥက္ကရုံးမှ အစည်းအဝေးပြုလုပ်ပြီးအပြန်မှာ ရက္ခိုင့်တပ်(AA)ရဲ့ လုပ်ကြံချောင်းမြောင်းပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်လို့ ALP ပါတီက ဆိုထားပါတယ်။
ထိုသို့ ရခိုင်လူမျိုးအကျိုးများအတွက် လက်နက်ကိုင်ခဲ့ကြသော အဖွဲ့အစည်းများအချင်းချင်းကြားမှာ ရက္ခိုင့်တပ်(AA)ရဲ့ အပြုအမူမျိုးသည် မလုပ်အပ်သော အပြုအမူဖြစ်တာကြောင့် ပြင်းထန်စွာရှုတ်ချကြောင်း ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းအတွင်းကလည်း စစ်ကောင်စီကကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနား တက်ရောက်ပြီးပြန်လာတဲ့ ALP စစ်ဦးစီးချုပ် ခိုင်စိုးမြအပါအဝင် ၃ဦး ပစ်ခတ်ခံရမှုမှာလည်း ALP က ရက္ခိုင့်တပ်(AA)ကို စွပ်စွဲပြောဆိုမှုများရှိခဲ့တာပါ။
Era’sEye