နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီ ရေယာဥ်နှစ်စီး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်းမှ မုံရွာမြို့သို့ဆန်တက်လာသည့် စစ်ကောင်စီ၏ ရေယာဥ်နှစ်စီးအား ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)က ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၃ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်က ချင်းတွင်းမြစ်အတိုင်း အမြင့်မြို့ဟောင်းမှဆန်လာသည့် စစ်ကောင်စီ၏ အမြန်ရေယာဥ်နှင့် ဖလက်ခွန်စက်လှေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အဖွဲ့က ပြောပါတယ်။

ရေယာဥ်ပေါ်ပါ စစ်ကောင်စီတပ်သားများကလည်း စက်သေနတ်များ၊ လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေး တပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )၊  တပ်ခွဲ – ၄  5/TEACHERS PEOPLE DEFENSE FORCE PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားတာပါ။

မုံရွာမြို့အနောက်မြောက်ပိုင်စစ်ဌာနချုပ်(နမခ)မှ  စစ်ကောင်စီတပ်သည် အမြင့်မြို့ဟောင်းရှိ စစ်အုပ်စုတပ်စွဲရာသို့ ရေယာဥ်များဖြင့် ရိက္ခာများ၊ လူအင်အားများ သွားရောက်ပို့ဆောင်လေ့ရှိပါတယ်။

Era’sEye/(ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ချင်းတွင်းမြစ်အတွင်း မောင်းနင်လာသည့် စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 15 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 12 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 10 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က အပစ်ရပ်ထားတဲ့အပေါ် လိုက်နာကြဖို့ဆိုပြီး တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 11 Views
မေလ (၃၀)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ပြန်လည်ထူထောင်ရးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ စစ်တပ်က ဧပြီလ (၂)ရက်နေ့ကစပြီး
India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 21 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက် တရားမဝင်နေထိုင်တဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 18 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းနင်းမိပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 8 Views
မေလ (၂၉)ရက်။ မေလ (၂၄)ရက်နေ့ ည (၁၀)နာရီအချိန်က စစ်ကောင်စီတပ်ရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း (၁၄၈)စခန်းဟောင်းအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အရင် စစ်ကောင်စီရဲ့
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 15 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ၂၀၂၄ တနှစ်ထဲမှာ တိုက်ပွဲထဲကျဆုံး ပကဖ (၂၀၀)ကျော်ရှိသလို၊ ၄