နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးမြို့နယ်ရှိ စစ်တပ်ဆက်သွယ်​ရေးစခန်းကုန်းကို​တော်လှန်​ရေးတပ်ဖွဲ့များစီးနင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ဆက်သွယ်ရေးစခန်းကုန်းအားဝင်ရောက်စီးနင်းခဲ့ပြီးခဲယမ်းနှင့်ကျည်များစွာရရှိကြောင်းရေးပြောက်ကျားတပ် ဖွဲ့ YGF က ဇူလိုင် ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

၁၄ မိုင်ကျေးရွာအနောက်ဘက်တွင်ရှိသောဆက်သွယ်ရေးစခန်းကုန်း၌ စစ်ကောင်စီမှအရာရှိဦးစီးအင်အား၁၀ ဦးခန့်တပ်စွဲထားပြီး  KNLAတပ် ရင်း(27)၊ တပ်ခွဲ (2) နှင် YGF-ရေးပြောက်ကျားတပ်ဖွဲ့ ပူပေါင်းစစ် ကြောင်းတို့က ယမန်နေ့(ဇူလိုင် ၆ရက်) ည ၁၁ နာရီခွဲခန့်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြတာပါ။

ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်မှာညအချိန်ဖြစ်သောကြောင့် မည်မျှထိခိုက် သေဆုံးဒဏ်ရာရသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ခြင်းမရှိဘဲစစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်း
ရှောင်သွားခဲ့တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပိုင် ဆက်သွယ်ရေးတာဝါတိုင်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီ နောက် ပူးပေါင်းတပ်ဖွဲ့ကပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့သိရပါတယ်။

စစ်​ကောင်စီ၏ဆက်သွယ်ရေးစခန်းကုန်းမှရှေ့ထွက်မိုင်းသုံးလုံး၊ကပ်သီး ၁၈ ခု၊ 5.56 (M-16)ကျည် ၂၁၈ တောင့်၊40mm ကျည် လုံး၂၀၊လက်ပစ်ဗုံး ၂၀၊ကျည်ဘောက် ၁၀ခု၊အီကွေမင့် နှစ်စုံ၊မှတ်ပုံတင် နှစ်ခု၊ဖုန်းသုံးလုံးနှင့်ယူနီဖောင်းတစ်စုံ(တပ်သားအဆင့်)သိမ်းဆည်းရမိ ခဲ့တယ်လို့ထုတ်ပြန် ထားပါတယ်။

#Era’sEye /(KNLA နှင့် YGF ပူး​ပေါင်းစစ်​ကြောင်းနှင့်သိမ်းဆည်းရရှိ​သော ခဲယမ်းနှင့် ကျည်များ။ဓါတ်ပုံ-YGF)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNU ဆီ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 5 Views
မေလ (၇)ရက်။ မနေ့က တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 24 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 22 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပကျယ်ချုပ် ပြောင်းရွှေ့တာကို သိရပြီး မိသားစုအပါအဝင် ရှေ့နေတွေနဲ့ တွေ့ခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုရစေဖို့
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 25 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့
မြန်မာသတင်း

မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 26 Views
မေလ (၆)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မော်လူးမြို့ဟာ ကသာခရိုင် ‌အင်းတော်မြို့နယ်မှာ ပါဝင်ပြီး စစ်တပ်က ဧပြီလ (၃၀)ရက်နေ့မှာ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ထပ်မံရရှိခဲ့တာလို့
မြန်မာသတင်း

NUG ချီးမြှင့်မယ့် ဘွဲ့နဲ့ဆုတံဆိပ်ကို လက်မခံဘူးလို့ ABSDF ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 20 Views
မေလ (၆)ရက်။ NUG ချီးမြှင့်မယ့် သူရဲကောင်းဘွဲ့နဲ့ ဆုတံ‌ဆိပ်ကို လက်ခံမှာမဟုတ်ဘူးလို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျောင်းသားတပ်မတော်အနေနဲ့ အခုကာလမှာ ဘယ်အစိုးရကပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုမှ လက်ခံသွားမှာမဟုတ်ဘူး”
မြန်မာသတင်း

ဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေရှိခဲ့တယ်လို့ ဝန်ကြီးဦးရည်မွန်ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 20 Views
သိမ်းပိုက်ထားတဲ့ မြို့အချို့ကို စွန့်ခွာရတာအပါအဝင် မြေပြင်အခက်အခဲနဲ့ အတက်အကျတွေဟာ စစ်မက်ရေးရာရဲ့ သဘာဝလို့ဆို မေလ (၅)ရက်။ နေရာဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေ ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF (၅)နှစ်ပြည့်မှာ
မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 40 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံ