မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဆိုးဝါးဆုံး ညှင်းပန်းနှိပ်စက်တာတွေထဲမှာ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေက ထိပ်ဆုံးမှာ ရှိနေပါတယ်။
ဒီလို နှိပ်စက်ခံရမှုတွေထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူမဆန်တဲ့ ရက်စက်မှုတွေပါရှိပါတယ်။ စစ်ကြောရေးကနေ အကျဉ်းထောင် ၄ ခုထိ ပြောင်းရွေ့ခံခဲ့ရပြီးတော့ စစ်ကြောရေးမှာ လိင်ပိုင်းအကြမ်းဖက်မှုတွေ၊ အကျဉ်းထောင်တွေရဲ့ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်ညှင်းပန်းမှုတွေထဲက အဆိုးဝါးဆုံးလို့ နံမည်ကြီးနေတဲ့ သာယာဝတီထောင်က နှိပ်စက်မှုတွေအပါအဝင် ဒီအကြောင်းတွေကို ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုလေး(အမည်လွှဲ)က ပြောပြခဲ့တာတွေကို ခေတ်မျက်လုံးမှာ နားဆင်နိုင်ပါပြီ။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။