မန်ယူအသင်းဟာ တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ် ၅ နှစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဲဒီစာချုပ်သစ်ကြောင့် ရက်ရှ်ဖို့ဒ်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၇၅၀၀၀ ရရှိမှာဖြစ်ပြီး ဂိုးသမားဒီဂီယာ အသင်းက ထွက်ခွါသွားလို့ မန်ယူအသင်းရဲ့ လစာအများဆုံးကစားသမားဖြစ်လာတော့မှာပါ။
ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၅၆ ပွဲကစားပြီး ဂိုး ၃၀ သွင်းယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၄ ခုနှစ်ထဲမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး မန်ယူအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိစာချုပ်အရ တစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀၀၀၀ ရရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ စာချုပ်သစ်မှာ တစ်ပတ် ပေါင် ၃၇၅၀၀၀ ရရှိတော့မှာဖြစ်လို့ မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဟာလန်း၊ ဒီဘရိုင်း၊ လီဗာပူးတိုက်စစ်မှူး ဆာလက်တို့နောက်မှာ ပရီးမီးယားလိဂ်ရဲ့ စတုတ္ထမြောက်လစာအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နိုင်တော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံးဟာလန်းဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၈၆၅၀၀၀၊ ကွင်းလယ်လူ ဒီဘရိုင်းနဲ့ တိုက်စစ်မှူးဆာလက်တို့က ပေါင် ၄ သိန်းစီ ရရှိနေကြတာဖြစ်ပါတယ်။ ရက်ရှ်ဖိုပဒ်ဟာ မန်ယူအသင်းမှာ အသက် ၇ နှစ်အရွယ်ကတည်းက ကစားလာခဲ့တဲ့ ငယ်မွေးခြံပေါက်ကစားသမားဖြစ်ပါတယ်။
Era’sEye\SportNews