နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

“မမများနဲ့ပွဲကမယ်”အစီအစဉ် ၄ကြိမ်မှ ဘဏ္ဍာငွေစုစုပေါင်း ကန်ဒေါ်လာ ၁.၉၈သန်းရရှိခဲ့တယ်လို့ NUG အသိပေးထုတ်ပြန်


“မမများနဲ့ပွဲကမယ်” ကရင်နီ၊ စစ်ကိုင်း၊ ချင်း၊ မကွေး၊ အလယ်ပိုင်းဒေသ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ် ၄ကြိမ်မှ စုစုပေါင်း ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁.၉၈သန်း လက်ခံရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုး(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

“မမများနဲ့ပွဲကမယ်”မှရရှိသော ဘဏ္ဍာငွေသုံးစွဲမှုများနဲ့စပ်လျဉ်းပြီး ပြည်သူလူထုထံသို့ အသိပေးတင်ပြခြင်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါဘဏ္ဍာငွေများအနက် ကန်ဒေါ်လာ ၁.၅၅သန်းကို ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုလက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနဲ့ ကန်ဒေါ်လာ ၀.၂၅သန်းကို KNDF အတွက်အပြင် ကန်ဒေါ်လာ ၀.၁၄သန်းကို CJDC အတွက်နဲ့ ကန်ဒေါ်လာ ၀.၀၄သန်းကို အခြားတော်လှန်ရေးအင်အားစုများအတွက် လျာထားသုံးစွဲနေတယ်လို့ သိရပါတယ်။



ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တော်လှန်ရေးအတွက် ပြည်သူလူထုက ထည့်သွင်းလှူဒါန်းထားတဲ့ ဘဏ္ဍာငွေတွေကို တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ အဖိတ်အစင်မရှိ စနစ်တကျ စီစစ်သုံးစွဲနေကာ အလေအလွင့်မရှိစေရေး ထိန်းကျောင်းဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။

အစီအစဉ်ကနေ ရရှိခဲ့တဲ့ ရန်ပုံငွေနဲ့ ဝယ်ယူတပ်ဆင်ထားတဲ့ လက်နက်ကြီးများရဲ့ မြေပြင်တိုက်ပွဲဝင်မှုတွေကို သင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူများ၊ Fundraiser များ၊ အနုပညာရှင်များ၊ အတတ်ပညာရှင်များအပါအဝင် အဖွဲ့သားအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အခြားသော တော်လှန်ရေးဆိုင်ရာ ရန်ပုံငွေရှာဖွေရေးအစီအစဉ်များကိုလည်း ဆက်လက်ပါဝင်ပေးဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 26 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 24 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 43 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 29 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 33 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့