အမှတ်(၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ ဇွန်လအတွင်း တိုက်ပွဲပေါင်း (၃၇၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၁၇) ဦး သေဆုံးခဲ့သလို (၅၂၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် ၄၇ ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၁၄၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ အကြမ်းဖက်စစ်တပ်ဆီက လက်နက်မျိုးစုံ (၄၈) လက်နဲ့ Drone (၂၅) စီးအပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သလို အဲ့ဒီတိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ Era'sEye /photo-စစ်ကိုင်းခရိုင်တပ်ရင်း၃