အက်ဖ်အေကချမှတ်လိုက်တဲ့ နာကျင်အချိန်ပိုစည်းမျဉ်းသစ်ဟာ လှပတဲ့ ကစားပွဲတွေကို ဖျက်ပျက်စီးစေတဲ့လို့ မန်ယူနောက်ခံလူ ဗာရန်းက ဝေဖန်ပြောဆိုလိုက်ပါတယ်။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကွန်မြူဒိုင်းပွဲအပြီး အဲဒီစည်းမျဉ်းသစ်ကို မန်စီးတီးနည်းပြဂွါဒီယိုလာက ဝေဖန်ပြီးနောက်မှာ ဗာရန်းကပါ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ရင်ဆိုင်ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ပွဲပြီး နာကျင်အချိန်ပိုကို ၈ မိနစ်အထိ သတ်မှတ်ခဲ့သလို အာဆင်နယ်အသင်းက ပွဲချိန် ၁၀၁ မိနစ်မှာ ချေပဂိုးရသွားတဲ့နောက် ဂွါဒီယိုလာက အချိန်ပိုစည်းမျဉ်းသစ်ကို ဝေဖန်ခဲ့တာပါ။
အဲဒီအပြင် မန်ယူနောက်ခံလူ ဗာရန်းကလည်း နည်းပြတွေနဲ့ ကစားသမားတွေဟာ ပွဲဆက်တွေများပြားနေမှုအပေါ် ဟိုးအရင်ကတည်းက စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့တာဖြစ်ပြီး အခုအခါမှာ အက်ဖ်အေက နာကျင်အချိန်ပို စည်းမျဉ်းသစ်ကို ချမှတ်လိုက်တာဟာ ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို ပိုပြီးအန္တရာယ်များလာခဲ့ပြီလို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာမှာ ရေးသားဝေဖန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖီဖာက ပွဲချိန်အတွင်း လေလွင့်ချိန်တွေကို သေချာမှတ်သားပြီး နာကျင်အချိန်ပိုကို အတိအကျသတ်မှတ်ပေးခဲ့သလို အခုအခါမှာလည်း အက်ဖ်အေက နာကျင်အချိန်ပိုကို အတိအကျ ပြန်သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဗာရန်းကတော့ “ကစားသမားတစ်ယောက်အနေနဲ့ ပွဲကစားခွင့်ရတယ်ဆိုတာ တကယ့်ကို လိုလားတဲ့ အထူးအခွင့်အရေးဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောင်းလဲလိုက်တဲ့ စည်းမျဉ်းက ကျတော်တို့ရဲ့ လှပတဲ့ ပွဲတွေကို ဖျက်ဆီးသလိုဖြစ်နေတယ်။ ဘယ်ကစားသမားမဆို ပွဲတိုင်းမှာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို လိုချင်ကြတာပါ”လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။
အက်ဖ်အေရဲ့ နာကျင်အချိန်ပိုစည်းမျဉ်းသစ်ကြောင့် ကစားသမားတွေဟာ ကွင်းထဲမှာ ပွဲချိန်အမြောက်အများ ကစားရပြီး ဒဏ်ရာပြဿနာ၊ ပွဲပန်းတဲ့ပြဿနာတွေ ရင်ဆိုင်ရလာဖွယ်ရှိနေပါတယ်။
Era’sEye\SportNews