၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၁)ရက်၊
ခေတ်မျက်လုံး။
စစ်ကောင်စီတပ်က ရဲဘော်နှစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ ဩဂုတ်လ (၁၀)ရက်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တာကြောင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLA နဲ့အတူ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ် တိုက်ပွဲဝင်သွားမယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၁၈)က ဒုတပ်ကြပ် ဇော်မျိုးခိုင် (၃၆)နှစ်နဲ့ တပ်သား အောင်မျိုးဇော် (၂၃)နှစ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
၎င်းတို့နဲ့အတူ ပါလာတဲ့ လက်နက်ခဲယမ်းတွေက 60mm ကွန်မန်ဒိုစိန်ပြောင်း(၁)လက်၊ 60mm ကျည် (၅)လုံး၊ MA-2 (၁)လက်၊ ကျည်ဘောက် (၅)ဘောက်နဲ့ MA-2 ကျည် (၁၅၀)တောင့်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။
KNLA ထံသို့ လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀၀)ဆီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
#Era’sEye \News