နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ထံ လာရောက်ပူးပေါင်းခဲ့

၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၁)ရက်၊
ခေတ်မျက်လုံး။

စစ်ကောင်စီတပ်က ရဲဘော်နှစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA)ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ ဒူးပလာယာခရိုင်ရဲ့ ဩဂုတ်လ (၁၀)ရက်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တာကြောင့် တော်လှန်ရေးပြီးဆုံးသည်အထိ KNLA နဲ့အတူ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ် တိုက်ပွဲဝင်သွားမယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဟာ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၁၈)က ဒုတပ်ကြပ် ဇော်မျိုးခိုင် (၃၆)နှစ်နဲ့ တပ်သား အောင်မျိုးဇော် (၂၃)နှစ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၎င်းတို့နဲ့အတူ ပါလာတဲ့ လက်နက်ခဲယမ်းတွေက 60mm ကွန်မန်ဒိုစိန်ပြောင်း(၁)လက်၊ 60mm ကျည် (၅)လုံး၊ MA-2 (၁)လက်၊ ကျည်ဘောက် (၅)ဘောက်နဲ့ MA-2 ကျည် (၁၅၀)တောင့်တို့ဖြစ်တယ်လို့ ရေးသားထားပါတယ်။

KNLA ထံသို့ လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀၀)ဆီ ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း

တရုတ်အရွေ့နဲ့ စစ်အုပ်စု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 4 Views
တရုတ်ခေါင်းဆောင်မော်စီတုံးကို သူတို့လေးစားတဲ့ခေါင်းဆောင်အဖြစ် ရန်ကုန်က ဝှာကျုံးနဲ့ နန်ယန် တရုတ်စာသင်ကျောင်းက ကျောင်းသားတွေက မော်စီတုံးတံဆိပ်တွေကို ရင်ဘတ်မှာ ထိုးခဲ့ကြတဲ့အတွက် ကျောင်းဆရာတွေ ဆရာမတွေက
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါးသုံးစွဲသူ (၃၀၀)ကျော်ကို အကျင့်စာရိတ္တပြုပြင်ပေးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 6 Views
နိုဝင်ဘာလ (၁၀)ရက်။ ကျောက်မဲမြို့နယ်ထဲ အကျင့်စာရိတ္တပြုပြင်ရေးကျောင်းကို ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ (၃၂၀)ဦးကို ပြုပြင်ပေးခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ခေါင်းဆောင် လေယာဉ်မဆင်းခင် လေဆိပ်ကောင်းကင်မှာ ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 5 Views
စစ်ခေါင်းဆောင် လေယာဉ်မဆင်းခင် လေဆိပ်ကောင်းကင်မှာ ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့် နိုဝင်ဘာလ (၁၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေပြည်တော်လေဆိပ်ကို မဆင်းခင်အချိန် ကောင်းကင်ထက်မှာ ရဟတ်ယာဉ်တွေပျံဝဲပြီး ကင်းလှည့်တာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို နေပြည်တော‌လေဆိပ်ကို စစ်ခေါင်းဆောင်
မြန်မာသတင်း

ရုံးပိတ်ရက်တွေကို မှားယွင်းဖော်ပြခဲ့တဲ့ ပြက္ခဒိန်ထုတ်ဝေသူတွေကို စစ်ကောင်စီက ခေါ်သတိပေးပြီး ခံဝန်ထိုးခိုင်း

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 5 Views
နိုဝင်ဘာလ (၁၀)ရက်။ ရုံးပိတ်ရက်တွေကို မှားယွင်းဖော်ပြခဲ့တဲ့ ပြက္ခဒိန်ထုတ်ဝေသူ (၆)ဦးကို စစ်ကောင်စီက ခေါ်ယူသတိပေးပြီး ခံဝန်ရေးထိုးခိုင်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ခေါ်ယူသတိပေးပြီး ခံဝန်ရေးထိုးခံခဲ့ရတဲ့ ထုတ်ဝေသူတွေဟာ ရွှေနိုင်ငံစာပေဖြန့်ချိရေးက ဦးမောင်မောင်လှ၊ ရွှေဝါဝင်းစာပေက ဦးလှဝင်း၊
မြန်မာသတင်း

မင်းတပ်မြို့က ပြည်သူတွေရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 3 Views
နိုဝင်ဘာလ (၁၀)ရက်။ မနေ့က နံနက် (၉)နာရီလောက်ကစပြီး မင်းတပ်မြို့ရှိ ခေါနူးရိပ်သာအနီးတဝိုက်က ပြည်သူတွေရဲ့နေအိမ်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ CDF-MINDAT ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက်(၉)နာရီလောက်ကစပြီး ရဲစခန်းအရှေ့ ခေါနူးရိပ်သာဘက်က နေအိမ်တွေကို စခနဲ့
မြန်မာသတင်း

တရားမဝင် ပတ်စ်ပို့သက်တမ်းတိုးသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 3 Views
နိုဝင်ဘာလ (၁၀)ရက်။ မြန်မာနိုင်ငံသားတွေအနေနဲ့ တရားမဝင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာတွေကို အရေးယူသွားမယ်လို့ ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးရဲ့ မနေ့က သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံသားအချို့ဟာ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေကို တရားမဝင် တံဆိပ်တုံးအတုအပနဲ့ သက်တမ်းတိုးတာတွေ လုပ်ဆောင်နေတာကို တွေ့ရှိရတယ်လို့
မြန်မာသတင်း

မင်းအောင်လှိုင်ကို လှောင်ပြောင်လို့ဆိုပြီး ငါးမင်းဆွေကို စစ်ကောင်စီ ဖမ်းဆီး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 8 Views
နိုဝင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာမှာ ဦးမင်းဆွေ(ခ)ငါးမင်းဆွေကို ဖမ်းဆီးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ ငါးမင်းဆွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ဓါတ်ပုံနဲ့ လှောင်ပြောင်တာအပါအဝင် PDF တွေနဲ့ပတ်သက်ပြီး ရေးသားတာကြောင့် ဖမ်းဆီးတာလို့
မြန်မာသတင်း

အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန် စစ်ကောင်စီက ပြန်လွှတ်ပေးတာက ထောင်ထဲ ဆေးဝါးမလုံလောက်ဘဲ သေဆုံးရတာကို ဖုံးကွယ်ဖို့ကြိုးစားတာလို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 6 Views
နိုဝင်ဘာလ (၉)ရက်။ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန်မှာ စစ်ကောင်စီက လွတ်ငြိမ်းပေးပြီး ပြန်လွှတ်ပေးတာက ထောင်ထဲ ဆေးဝါးမလုံလောက်ဘဲ သေဆုံးရတာကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျန်းမာရေးအရမ်းဆိုးရွားနေပြီး အသက်ရှင်သန်ဖို့