ယင်းမာပင်ခရိုင်တပ်မဟာကို ဩဂုတ်လ (၁၈)ရက်နေ့မှာ တပ်ရင်း (၁၃)ရင်းနဲ့ ဖွဲ့စည်းလိုက်ပြီလို့ ဗိုလ်သံမဏိရဲ့ ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။
ယင်းမာပင်ခရိုင်တပ်မဟာရဲ့ တပ်ရင်း (၁၃)ရင်းမှာ တပ်ရင်း (၂၁)/(၂၂)/(၂၃)(ကနီ)၊ တပ်ရင်း(၇)/(၁၂)(ပုလဲ)၊ တပ်ရင်း(၂၈)(ဆားလင်းကြီး)နဲ့ တပ်ရင်း (၂၉)/အာဠာ၀က/Fighter One/ကဿပဝိဇ္ဇာ/မြွေဆိုး/CDRF နဲ့ MNAT (ယင်းမာပင်)တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းမာပင်ခရိုင်တပ်မဟာကို စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး စစ်အရှိန်မြှင့်တင်ဖို့နဲ့ ပြည်သူနဲ့ ပဋိပက္ခဖြစ်ခြင်းကနေ ရှောင်ဖို့အပါအ၀င် အချက် (၅)ချက်နဲ့ ရည်ရွယ်ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။
တပ်မဟာအနေနဲ့ တိုက်ခိုက်ရေးကိုသာ ဦးစားပေးဆောင်ရွက်မှာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားကို ၀င်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။
တပ်မဟာရဲ့ နာယကအဖြစ် ကနီဆရာတော်၊ ဥက္ကဌအဖြစ် ကျောက်လုံးကြီး၊ ဒုဥက္ကဌအဖြစ် ဗိုလ်သံမဏိ၊ အတွင်းရေးမှူးအဖြစ် ဦးနေမင်းအပါအ၀င် စုစုပေါင်း ၈ဦးနဲ့ ဦးဆောင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
#Era’sEye \News