ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးထိခိုက်ပြီး နေအိမ် (၅) လုံးပျက်စီးခဲ့ရတယ်လို့ ဒီကနေ့ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်တပ် ခလရ၂၆၄ ဟာ ကျောက်ကြီးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ပိန်းဇလုပ်မှာ အခြေချပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၇) ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်အချိန်မှာ ကညင်ကျိုးကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး (၄) လုံး ပစ်ခဲ့ရာ အဲ့ဒီ လက်နက်ကြီး ထိမှန်ပြီး ကညင်ကျိုးကျေးရွာက အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ စစ်ကောင်စီတပ်များ၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများ။
သတင်းအရင်းအမြစ် ခလယ်လွီထူခရိုင်သတင်းနှင့်ပြန်ကြားရေး။