နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခလရ (၆၁)တို့ SF-Z မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကျဲခံရ

မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခလရ (၆၁)တို့ကို SF-Z မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ Ye Air Force (YAF) ရဲ့ ဒီကနေ့ ဩဂုတ်လ (၂၉)ရက်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(၇၆)ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဩဂုတ်လ (၂၈)ရက်နေ့ နံနက် (၁၁)နာရီ၀န်းကျင်မှာ မွန်နဲ့ တနင်္သာရီအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

“ အခုစစ်ဆင်ရေးကို ရာသီဥတုဆိုးရွားတဲ့ကြားက ခက်ခက်ခဲခဲ ကြိုးစားဆောင်ရွက်ခဲ့ရပြီး ရာသီဥတုဒဏ်ကြောင့် SF-Z မောင်းသူမဲ့လေယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်” လို့ ဖော်ပြထားပါတယ်။

ဗုံးကျဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက (၈၁) မမ၊ (၁၂၀) မမ လက်နက်ကြီးတွေနဲ့ (၈) ကြိမ်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ်တော်လှန်ရေး တပ်ပေါင်းစုတွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဗုံးကျဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ဆင်ရေးကို MRSF၊ YAF၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း(၁)၊ ထား၀ယ်ခရိုင် PDF အမှတ် (၂) တပ်ရင်း (T-5)၊ KBDF၊ TPLF၊ YDF နဲ့ MSRO တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 82 Views
ဇွန်လ (၁) ရက်။ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ
မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 12 Views
ဇွန်လ (၁)ရက်။ မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)ဌာနချုပ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 8 Views
ဇွန်လ (၁)ရက်။ မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃)
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီက အပစ်ရပ်ကာလ တစ်လထပ်တိုးတယ်လို့ဆိုပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 7 Views
‌ဇွန်လ (၁)ရက်။ နိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီအပစ်ရပ်ကာလကို အခုလကုန်အထိ တစ်လ ထပ်မံတိုးမြှင့်လိုက်ပြန်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအကြိမ် သတိပေးထား

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 6 Views
ဇွန်လ (၁)ရက်။ တောင်သာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို လက်နက်ချ အလင်းဝင်ဖို့ ‌မြို့နယ်ပကဖရဲ့ မနေ့က နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးထားတယ်လို့ သိရပါတယ်။ “ တောင်သာမြို့နယ်ထဲက စခ/ရခ/ပခတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ အချိန်မနှောင်းခင် လက်နက်ချ အလင်းဝင်ပါ။ ပြည်သူနဲ့
မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 32 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။ မေလ (၁၇)ရက်နေ့ကစပြီး ပင်လောင်းမြို့ ဆောင်းပြောင်းကျေးရွာက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 25 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီခွဲအချိန် စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 25 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့