နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း ရာသီဥတု

ဂန့်ဂေါမှာမိုး ၃ ရက်ဆက်ရွာပြီး မြေပြိုလို့ ချောင်းကူးတံတားကျွံကျကာ ဒေသခံတွေသွားလာရ ခက်ခဲနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ကျေးရွာချင်းဆက်သွယ်ထားတဲ့ ချောင်းကူးတံတားမှာ စက်တင်ဘာ (၃) ရက်က မြေပြိုကျသွားပြီး သွားလာရခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ မိုး ၃ ရက်ဆက်တိုက်ရွာခဲ့ပြီး မြင်းဇာရွာနဲ့ကျွဲနန်းရွာ အကြားက ထုံးကျောက်ချောင်းတံတားမှာ နံနက် (၂) နာရီခွဲအချိန်ခန့်က မြေသားပြိုကျပျက်စီးခဲ့တာကြောင့် ဒေသခံပြည်သူတွေ သွားလာရေး ခက်ခဲနေကြတာလို့ ဆိုပါတယ်။

အဲ့ဒီတံတားကို ၂၀၁၉ ခုနှစ်က ကွန်ကရစ်နဲ့တည်ဆောက်ထားတာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ချောင်းရေကြီးတာကြောင့် ပြိုကျဖူးတာကြောင့် ပြန်ပြင်ဆောက်ခဲ့ရသလို ဇူလိုင်လနှောင်းပိုင်းက ချောင်းရေကြီးတာနဲ့ အခု မိုးဆက်တိုက်ရွာတာများပြီး မြေထိန်းနံရံတွေ မခိုင်မာဘဲ ပြိုကျခဲ့တာလို့ သိရပါတယ်။

မြေသားပြိုကျပျက်စီးသွားတဲ့ တံတားဟာ ဂန့်ဂေါနယ်မြောက်ပိုင်းက ရွာစည်၊ လာပို့၊ မြင်းဇာ၊ ကျွဲနန်း၊ တောင်လယ်၊ လက်ပန်၊ သာကောင်း၊ ရှဉ်းရှည်၊ ချောင်းဆုံ၊ ကန်၊ ကံသာ စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူတွေ အားထားနေရတဲ့ တံတားလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့် လက်တွဲတိုက်ထုတ်ဖို့ NUG တိုက်တွန်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 0 Views
ဒီဇင်ဘာလ (၂၁)ရက်။ စစ်အာဏာရှင်စနစ်ကို တောင်တန်း၊ မြေပြန့်သားတွေ အတူလက်တွဲ အမြစ်ပြတ်တိုက်ထုတ်ဖို့ အရေးကြီးတယ်လို့ မနေ့က UWSP တည်ထောင်တဲ့ (၃၆)နှစ်ပြည့်ကို
မြန်မာသတင်း

အမျိုးသားအားကစားပွဲ ကျင်းပတာ တည်ငြိမ်အေးချမ်းတာကို ပြသတာလို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 0 Views
ဒီဇင်ဘာလ (၂၁)ရက်။ အမျိုးသားအားကစားပွဲဟာ အားကစားပြိုင်ပွဲသက်သက် ကျင်းပတာထက် တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်တဲ့ပွဲလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ပိတ်ပွဲမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ကမ္ဘောဒီးယားနဲ့ လာအိုတို့က စစ်ခေါင်းဆောင်ထံ သံအမတ်ခန့်အပ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 0 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က နေပြည်တော်မှာ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ သံအမတ်ခန့်အပ်လွှာတွေ ပေးပို့ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင်ထံ သဘောတူညီပြီးဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံသံအမတ်အနေနဲ့ H.E. Mr Cheng
မြန်မာသတင်း

မတ္တရာမြို့ ထန်းပင်ကုန်းရွာကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 0 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဒီဇင်ဘာလ (၁၉)ရက်နေ့ နံနက် (၉)နာရီအချိန်က မတ္တရာမြို့ ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်းမြို့နဲ့ နပခစစ်ဌာနချုပ်ကို အပြီးသတ်သိမ်ပိုက်နိုင်ခဲ့ပြီလို့ AA အတည်ပြုထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 0 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်မှာ နပခစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အမ်းမြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA အနေနဲ့ နပခစစ်ဌာနချုပ်ထဲက နောက်ဆုံးကျန်တဲ့ တိုင်းစစ်ရုံးထဲရှိ
မြန်မာသတင်း

ကံပေါက်ပျုရွာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 2 Views
ဒီဇသ်ဘာလ (၂၀)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့က ကျွန်းလှမြို့ ကံပေါက်ပျူစောထီးရွာက စစ်ကောင်စီရဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကံပေါက်ပျူရွာကနေ ထိုးစစ်ဆင်လာတဲ့ ခမရ(၃၆၁)နဲ့ ပျူစောထီးအင်အား
မြန်မာသတင်း အာရှ

ပြည်ပတပ်များကို ထိုင်းနယ်မြေအတွင်းမှ တွန်းထုတ်ရန် စေ့စပ်ညှိနှိုင်းမှုနှင့် စစ်ရေးအရဖိအားများ လိုအပ်ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 8 Views
+++++++++++++++++++++++++++++ ဒီဇင်ဘာလ (၂၀) ရက်။ “ ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်က အဆိုပါပြဿနာများကို ဖြေရှင်းမည်ဟု ကတိပြုထားသော်လည်း တိုးတက်မှု မရှိပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝင်ရောက်ရန် လိုအပ်ကြောင်း ထိုင်းတပ်မတော်သတင်းရင်းမြစ်များက ပြောသည်။ “ ဝ”
မြန်မာသတင်း

ဆားလင်းကြီးမြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ (၆)နာရီကြာ ပိတ်ဆို့တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၀)ရက်။ မနေ့က နံနက်(၈)နာရီအချိန်ကစပြီး ဆားလင်းကြီးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေ အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ချင်းတွင်းဒိုက်နမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး)ထံက သိရပါတယ်။ “ နံနက် (၈)နာရီလောက်ကစပြီး ဆားလင်းကြီးမြို့ပေါ် စကစတပ်စွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ နေရာအချို့ကို