နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တို့ နေ့တိုင်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။


ဩဂုတ်လ နောက်ဆုံးပတ်ကစပြီး အခု စက်တင်ဘာလဆန်းအထိ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ရွာ ၅ ရွာကျော်က ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရတာလို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မျက်ရဲကရင်ရွာ၊ ငထွေစုပ်ရွာ၊ ဆေးပုလဲရွာ၊ မိသ္သလင်ရွာ၊ ဗမာမျက်ရဲရွာတို့မှ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရပြီး စာသင်ကျောင်းတွေလည်း ယာယီပိတ်ထား ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ၂ ရက်တာတိုက်ပွဲအတွင်း ပဲခူတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက သစ်ချဆိပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNU ဘက်ကထုတ်ပြန်ထာားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုမြို့က ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန် ရောင်းချတာတွေကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ စစ်ဆေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၀)ရက်နေ့က အုတ်ဖိုမြို့နယ်ထဲရှိ ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန် ရောင်းချတာတွေကို ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

သာလွန်မင်းတရားကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ ဖရီဖိတ်စစ်ရေယာဉ်ကို “ သာလွန်မင်း” ဆိုပြီး စစ်ခေါင်းဆောင် အမည်ပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၅)ရက်။ မနေ့က သန်လျင်တပ်နယ်ရှိ ရေတပ်သင်္ဘာကျင်းဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ရေတပ်ရဲ့ (၇၇)နှစ်မြောက် အခမ်းအနားရဲ့ (၁၃၅)မီတာ ဖရီဂိတ်စစ်ရေယာဉ် အမည်ပေးတာနဲ့
မြန်မာသတင်း

စစ်ကိုင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၁)နာရီခွဲအချိန် စစ်ကိုင်းမြို့ တပ်မ(၃၃)ကထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Generation Z Power(Mandalay)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တပ်မ (၃၃)ကထွက်လာတဲ့ စစ်ယာဉ်တန်းကို ဖွံ့ဖြိုးရေးတက္ကသိုလ်နားမှာ
မြန်မာသတင်း

မြို့ပေါင်း (၉၀)ထက်မနည်း စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီလို့ NUG ယာယီသမ္မတပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၄)ရက်။ နိုင်ငံတဝန်းက မြို့ပေါင်း (၉၀)ထက်မနည်း စစ်ကောင်စီလက်အောက်က လွတ်မြောက်ခဲ့ပြီလို့ NUG ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့ ခရစ္စမတ်ဆုတောင်းစကားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုနှစ်ထဲ စစ်ကောင်စီရဲ့ ရှုံးနိမ့်တာ၊ ပြိုလဲတာတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီဖြစ်ကာ
မြန်မာသတင်း

လှိုင်မြို့နယ်ပကဖက Hlaing Info Media ကို အမည်ပျက်စာရင်းကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၄)ရက်။ လှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က Hlaing Info Media ကို အမည်ပျက်စာရင်း(Black List) ကြေညာလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လှိုင်မြို့နယ်ပကဖ စတင်ဖွဲ့စည်းချိန်ကစပြီး ပြည်သူတွေအတွက် ကာကွယ်ရေး၊ သတင်းမှန်ပြန်ကြားရေးနဲ့ အခြား
မြန်မာသတင်း

ချင်းပြည်ထဲ အောင်ပွဲဆင်နိုင်ခဲ့တဲ့အပေါ် ချင်းပြည်ကောင်စီက ဂုဏ်ပြုကြောင်းထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 13 Views
ဒီဇင်ဘာလ (၂၄)ရက်။ ချင်းပြည်ထဲ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေမှာ အသက်သွေးချွေး စတေးပေးဆပ် အောင်ပွဲဆင်နိုင်တဲ့အပေါ် ဂုဏ်ယူတယ်လို့ ချင်းပြည်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ ချင်းပြည်ထဲ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်ဖို့၊ အပြီးတိုက်ထုတ်နိုင်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက မြို့သိမ်းတိုက်ပွဲတွေနဲ့
မြန်မာသတင်း

ရန်ကုန် စမ်းချောင်းမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့ရှိ ဟုမ်းလမ်းဘူတာရပ်ကွက်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ပစ်ခတ်မှုဖြစ်တာက ဟုမ်းလမ်းဘူတာရပ်ကွက်ဘက်မှာဖြစ်တာ။ ‌ပစ်ခတ်ခံရတာကလဲ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ကြီးပဲ။ ထိခိုက်ဒဏ်ရာရပြီး
မြန်မာသတင်း

နွားထိုးကြီးမြို့ ဒေါင်ဘိုးရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သားတစ်ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ဒေါင်ဘိုးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ညနေ(၆)ခွဲလောက် ဒေါင်ဘိုးရွာကို စကစက လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ ပြည်သူတွေ