နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 24 ရက်

လက်တင်အမေရိက

လက်တင်အမေရိက အတွေးအမြင်ကဏ္ဍ အမေရိကန်

အမေရိကန်နှင့် ဥရောပလက်နက်ပုံတူ ယူကရိန်းလုပ် လက်နက်များနှင့် ရုရှားကို လှည့်စား

၎င်းပုံတူ လက်နက်ကြီးများကို တတ်နိုင်သမျှ မြန်မြန် ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက် တစ်ခုတည်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ လှည့်စားလက်နက်ကြီးများက ကြီးမားသည့် အောင်မြင်မှုရရှိခဲ့ကြောင်း သံမဏိကုမ္ပဏီက ကြွားလုံးထုတ်ခဲ့သည်။ ယနေ့အထိ ရုရှားစစ်တပ်က ပစ်မှတ်ထားသည့် လက်နက်အရေအတွက်သည် ရာနှင့်ချီ ရှိနေသည်။ “တပ်ဖြန့်ပြီးပြီးချင်း တိုက်ခိုက်ခံရတယ်” ဟု ၎င်းတို့က ပြောပါသည်။


လက်နက်စာရင်းတွင် ယူကရိန်းလုပ် D20 ဟော့ဗစ်ဇာအမြှောက်များ၊ အမေရိကန်လုပ် M777 အမြှောက်များ၊၊ မော်တာများ၊ လေကြောင်းရန် ကာကွယ်ရေး ရေဒါများ။ ယူကရိန်းတွင် ၎င်းတို့ကို တပ်ဖြန့်ပြီး လည်ပတ်သည့်အခါ သံမဏိကုမ္ပဏီ Metinvest သည် ပုံတူလက်နက်ကြီးများကို ထုတ်လုပ်မည် ဖြစ်သည်။ ယူကရိန်းအလယ်ပိုင်းရှိ စက်မှုဇုန်ကြီးတစ်ခု၏ ထောင့်ရှိ သေးငယ်သော ခန်းမတစ်ခုအတွင်းတွင်။ နောက်ဆုံးပေါ်နည်းပညာများ တပ်ဆင်ထားသော အမေရိကန်နှင့် ဥရောပလက်နက်များ၏ ပုံတူများကို မြင်တွေ့ရသည်မှာ ကြည့်ရှုသူများအပေါ် စွဲမက်ဖွယ်ဖြစ်စေမည်မှာ သေချာပါသည်။

စစ်ပွဲမတိုင်မီက Metinvest သည် ယူကရိန်း၏ အကြီးဆုံးသံမဏိကုမ္ပဏီ ဖြစ်သော်လည်း လက်နက်များ ထုတ်လုပ်ရာတွင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမည်မဖော်လိုသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ယနေ့ခေတ်တွင် ထုတ်လုပ်နေဆဲ တစ်ခုတည်းသော ပုံတူများသည် လှည့်ကွက်များအဖြစ် အသုံးပြုကြပြီး ၎င်းတို့သည် တကယ့်အရာနှင့် အတိအကျ တူသော်လည်း ၎င်းတို့ကို ဈေးသက်သက်သာသာနှင့် ထုတ်လုပ်နိုင်သည်။


ပုံတူလက်နက်ကြီးများသည် ရည်ရွယ်ချက် နှစ်ခုရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ ၎င်းသည် ယူကရိန်း နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းနှင့် ရုရှားစစ်တပ်အား ၎င်း၏ အလွန်စျေးကြီးသော အသေခံ မောင်းသူမဲ့လေယာဉ်များ၊ အမြောက်ကျည်များနှင့် ဒုံးကျည်များကို ဖြုန်းတီးရန် လှည့်ဖြားခြင်းပင်ဖြစ်သည်။


ဝေဟင်မှ တိုက်ခိုက်ရန် ပစ်မှတ်များဟု ထင်မြင်ယူဆရသည့် အဆိုပါ လှည့်စားလက်နက်များကို စျေးပေါသော အထပ်သားနှင့် သတ္တုဖြင့် ပြုလုပ်ထားသည်။ အထပ်သားတစ်ခုတည်းက ရုရှားစစ်တပ်ရဲ့ အပူရှာရေဒါနှင့် ဒရုန်းများကို လှည့်စားဖို့ လုံလောက်သည့် အပူကို မထုတ်ပေးနိုင်ပါ။


ကုမ္ပဏီ၏ မော်ဒယ်များသည် ရုရှားစစ်တပ်၏ ဒရုန်းများနှင့် ဒုံးကျည်များထက် သိသိသာသာ စျေးသက်သာကြောင်း ပြောရေးဆိုခွင့်ရှိသူက အလေးပေးပြောကြားခဲ့သည်။

ဥပမာအားဖြင့်၊ အမှန်တကယ် M777 ဟော့ဝစ်ဇာသည် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျသော်လည်း Metinvest ဗားရှင်းသည် ဒေါ်လာ ၁၀၀၀ အောက်သာ ကုန်ကျသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိလ္လာပိုက်ဟောင်းများကို ပြုပြင်ရုံဖြင့် ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။ သို့တိုင် ရုရှားသည် ဒရုန်းတစ်စင်းကို အစစ်အမှန်အတိုင်း ဖျက်စီးရန် ကုန်ကျစရိတ်များစွာ ကုန်ကျမည်ဖြစ်သည်။

စစ်ပွဲအစမှာ လှည့်စားလက်နက်များက လက်ရာမမြောက်ခဲ့။ သို့သော်လည်း စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ယူကရိန်းပြင်ပမှ ပိုမိုခေတ်မီသော လက်နက်များ ရောက်ရှိလာသည်နှင့်အမျှ ဖန်တီးထားသော Metinvest ပုံစံတူများသည်လည်း ပိုမိုခေတ်မီလာခဲ့သည်။

ယခုအချိန်အထိ ရာနှင့်ချီ ပျက်စီးသွားသော်လည်း စစ်တပ်၏ တောင်းဆိုမှုကို ဖြည့်ဆည်းရန် ရုန်းကန်နေရသည်ဟု ကုမ္ပဏီက ဆိုသည်။ ပြောရေးဆိုခွင့်ရှိသူက စစ်မြေပြင်ရှိ ပြည်နယ်အသီးသီးမှ လှည့်စားလက်နက်များ၏ ဓာတ်ပုံများကို တင်ပြခဲ့သည်။

Source: CNN/ ဓာတ်ပုံ / ယူကရိန်းလုပ်ခေတ်မီအနောက်တိုင်းလက်နက်းပုံတူတခုကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 21 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ ခြိမ်းခြောက်မှုများကြောင့် အီရန်က ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အစပိုင်းတွင် ငြင်းဆန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် အီရန်နှင့် အမေရိကန်တို့အကြား ကနဦးဆွေးနွေးပွဲများ ပြီးဆုံးသွားပြီး ကောင်းမွန်စွာ ပြီးမြောက်ခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများထံမှ သတင်းရရှိထားပါသည်။ သို့သော်လည်း ဆွေးနွေးပွဲများသည် ထိုနေ့အစောပိုင်းတွင် မည်ကဲ့သို့ ပျက်ပြားလုနီးပါးဖြစ်ခဲ့ရသည်ဆိုသည့် အသေးစိတ်အချက်အလက်များကို အီရန်ဘက်က ထပ်မံထုတ်ပြန်ခဲ့ပြီး၊
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏