“ အားယူထပျံ အောက်ချင်းအားမာန်” ကမ်ပိန်းကတဆင့်ရရှိတဲ့ ကျည်တချို့ကို လက်ခံရရှိပြီလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF-Mindat) က စက်တင်ဘာလ (၁၀) ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
“အားယူထပျံ အောက်ချင်းအားမာန် ကန်ပိန်းကို ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပြုလုပ်တာဖြစ်ပါတယ်။
ကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးကြတဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းနဲ့ ပြည်သူတွေရဲ့ ပါဝင်မှုကို အမြဲတမ်းကြိုဆိုလက်ခံသွားမယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF-Mindat) ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ/ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ် (CDF-Mindat) လက်ခံရရှိသော ကျည်ဆန်များနှင့် တပ်ဖွဲ့ဝင်များ။
(Chin Defence Force – Mindat)