နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့အခါ “ မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ” အပေါ် အခြေခံသင့်ကြောင်း NUG ယာယီသမ္မတပြော

လူထုကြားထဲက အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ နိုင်ငံရေး အမြော်အမြင်ကြီးမှုနဲ့ သဘောထားကြီးမှုကို အခြေခံထားပြီး တွေ့ဆုံညှိနှိုင်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာလ(၂၀)ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောဆိုခဲ့တာပါ။

FSCC ကော်မရှင်အနေနဲ့ ပြုသမျှ/ပြောသမျှ/လုပ်သမျှ ကိစ္စအားလုံးကို အမျိုးသားစည်းလုံးညီညွတ်ရေးကို အခြေခံမူထား

ပြီး လုပ်ဆောင်ရမယ်လို့ ဆိုထားပါတယ်။
စစ်ကိုင်းတိုင်းဧရိယာထဲက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့အခါ “ မိတ်ဆွေများကို ရန်သူမလုပ်ရေးမူ” အပေါ် အခြေခံသင့်တယ်လို့ ယူဆကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။


ဒါ့ပြင် KNU ဟာ နွေဦးတော်လှန်ရေးအတွက် အထူးအလေးထားရမယ့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သလို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီုနိုင်ငံသစ် တည်ဆောက်ရေးအတွက်လည်း အရေးပါတဲ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

နွေဦးတော်လှန်ရေးအတွင်းမှာ မဟာမိတ်ဆက်ဆံရေး ခိုင်မာကျစ်လစ်ရေးဟာ အထူးအရေးကြီးတဲ့ကိစ္စအဖြစ် ပါဝင်နေကာ ပုဂ္ဂိုလ်နိုင်ငံရေးတွေကို ကျော်ကြည့်ပြီး တိုင်းပြည်တည်ဆောက်ရေးသဘောတရားတွေကို ဆွေးနွေးကြဖို့ ယာယီသမ္မတက ပြောကြားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားတဦးကို စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 34 Views
ဒီဇင်ဘာလ (၃)ရက်။ နိုဝင်ဘာလ (၂၈)ရက်နေ့က Facebook messenger ကနေ ရွေးကောက်ပွဲကို ဝေဖန်ပြောဆိုတာကြောင့်ဆိုပြီး အရပ်သားအမျိုးသားတဦးကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့
မြန်မာသတင်း

ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို ပကဖတွေထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 34 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ခင်ဦးနယ်တိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေကို တိုက်နယ်ပကဖနဲ့ UG ပကဖတွေကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူစုစုပေါင်း (၄၀၀၀)ကျော်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 37 Views
ဒီဇင်ဘာလ (၃)ရက်။ ပြီးခဲ့တဲ့လကုန်အထိ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၄၂၀၀)ရှိပြီး သေဆုံးသူ (၄၄၇၀)ဦးရှိတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် (၈၇၆)ဦး
မြန်မာသတင်း

မင်းလက်ပံဒေသ ကျားဖြန့်ခြံဝင်းထဲ မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၀၀)ကျော် ကျန်ရှိနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 29 Views
ဒီဇင်ဘာလ (၃)ရက်။ မင်းလက်ပံဒေသ Shunda Park Scam Compound ထဲက မထွက်ခွာလိုတဲ့ နိုင်ငံခြားသား (၉၄၂)ဦး ကျန်ရှိနေသေးတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNU ရဲ့ မြေပြင်အကဲဖြတ်အဖွဲ့ဟာ
မြန်မာသတင်း

မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 19 Views
ဒီဇင်ဘာလ (၂)ရက်။ မြန်မာပြည်သူတွေ လွတ်လပ်မှုမရမချင်း ဘယ်တော့မှ အနားယူမှာမဟုတ်သလို ဘယ်တော့မှ အရှုံးမပေးဘူးလို့ ဒေါက်တာဆာဆာက မနေ့က ပြည်သူသို့ အသိပေးတင်ပြချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ ရှေ့ဆက်ရမယ့် ခရီးလမ်းက ရှည်လျားကြမ်းတမ်းနိုင်ပေမယ့် ညီညွတ်မှု၊ သတ္တိနဲ့
မြန်မာသတင်း

ပခုက္ကူခရိုင်အခြေစိုက် Local PDF နှစ်ဖွဲ့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 35 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ ပခုက္ကူခရိုင်အခြေစိုက် God of Myaing တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်လာတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်ဖွဲ့ (၂)ဖွဲ့ဟာ အညာမြေတပ်ပေါင်းစုထံ တရားဝင် လက်မှတ်ရေးထိုး
မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 39 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က ဝက်လက်မြို့အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဝက်လက်အရှေ့ခြမ်း နတ်မှော်ရွာထဲကို တံတားဦးတက်ကနေ ဂျက်ဖိုက်တာနဲ့ မနက် (၁၂)နာရီ (၆)မိနစ်လောက်က ပေါင်
မြန်မာသတင်း

စစ်တပ် လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 34 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဂာ အကျဉ်းထောင် (၁၁)ခုကနေ