နေပြည်တော်လေဆိပ်နဲ့ အေလာလေတပ်ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လာရောက်တိုက်ခိုက်မှာကို အာဏာသိမ်းစစ်တပ်မှ ကြောက်လန့်ပြီး လေဆိပ်လုံခြုံရေးအတွက် ဗဟိုစည်း၊ အတွင်း စည်း၊ အပြင်စည်း လုံခြုံရေး အထူးလျှို့ဝှက် တိုးမြှင့်ထားတဲ့ စာတစ်စောင် ဒီကနေ့မှာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။
လေဆိပ်လုံခြုံရေးအတွက် ဗဟိုစည်းအင်အား (၄၂) ဦး၊ အတွင်းစည်း အင်အား (၃၁) ဦး၊ အပြင်စည်း အင်အား (၈၃) ဦးနဲ့ ခြုံငုံကွပ်ကဲမှုများ အပါအဝင် လုံခြုံရေးအင်အား စုစုပေါင်း (၁၅၆) ဦး အသုံးပြုထားတယ်လို့ ပါရှိပါတယ်။
နေပြည်တော်လေဆိပ်နဲ့ အေလာလေတပ်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ဒရုန်းနဲ့ဗုံးကျဲခံရတာ၊ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာတွေ မကြာခဏ ဆိုသလို ခံနေရပြီး စစ်ဗိုလ်ချုပ်တွေက လေဆိပ်နဲ့ လေတပ်လုံခြုံရေးကို အထူးစိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
နေပြည်တော်လေဆိပ်ရဲ့ဗဟိုစည်းနဲ့ အတွင်းစည်းကို ယာယီဒုရဲမှူးကြီး စံသူက ဦးဆောင်၍လည်းကောင်း လေဆိပ်ရဲ့အပြင်စည်း လုံခြုံရေးကို ဗိုလ် မှူး သိန်းဝင်းနဲ့ လေဆိပ်တစ်ခုလုံး လုံခြုံရေးကို ရဲမှူးကြီး အောင်ဘုန်းကျော်၊ အတွင်းစည်းလုံခြုံရေးကို ဒုရဲမှူးရာမော်က ဦးဆောင်သလို ဗဟိုစည်းလုံခြုံရေး ခေါင်းဆောင်အဖြစ် ရဲမှူးဝင်းနိုင်၊ လေဆိပ်အပြင်စည်းလုံခြုံရေးအဖြစ် ဗိုလ်မှူး သိန်းဝင်းက ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။
အခုလို လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်နေတာဟာ နေပြည်တော်လေဆိပ်နဲ့ အေလာလေတပ်ကို လွန်ခဲ့တဲ့ရက်ပိုင်းတွေက ဒရုန်းအသုံးပြု ဗုံးကျဲကာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ လုပ်ဆောင်ခဲ့ခြင်းကြောင့်လို့လည်း သိရပါတယ်။