နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

နေပြည်တော်လေဆိပ်နဲ့ အေလာလေတပ်ကို လေဆိပ်လုံခြုံရေးအတွက် စည်းသုံးစည်းပါဝင်တဲ့ လျှို့ ဝှက်စာတစ်စောင် ပေါက်ကြားလာ

နေပြည်တော်လေဆိပ်နဲ့ အေလာလေတပ်ကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်‌တွေ လာရောက်တိုက်ခိုက်မှာကို အာဏာသိမ်းစစ်တပ်မှ ကြောက်လန့်ပြီး လေဆိပ်လုံခြုံရေးအတွက် ဗဟိုစည်း၊ အတွင်း စည်း၊ အပြင်စည်း လုံခြုံရေး အထူးလျှို့ဝှက် တိုးမြှင့်ထားတဲ့ စာတစ်စောင် ဒီကနေ့မှာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။


လေဆိပ်လုံခြုံရေးအတွက် ဗဟိုစည်းအင်အား (၄၂) ဦး၊ အတွင်းစည်း အင်အား (၃၁) ဦး၊ အပြင်စည်း အင်အား (၈၃) ဦးနဲ့ ခြုံငုံကွပ်ကဲမှုများ အပါအဝင် လုံခြုံရေးအင်အား စုစုပေါင်း (၁၅၆) ဦး အသုံးပြုထားတယ်လို့ ပါရှိပါတယ်။

နေပြည်တော်လေဆိပ်နဲ့ အေလာလေတပ်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ဒရုန်းနဲ့ဗုံးကျဲခံရတာ၊ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာတွေ မကြာခဏ ဆိုသလို ခံနေရပြီး စစ်ဗိုလ်ချုပ်တွေက လေဆိပ်နဲ့ လေတပ်လုံခြုံရေးကို အထူးစိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

နေပြည်တော်လေဆိပ်ရဲ့ဗဟိုစည်းနဲ့ အတွင်းစည်းကို ယာယီဒုရဲမှူးကြီး စံသူက ဦးဆောင်၍လည်းကောင်း လေဆိပ်ရဲ့အပြင်စည်း လုံခြုံရေးကို ဗိုလ် မှူး သိန်းဝင်းနဲ့ လေဆိပ်တစ်ခုလုံး လုံခြုံရေးကို ရဲမှူးကြီး အောင်ဘုန်းကျော်၊ အတွင်းစည်းလုံခြုံရေးကို ဒုရဲမှူးရာမော်က ဦးဆောင်သလို ဗဟိုစည်းလုံခြုံရေး ခေါင်းဆောင်အဖြစ် ရဲမှူးဝင်းနိုင်၊ လေဆိပ်အပြင်စည်းလုံခြုံရေးအဖြစ် ဗိုလ်မှူး သိန်းဝင်းက ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

အခုလို လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်နေတာဟာ နေပြည်တော်လေဆိပ်နဲ့ အေလာလေတပ်ကို လွန်ခဲ့တဲ့ရက်ပိုင်းတွေက ဒရုန်းအသုံးပြု ဗုံးကျဲကာ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ လုပ်ဆောင်ခဲ့ခြင်း​ကြောင့်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက ဗုံးအလုံး(၄၀)ခန့် ကြဲချတိုက်ခိုက်၊ ‌ဒေသခံတစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 1 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၃)နာရီဝန်းကျင်ခန့်က ဖယ်ခုံမြိုအနောက်ခြမ်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ (၄၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)လမ်းမကြီးမှာ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး (၃)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီ (၁၄)မိနစ်အချိန်က ရေးမြို့ အမှတ်(၈)လမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးရဲ့ ပြောဆိုထားချက်‌အရ
မြန်မာသတင်း

ဧည့်တွေ့ခွင့်ပိတ်ထားတဲ့ ရွှေဘိုထောင်မှာ မိနစ်(၃၀)ကို (၃)သိန်းကျပ်ပေးမှ ဧည့်တွေ့ခွင့်ရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 2 Views
ဒီဇင်ဘာလ (၃)ရက်။ ရွှေဘိုအကျဉ်းထောင်မှာ မိနစ်(၃၀)ကို ငွေကျပ် (၃)သိန်းခန့်ပေးနိုင်တဲ့သူတွေဟာ ဧည့်တွေ့ခွင့်ရနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်‌ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွှေဘိုထောင်မှာ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့ ‌ဧည့်တွေ့ခွင့်ကို လုံခြုံရေးအကြောင်းပြပြီး အခုနှစ် ဇွန်လပိုင်းကစတင်ကာ ပိတ်ပင်ထားပြီး
မြန်မာသတင်း

နေပြည်တော်မှာ ယာဉ်တိုက်မှုဖြစ်ပြီး စစ်ကောင်စီဒုရဲအုပ်တစ်ဦးသေဆုံးကာ ရဲ (၁၇)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ မနေ့က ည(၇)နာရီအချိန် နေပြည်တော်မှာ စစ်ကောင်စီရဲ‌တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကားတစ်စီးနဲ့ အရပ်သားကားတစ်စီးတို့ တိုက်မိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Foton အပြာရောင်ကားဟာ ရွှေပြည်တော်ဝင်လမ်းအတိုင်း မောင်းနှင်လာချိန် သဇင်လမ်းဘက်ကနေ အမျိုးသမီးတစ်ဦးမောင်းနှင်လာတဲ့
မြန်မာသတင်း

မော်လမြိုင်ကျွန်းမြို့မှာ ဧည့်စာရင်းအကြောင်းပြပြီး NLD လူငယ် (၄)ဦးကို စစ်ကောင်စီဖမ်းဆီး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့မှာ ဧည့်စာရင်းအကြောင်းပြပြီး NLD တက်ကြွလှုပ်ရှားလူငယ် (၄)ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဖမ်းတာက နိုဝင်ဘာ (၁၂)ရက်နေ့ ညပိုင်းလောက် ရပ်ကွက်တွေထဲကို
မြန်မာသတင်း

ထိုင်းငါးဖမ်းစက်လှေတွေ နိုင်ငံပိုင်နက်ထဲ ဝင်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးတာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 6 Views
ဒီဇင်ဘာလ (၃)ရက်။ ထိုင်းငါးဖမ်းစက်လှေဟာ နိုင်ငံရေပိုင်နက်ထဲ ဝင်ရောက်လာတာကြောင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ ထိုင်းငါးဖမ်းစက်လှေတွေကို ထိုင်းနိုင်ငံရေပြင်ထဲ ဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာမဟုတ်ပါဘူး၊ မြန်မာနိုင်ငံ ရေပိုင်နက်ထဲ
မြန်မာသတင်း

အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ CDM တပ်သားတစ်ဦး ကျဆုံးခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 3 Views
ဒီဇင်ဘာလ (၂)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်က အင်းစိန်ထောင်ထဲ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦး ကျဆုံးခဲ့ရတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ အင်းစိန်ထောင်ကို ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနဲ့
1027 Operations မြန်မာသတင်း

တအာင်းဒေသထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးပြီး (၇၀)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 6 Views
ဒီဇင်ဘာလ (၂)ရက်။ နိုဝင်ဘာလထဲ တအာင်းဒေသကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ (၃၈)ဦးသေဆုံးခဲ့ပြီး (၇၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တအာင်းဒေသက TNLA ထိန်းချုပ်ထားတဲ့