နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

စစ်ပွဲစတင်ကတည်းက ဂါဇာကို ဗုံး ၆၀၀၀ ကြဲချခဲ့တယ်လို့ အစ္စရေးစစ်တပ်ပြော – ဂါဇာမှာ ကလေးငယ် ၅၀၀၊ အမျိုးသမီး ၂၇၆ ဦး အပါအဝင် ၁၅၇၃ ဦး သေဆုံး။

ဂါဇာမှာ စစ်မဲ့ဇုန်များ ထူထောင်ပြီး အကူအညီပေးရေး နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှူးချုပ်က တောင်းဆို။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်၊ ဂါဇာ။


အစ္စရေး-ဟားမတ်စ်စစ်ပွဲ စတင်ကတည်းက ဂါဇာကမ်းမြောင်ဒေသမှာ ဗုံး ၆၀၀၀ ကြဲချခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ အစ္စရေးက ဟားမတ်စ်ပစ်မှတ်တွေကိုသာ တိုက်ခိုက်နေတယ်လို့ ပြောနေချိန်မှာပဲ တုန်လှုပ်ချောက်ချားနေတဲ့ ဂါဇာမှာတော့ အရပ်သားအများအပြား သေဆုံးခဲ့ပါတယ်။ ဆေးရုံတွေနဲ့ ကုလသမဂ္ဂ အဆောက်အအုံတွေဟာ ထိခိုက်ခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေမှာ ပါလက်စတိုင်း မိသားစုတစ်ခုလုံး သေဆုံးခဲ့တာတွေလည်း ရှိနေပါတယ်။ မိသားစု ၂၂ စုလုံး သေဆုံးခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောကြားခဲ့သည်။ မြောက်ပိုင်း ဂျာဘာလီယာမှာ ကြာသပတေးနေ့က လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ မိသားစုဝင် ၄၄ ဦး သေဆုံးခဲ့ပြီး ခြောက်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ (၁၂) ရက်နေ့က ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးရဲ့ တိုက်ခိုက်မှုအရ ဂါဇာဒေသမှာ စုစုပေါင်း ၁၅၇၃ ဦး သေဆုံးသွားခဲ့ပြီး အဲ့ဒီထဲမှာ ကလေးငယ် ၅၀၀ ပါဝင်ပြီး ၂၇၆ ဦးက အမျိုးသမီးတွေ ဖြစ်တယ်လို့ သိရှိရပါတယ်။

ဟားမတ်စ်အဖွဲ့က ဂါဇာမြေပြင်အတွင်းကို ကျူးကျော်ဝင်ရောက်မှု မပြုလုပ်ရန် အစ္စရေးကို သတိပေး

ဟားမတ်စ်အဖွဲ့က ဂါဇာမြေပြင်အတွင်းကို ကျူးကျော်ဝင်ရောက်မှု မပြုလုပ်ရန် သတိပေးထားပြီး အစ္စရေးစစ်တပ်အတွက် ဘေးအန္တရာယ် ဖြစ်စေမယ်လို့ ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ကျူးကျော် ဝင်ရောက်လာပါက အစ္စရေးစစ်တပ်အတွက် ကပ်ဘေး ဖြစ်နိုင်တယ်လို့ ဟားမတ်စ်အဆင့်မြင့်အရာရှိတစ်ဦးက ကြာသပတေးနေ့မှာ သတိပေးခဲ့ပါတယ်။
“ရန်သူလုပ်ဆောင်မှုတိုင်းအတွက် ကျွန်တော်တို့မှာ အစီအစဉ်ရှိပါတယ်” လို့ ဟားမတ်စ် နိုင်ငံရေးဗျူရို လက်ထောက်အကြီးအကဲ ဆာလက်အယ်အာအူရီ (Saleh Al-Arouri) က ပြောကြားခဲ့ပါတယ်။ အစ္စရေး ကာကွယ်ရေး အရာရှိတွေက မြေပြင်ကနေ ဝင်ရောက်တတိုက်ခိုက်ဖို့ အမိန့်မပေးသေးပေမဲ့ ဖြစ်နိုင်ခြေအတွက် စီစဉ်နေပါတယ်။ ကြိုတင်ပြင်ဆင်မှုမှာ အရန်တပ်သား ၃၀၀,၀၀၀ ကျော်ကို အစ္စရေးတပ်မတော်က ခေါ်ယူထားပါတယ်။


ဂါဇာမှာ စစ်မဲ့ဇုန်များ ထူထောင်ပြီး အကူအညီပေးရေး နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှူးချုပ်က တောင်းဆို။

နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှူးချုပ် ဂျန်အီဂယ်လန် (Jan Egeland) က ပြီးခဲ့တဲ့ သီတင်းပတ်က ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးရဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုတွေအကြားမှာ ဂါဇာတွင် စစ်မဲ့ဇုန်များ ထူထောင်ရန် တောင်းဆိုခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတွင် ပိတ်မိနေတဲ့ အရပ်သားများအတွက် အရေးပေါ် အသက်ကယ် ထောက်ပံ့မှု လိုအပ်ကြောင်း ယခင်က တွစ်တာဟု လူသိများတဲ့ လူမှုကွန်ရက်စာမျက်နှာ X မှာ ကြာသပတေးနေ့က ရေးသားခဲ့ပါတယ်။
“ထိန်းချုပ်ထားတာတွေကို ဖွင့်ပေးရမယ်၊ ဂါဇာကမ်းမြောင် ဒေသအတွင်း သတ်မှတ်ထားတဲ့၊ လုံခြုံပြီး စစ်မဲ့ဇုန်များအားလုံးကို ပါဝင်ပတ်သက်သူအားလုံးက လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။” နော်ဝေဒုက္ခသည်ကောင်စီ အတွင်းရေးမှူးချုပ် ဂျန်အီဂယ်လန်က နှစ်ဖက်စလုံးမှ ဖမ်းဆီးထားသည့် အရပ်သားအားလုံးကို လွှတ်ပေးရန်နဲ့ “ကလေးငယ်များ၊ မွေးကင်းစကလေးမိခင်များ၊ ဒဏ်ရာရရှိသူတွေနဲ့ ဖျားနာနေသူတွေကို ချက်ခြင်းပြန်လွှတ်ပေးရန်” ကိုလည်း တောင်းဆိုခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ကူညီဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားပါတယ်။


ဓာတ်ပုံအညွှန်း။


၁။ ဂါဇာကမ်းမြောင်းရှိ Al-Shati ဒုက္ခသည်စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုမှာ ဒဏ်ရာရရှိထားသည့် ပါလက်စတိုင်း ကလေးငယ်တစ်ဦး/ Ali Jadallah/Anadolu Agency/Getty Images
၂။ နော်ဝေဒုက္ခသည်ကောင်စီအတွင်းရေးမှူးချုပ် ဂျန်အီဂယ်လန် (Jan Egeland)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 32 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 37 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက