နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက ပါရှန်းပင်လယ်ကွေ့အတွင်း ပိတ်မိနေသည့် ထောင်နှင့် ချီသော သင်္ဘောသားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမည့် လုပ်ငန်းစဉ်ကို မဖြစ်မနေ ယာယီရပ်ဆိုင်းလိုက်ရသည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အမေရိကန်အရာရှိက အသေးစိတ်အချက် အလက်များ ကို ထပ်မံထုတ်ဖော်ပြောကြားခြင်း မရှိပေ။ အီရန်နိုင်ငံဘက်ကလည်း ၎င်းတို့လက်ချက် ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံထားခြင်း မရှိသေးပါ။

ဗြိတိန် ရေကြောင်းကုန်သွယ်မှု လုပ်ငန်းစု (United Kingdom Maritime Trade Operations) က ကြာသပတေးနေ့တွင် ပြောကြားရာ၌ ကုန်တင်သင်္ဘောတစ်စီး၏ ညာဘက်နံဘေးကို မသိရသေးသည့် ပစ်ခတ်မှုတစ်ခုက ထိမှန်ခဲ့ပြီး သင်္ဘော၏ ကွပ်ကဲမှုခန်းမ (Bridge) ပျက်စီး သွားကြောင်း သိရသည်။ သင်္ဘောကပ္ပတိန်၏ အကြောင်းကြားချက်အရ ထိခိုက်ဒဏ်ရာရသူ မရှိသလို ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုလည်း မရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး၊ ရေယာဉ်များ အနေဖြင့် သတိထား မောင်းနှင်ကြရန်နှင့် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို သတင်းပို့ကြရန် သတိပေးထားသည်။

စီအန်အန်အနေဖြင့် မှတ်ချက်ပေးချက်ရရှိရန် အိမ်ဖြူတော်သို့ ဆက်သွယ်ထားသည်။
ယခုကဲ့သို့ ရွှေ့ပြောင်းရေးလုပ်ငန်းစဉ် ယာယီရပ်ဆိုင်းသွားခြင်းသည် ပါရှန်းပင်လယ်ကွေ့ ဒေသတွင် ပိတ်မိနေသည့် သင်္ဘောသား ၁၁,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင် ရန် အမေရိကန်နှင့် အီရန်တို့အကြား သဘောတူညီချက်ရရှိထားပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) က ပြောကြားပြီး ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“IMO ရဲ့ ဘေးလွတ်ရာရွှေ့ပြောင်းရေး အစီအစဉ်ကို စတင်ခဲ့ပြီးနောက် ရေယာဉ်အချို့ကို အောင်အောင်မြင်မြင် ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ ရွှေ့ပြောင်း ရေးစာရင်းမှာ ပါဝင်တဲ့ သင်္ဘောတွေနဲ့ ဒီဒေသတွင်းက လူအားလုံးအတွက် လိုအပ်တဲ့ ဘေးကင်းလုံခြုံမှု အာမခံချက်တွေ ဆက်ရှိနေသေးရဲ့လားဆိုတာ ပြန်လည်အတည်ပြုဖို့ အတွက် ဒီအစီအစဉ်ကို ယာယီရပ်ဆိုင်းထားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်” ဟု IMO အထွေထွေအတွင်းရေးမှူးချုပ် အာဆီနီယို ဒိုမင်ဂွက်ဇ် (Arsenio Dominguez) က ထုတ်ပြန် ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခဲ့သည့် ရေယာဉ်တစ်စီးသည် ကြာသပတေးနေ့က အိုမန်ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံခဲ့ရကြောင်း မိမိကို အကြောင်းကြားထားသည်ဟု ၎င်းက ဆိုကာ၊ အဆိုပါသင်္ဘောသည် IMO ၏ ရွှေ့ပြောင်းရေးအစီအစဉ်အောက်တွင် မောင်းနှင် နေခြင်း မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“သင်္ဘောသားတွေရဲ့ ဘေးကင်းလုံခြုံရေးက အမြဲတမ်း အရေးကြီးဆုံးပဲဆိုတာကို ကျွန်တော် အမြဲတမ်း ထပ်တလဲလဲ ပြောခဲ့ပါတယ်။ ဒါကြောင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရေကြောင်းဘေးကင်းလုံခြုံရေး သေချာစေဖို့အတွက် ပိုမိုရှင်းလင်းတဲ့ အခြေအနေကို မသိရမချင်း ရွှေ့ပြောင်းရေးအစီအစဉ်ကို ယာယီရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်” ဟု ဒိုမင်ဂွက်ဇ်က ပြောသည်။

ကြာသပတေးနေ့သည် ကမ္ဘာ့သင်္ဘောသားများနေ့ (Day of the Seafarer) ဖြစ်ကြောင်း ဒိုမင်ဂွက်ဇ်က ထောက်ပြခဲ့ပြီး၊ “ပါရှန်းပင်လယ်ကွေ့မှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ သင်္ဘောသားတွေ” ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကြိုးပမ်းမှုများသည် ယခုကဲ့သို့ “ပထဝီနိုင်ငံရေး ပဋိပက္ခကြားမှာ အလကားနေရင်း သားကောင်တွေ” ဖြစ်မသွားစေဘဲ ဘေးကင်းလုံခြုံစွာ ဆက်လက်လုပ်ဆောင်နိုင်ရန် လိုအပ်နေကြောင်းကို ယခုအချိန်အခါက မီးမောင်းထိုးပြနေသည်ဟု ဆိုသည်။

အီရန်နိုင်ငံ၏ ပါရှန်းပင်လယ်ကွေ့ ရေကြောင်းလမ်းစီမံခန့်ခွဲရေးအဖွဲ့ (Persian Gulf Seaways Management Organization) က ကြာသပတေးနေ့တွင် ပြောကြားရာ၌ ၎င်းတို့ သတ်မှတ် ထားသည့် လမ်းကြောင်းများအပြင်ဘက်မှ သွားလာနေသည့် ရေယာဉ်များကို ဘေးကင်း လုံခြုံစွာ ဖြတ်သန်းနိုင်ရန် အာမခံချက်ပေးမည် မဟုတ်ကြောင်းနှင့် အာမခံ သို့မဟုတ် သက်ဆိုင်ရာ တာဝန်ယူမှုများတွင် အကျုံးဝင်မည်မဟုတ်ကြောင်း ပြောဆိုသည်။

“ခွင့်မပြုထားတဲ့ လမ်းကြောင်းတွေကနေ သွားလာခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သင်္ဘောပိုင်ရှင်၊ လုပ်ငန်းလုပ်ကိုင်သူနဲ့ သင်္ဘောကပ္ပတိန်တို့ကသာ တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟု X လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ ပို့စ်တစ်ခုတွင် ဖြည့်စွက်ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် အီရန်နှင့်ရရှိထားသည့် သဘောတူညီချက်ကို အယုံအကြည်မရှိဆုံးဖြစ်နိုင်ခြေရှိသည့် ပင်လယ်ကွေ့ဒေသတွင်း သုံးနိုင်ငံသို့ သွားရောက်ကာ နားချရန် ရောက်ရှိနေစဉ် ယခုဖြစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်နိုင်ငံသည် စတင်ရက်သတ္တပတ်ကုန်ပိုင်းက အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) ၏ တရားဝင်စာသားကို ထုတ်ပြန်ခဲ့သည်။

အမေရိကန် အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက အချက် ၁၄ ချက်ပါဝင်သည့် အဆိုပါ စာရွက်စာတမ်းကို ဖတ်ကြားပြခဲ့ပြီး၊ ၎င်းတွင် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး၊ အီရန်အပေါ် ချမှတ်ထားသည့် အချို့သော ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချ ပေးရေးနှင့် နောင်လာမည့် နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲများတွင် အီရန်၏ နျူကလီးယား အစီအစဉ်ကို ကိုင်တွယ်ဖြေရှင်းရန် မျှော်မှန်းချက်များ ပါဝင်သည်။

တိုက်ပွဲများကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားပြီးနောက် အမေရိကန် ရေနံစျေးနှုန်း များ အပြင်းအထန် မြင့်တက်ခဲ့သော်လည်း၊ ယခုအခါ အီရန်စစ်ပွဲ စတင်ကတည်းက အနိမ့်ဆုံး အဆင့်သို့ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သည်။

ကြာသပတေးနေ့က အိုမန်နိုင်ငံ၊ မူဆန်ဒမ်မှ မြင်တွေ့ရသည့် ဟော်မုဇ်ရေလက်ကြားရှိ ရေယာဉ်များ။ စထရင်ဂျာ/ရိုက်တာ (ပုံ)

Vessels at the Strait of Hormuz, as seen from Musandam, Oman, on Thursday.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 80 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 73 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 70 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ