နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

ပါလက်စတိုင်း ခရစ်ယန်လူမျိုးအယ်လ်ဂျာဇီးရား သတင်းထောက် အသတ်ခံရမှုမှာ တာဝန်ရှိတဲ့ အစ္စရေးတပ်မှူးကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကုလ ထုတ်ဖော်ပြော

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်။

မနှစ်က အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း-အမေရိကန် သတင်းထောက် ရှီရင်း အဘူအာကလက် (Shireen Abu Akleh) ကို သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်လို့ ယူဆရတဲ့ အစ္စရေး တပ်မှူးနဲ့ စစ်တပ်ဖွဲ့ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ကော်မရှင်က ပြောပါတယ်။

ရှီရင်းအဘူအာကလက်ဟာ အတွေ့အကြုံရှိပြီး လေးစားဖွယ်ကောင်းတဲ့ အယ်လ်ဂျာဇီးရားသတင်းဌာနရဲ့ သတင်းထောက်တစ်ဦးဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ မေလတွင် ဂျန်နင်း (Jenin) မြို့တွင် စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်နေသော အစ္စရေးတပ်ဖွဲ့တွေရဲ့ မနက်အစောပိုင်းက ဝင်ရောက်စီးနင်းမှုမှာ သတင်းပို့နေစဉ် သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

အရှေ့ဂျေရုဆလင်နှင့် အစ္စရေးတို့အပါအဝင် သိမ်းပိုက်ခံရတဲ့ ပါလက်စတိုင်းနယ်မြေဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ နာဗီပီလေ (Navi Pillay) က စုံစမ်းစစ်ဆေးမှုမှာ အစ္စရေးလုံခြုံရေး တပ်ဖွဲ့များက နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအောက်မှာ အကြောင်းပြချက်မရှိဘဲ လူသတ်အင်အားသုံးပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ရှီရင်းအဘူအာကလက် ရဲ့ အသက်ရှင်သန်ခွင့်ကို မဆင်မခြင် ချိုးဖောက်သတ်ဖြတ်ခဲ့တာဖြစ်တယ်” ဆိုပါတယ်။

မှုခင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနဲ့ ကျွမ်းကျင်သူများ၏ ထွက်ဆိုချက်များ အရ ကော်မရှင်ဟာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ ဒူဗ်ဒီဗန် (Duvdevan) ယူနစ်က တပ်ဖွဲ့ဝင်တစ်ဦးက ပတ်သတ်ခဲ့တာကို ယုံကြည်ကြောင်း ကော်မရှင် မှ ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ တပ်မှူးကို နာမည်မတပ်ထားပေမယ့် ကျနော်တို့မှာ အဲဒီအချက်အလက်တွေ ရှိတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။ မေလမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ရှီရင်းအဘူအာကလက် သေဆုံးမှုအတွက် တောင်းပန်ခဲ့ပြီး သူမဟာ အစ္စရေးစစ်သားတစ်ဦးက ပစ်သတ်နိုင်ခြေ မြင့်မားတယ်လို့ မမန်နှစ်က ဝန်ခံခဲ့ပါတယ်။

တွေ့ရှိချက်များအရ- ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုမှာ သိမ်းပိုက်ခံထားရတဲ့ အနောက်ဘက်ကမ်းရှိ လက်နက်ကိုင် ပါလက်စတိုင်းအဖွဲ့တွေကို ပစ်မှတ်ထားပြီး အစ္စရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ တိုးမြင့်လာနေတာကို သတိပြုမိကြောင်းနဲ့ တချို့စစ်ဆင်ရေးများမှာ မလိုလားအပ်တဲ့ လုပ်ဆောင်မှုများနဲ့ အလွန်အကျွံ အင်အားသုံးစွဲခဲ့ကြောင်း Pillay က ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ ကြီးမားတဲ့ စီးနင်းမှုတွေကို တရားဥပဒေစိုးမိုးရေးအတွက် စစ်ဆင်ရေးများထက် စစ်ရေးအရ သဘောထားပြီး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ “နိုင်ငံတကာ ဥပဒေသတ်မှတ်ချက်ထက် ပိုမိုလုပ်ဆောင်ခြင်းဖြင့် ချိုးဖောက်ကျင့်သုံးခြင်း” ဖြစ်တယ်လို့လည်း သူမက ပြောကြားခဲ့ပါတယ်။

အစ္စရေးကတော့ သူတို့ကို တိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အနောက်ဘက်ကမ်းရှိ အကြမ်းဖက်အဖွဲ့တွေကို ပစ်မှတ်ထားပြီး လုပ်ဆောင်နေတယ်လို့ အခိုင်အမာပြောဆိုပြီး နိုင်ငံတကာ ဥပဒေနှင့်အညီ အမြဲလုပ်ဆောင်နေတယ်လို့ ပြန်လည်ခြေပခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ
နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းသို့ စေလွှတ်မည့် မည်သည့် နိုင်ငံခြားတပ်ဖွဲ့ဝင်မဆို “ တရားဝင် ပစ်မှတ်များ” ဖြစ်လာမည်ဟု ရုရှားသတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 42 Views
CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ၈ရက် ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိလာပါက တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု ပြင်သစ်နှင့် ဗြိတိန်တို့က ကတိပြုပြီးနောက်၊ ယူကရိန်းရှိ အနောက်အုပ်စု တပ်ဖွဲ့များသည် “ တရားဝင် ပစ်မှတ်များ” ဖြစ်သည်ဆိုသည့် သူတို့၏
ဂျပန် နိုင်ငံတကာသတင်း ဥရောပ

မျက်မှန်အပြောင်းအလဲလုပ်စရာမလို အလိုအလျှောက်ကြည်လင်သောအမြင်ကို ချိန်ညှိပေး မည့်အနာဂါတ်မျက်မှန်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 29 Views
CNN -၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၇ ရက် ဖင်လန်နိုင်ငံအခြေစိုက် မျက်မှန်ကုမ္ပဏီဖြစ်သော IXI သည် သာမန်မျက်မှန်များနှင့် ပုံစံတူ သော်လည်း တပ်ဆင်သူ၏ လိုအပ်ချက်ပေါ်မူတည်၍ အမြင်အာရုံကို အလိုအလျောက် ချိန်ညှိပေးနိုင်သည့် “Autofocus” စမတ်မျက်မှန်များကို မိတ်ဆက်ရန် ပြင်ဆင်နေပါသည်။
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများ သိသိသာသာ ဆုတ်ယုတ်လာနေပြီး နေတန်ယာဟု၏ လက်ယာစွန်းအစိုးရကြောင့်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ ပြစ်တင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျန်နဝါရီလ ၂ရက် ဂျေရုဆလင်မြို့ ။ ၎င်းတို့ကိုယ်ကို “ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးများ” (Women in Red) ဟု ခေါ်ဆိုကြသည်။ ဂါဇာစစ်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် အစ္စရေးအစိုးရကို တိတ်ဆိတ်စွာ ဆန္ဒပြသည့်အနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဆန္ဒပြသူများကို ကာကွယ်ရန် အမေရိကန်တွင် ‘အသင့်ပြင်ထားပြီးဖြစ်သည်’ ဟု ထရမ့်ပြောကြားသော်လည်း တပ်ဖြန့်မှုပမာဏ သိသိသာသာ ပြောင်းလဲခြင်းမရှိသေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 43 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် အီရန်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပါက အမေရိကန်က အင်အားသုံး ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ နံနက် အစောပိုင်းတွင် Truth Social မှတစ်ဆင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 67 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးနှင့် ထရမ့်တို့ မတွေ့ဆုံမီ ရုရှားက ယူကရိန်းကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 65 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၂၇ရက်  (ရိုက်တာ) — ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက လေးနှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော စစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အရေးပါသော တွေ့ဆုံမှု မပြုလုပ်မီ စနေနေ့တွင် ရုရှားက