ဇွန်လ (၂၄)ရက်။
ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီတပ်ပြေးတွေကို စစ်ကောင်စီဘက်က လိုက်လံဖမ်းဆီးနေပြီး ပြန်ဖမ်းမိတဲ့ တပ်သားတွေကို ရိုက်နှက်နှိပ်စက်ကာ ကတုံးတုံးပြီး အပြစ်ပေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
နောက်ပြီး တိုက်ပွဲထဲ စိတ်ဓါတ်ပျက်ပြားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေရင်မျှော်ဆရာတော်ရဲ့ သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ယူဆောင်ကိုးကွယ်နေကြရတယ်လို့ သူက ဆက်ပြောပါတယ်။
အခုအခါ ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်ကောင်စီတပ်ရဲ့ စစ်ဗိုလ်၊ အရာခံဗိုလ်နဲ့ တပ်သားတွေအကြား ယုံကြည်မှုမရှိတော့ဘဲ စိတ်ဝမ်းကွဲတာတွေ ပြင်းထန်နေပြီး တပ်ပျက်မတတ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ လေကြောင်းအသုံးပြုပြီး အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို နေ့တိုင်းဗုံးကြဲနေပေမယ့် တဖက်မှာလဲ သူတို့လုပ်တာမဟုတ်ဘူးဆိုပြီး လိမ်လည်ဝါဒဖြန့်နေတာပါ။
အခုလတ်တလော ပျံ့နှံ့နေတဲ့ စစ်ကောင်စီတပ်သားတဦး လည်ပင်းဖြတ်ခံရပြီး စကားမပြောနိုင်ဖြစ်နေတဲ့ ဖြစ်စဉ်ကိုလဲ PDF တွေ လုပ်တာဆိုပြီး သတင်းအမှားတွေ ထုတ်လွှင့်နေတယ်လို့ သိရပါတယ်။






