နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

Japan News

Japan News

၃၅ မီလီမီတာ အရွယ်ရှိ ပိုးဖလံကြောင့် ရှင်ကန်းဆန်ကျည်ဆံရထား ထွက်ခွာချိန် ၁၄ မိနစ် နောက်ကျ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ ခေတ်မျက်လုံး။

အောက်တိုဘာလ (၂၇) ရက်နေ့ မနက် ၆ နာရီ မိနစ် ၅၀ နာရီမှာ ဂျပန်နိုင်ငံ နာဂိုယာဘူတာမှ တိုကျိုဘူတာကို ထွက်ခွာရန် ပြင်ဆင်နေချိန်မှာ Kodama 702 ရှင်ကန်းဆန်ရထားတွဲတခုအတွင်းမှာ ပိုးကောင်တစ်ကောင်ကို ရထားယာဉ်မောင်းက တွေ့ရှိခဲ့ပါတယ်။

အဒီ ရှင်ကန်းဆန်ရထားဟာ နာဂိုယာဘူတာကို မနက် ၇ နာရီ ၃၈ မိနစ်တွင် ထွက်ခွာပြီး တိုကျိုဘူတာကို မနက် ၁၀ နာရီ ၁၈ မိနစ်တွင် ဆိုက်ရောက်မှာ ဖြစ်ပါတယ်။

ခန့်မှန်းခြေ ၃၅ မီလီမီတာ အရွယ်အစားရှိ ပိုးဖလံနဲ့ ဆင်တူတဲ့အင်းဆက်ပိုးကို TR တိုးကိုက်ဝန်ထမ်းတစ်ဦးက ဖမ်းမိခဲ့ပါတယ်။

ပိုးကောင်ဖမ်းရာမှာ အချိန်အနည်းငယ် ကြာမြင့်မယ်လို့ မျှော်လင့်ထားတဲ့အတွက် JR တိုးကိုက်ကုမ္ပဏီဟာ တခြားရှင်ကန်ဆန်ရထားနဲ့ အခု အသုံးပြုဖို့ စီစဉ်ထားတဲ့ ရှင်ကန်ဆန်ရထားကို အစားထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

TR တိုးကိုက်ဘက်က “ ရထားစီးခရီးသည်တွေ သက်တောင့်သက်သာရှိမှုကို အဟန့်အတား ဖြစ်စေနိုင်တဲ့အတွက် ရှင်ကန်ဆန်ရထားကို အစားထိုးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

ဒဲ့ဒီအတွက်ကြောင့် ရှင်ကန်ဆန်ရထားဟာ နာဂိုယာဘူတာကနေ ထွက်ခွာရာမှာ ၁၄ မိနစ် နောက်ကျခဲ့ရပါတယ်။

ဂျပန်နိုင်ငံမှာ ရထားတွေဟာ အချိန်တိကျ၊မှန်ကန်တယ်လို့ ကမ္ဘာမှာလည်း ကျော်ကြားပါတယ်။ ယာဉ်မောင်းတွေဟာ ရထားတွေ အချိန်အတိအကျ ထွက်နိုင်ဖို့မိနစ်နဲ့ အလုပ်လုပ်တာ မဟုတ်ဘဲ စက္ကန့်နဲ့ အလုပ်လုပ်ရတယ်လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Japan News ဂျပန် နိုင်ငံတကာသတင်း

ငလျင်ဘေးသင့်ပြီးတစ်ပတ်အကြာ ဂျပန်နိုင်ငံရဲ့အခြေအနေ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 66 Views
ဂျပန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ ကြီးမားတဲ့ငလျင်ကြီး လှုပ်ခတ်ပြီးတစ်ပတ်ကြာတဲ့အထိ ထောင်နဲ့ချီတဲ့ ဒေသခံ​တွေဟာ ရေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုရင်ဆိုင်နေကြရသလို ပြန်လည်တည်ဆောက်ရေး အစီအစဉ်တွေ ဘယ်အချိန်စမလဲဆိုတာကိုလည်း မသိကြရသေးပါဘူး။
Japan News ဂျပန်

ဂျပန်နိုင်ငံ ဟာနေဒါလေဆိပ်မှာ ဂျပန်လေကြောင်းလိုင်းနှင့် ဂျပန်ကမ်းခြစောင့်တပ်လေယာဉ်နှစ်စီးတိုက်မိ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 68 Views
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်၊ တိုကျို။ ဂျပန်နိုင်ငံ ဟာနေဒါလေဆိပ်တွင် ဂျပန်ရုပ်မြင်သံကြားကင်မရာမှ ဗီဒီယိုဖိုင်တွင် လေဆိပ်ပြေးလမ်းအနီးတွင် မီးလောင်မှု
Japan News ဂျပန် နိုင်ငံတကာသတင်း

ဂျပန်မှာ ငါးတွေ အများအပြား သေဆုံးပြီး ကမ်းခြေမှာ လာရောက်သောင်တင်

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 148 Views
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်၊ တိုကျို။ ဂျပန်နိုင်ငံ၌ မကြာသေးမီရက်များအတွင်းက ‌သေဆုံးနေသော ငါးသေတ္တာ(ဆာဒင်း) ငါးများနှင့် မက်ကရယ်ငါးများ ဂျပန့်မြောက်ဘက်စွန်းရှိ ဟိုကိုင်းဒိုး ဟာကိုးဒါတေကမ်းခြေတွင် မျောပါသောင်တင်လာခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ဟောင်ကောင်သတင်းစာ South China