နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်

Hamas-Israel Conflict

Hamas-Israel Conflict အရှေ့အလယ်ပိုင်း

CNN သတင်းထောက်များက အစ္စရေး-ဂါဇာနယ်စပ်အနီးတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းပြော

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်။

အောက်တိုဘာ (၂၈) ရက်က အစ္စရေးနိုင်ငံ၊ Sderot မှ မြင်တွေ့ရသည့် မိုးကုပ်စက်ဝိုင်းပေါ်ရှိ အလင်းတန်းများကို ဗီဒီယိုတစ်ခုတွင် တွေ့မြင်ရသည်။ CNN အစ္စရေးနိုင်ငံ၊ Sderot ရှိ မြေပြင်ရှိ CNN အဖွဲ့၏ ပြောကြားချက်အရ ဂါဇာကမ်းမြောင်ဒေသသို့ စနေနေ့က ကောင်းကင်ယံ၌ ဂျက်တိုက်လေယဉ်များပျံသန်းနေပြီး ကြီးမားသော အလင်းတန်းများ မြင်တွေ့ရသည် မိုးကုပ်စက်ဝိုင်းတွင် မြင်တွေ့ရသည့် ကြီးမားသော အလင်းတန်းများကို ကောင်းကင်တွင် မြင်ရပြီး ပြင်းထန်တဲ့ ပေါက်ကွဲသံများလည်း ကြားရသည်ဟု ဆိုသည်။

“ ဒီနေ့ ပြင်းထန်စွာ ပေါက်ကွဲမှုတွေဖြစ်နေတယ်။ မနေ့ညကလည်း ပြင်းထန်တယ်၊ လှုပ်ရှားမှုတွေလည်း ရှုပ်ရှက်ခတ်နေခဲ့တယ်။ ဒီနေ့ညမှာတော့ အဲဒီကနေ တစ်ဆင့်ပိုတက်သွားပုံရတယ်” ဟု CNN မှ နစ်ရော်ဘတ်ဆန် (Nic Robertson) က ည ၁၁ နာရီဝန်းကျင်တွင် တိုက်ရိုက်သတင်းပေးပို့ချက်တွင် ပြောကြားခဲ့သည်။

လေကြောင်း တိုက်ခိုက်မှုများကြားတွင် ဂါဇာသို့ အမြောက်နှင့်ပစ်ခတ်နေမှုနှင့် ၎င်း၏တည်နေရာမှ စက်သေနတ်ပစ်ခတ်သံများကို ကြားနေရသည်ဟု ရောဘတ်ဆန်က ပြောကြားခဲ့သည်။ အစ္စရေးနိုင်ငံ အက်ရှ်ကဲလွန် (Ashkelon) မြို့ရှိ CNN သတင်းဌာနမှ ဂျယ်ရမီ ဒိုင်းမွန်း (Jeremy Diamond) က စနေနေ့ညတွင် ပေါက်ကွဲမှုများသည် ရက်သတ္တပတ်များအတွင်း သူကြားရသည့်အထဲတွင် အကျယ်ဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ဂါဇာနယ်စပ်နဲ့ ၆ မိုင်အကွာမှာ ရှိနေတာတောင် အခန်းကို တုန်ခါသွားစေခဲ့တယ်…” ဟု ဒိုင်းမွန်း က တိုက်ရိုက်သတင်းပေးပို့မှုတွင် ပြောကြားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 36 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

BBC သတင်းဌာနသို့ ပါလက်စတိုင်းအမျိုးသားနှစ်ဦး၏ ထွက်ဆိုချက်အရ အစ္စရေးအကျဉ်းထောင်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ရှိနေကြောင်း ဖော်ပြထားသည့် သတင်းကို အကျဉ်းချုပ် ဘာသာပြန်ဆိုပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 51 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် အစ္စရေးအကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းမှု သတင်းအကျဉ်း အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသားများအပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်တကြီး ထောက်ပြထားကြသည်။ ကိုယ်တွေ့ထွက်ဆိုချက်များ။* ဆာမီ အယ်လ်ဆေးအီ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 72 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 83 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ ဖမ်းဆီးခဲ့သည်” ဟု ၎င်း၏ ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ နာဂက်စ် ဖောင်ဒေးရှင်း က
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဖက်ကမ်း (Gaza-West Bank)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 96 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အနောက်ဖက်ကမ်း၊ ဂျန်နင်မြို့တွင် လက်နက်ချသူနှစ်ဦးကို ပစ်သတ်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက် စုံစမ်းစစ်ဆေးမည် အစ္စရေးအာဏာပိုင်များသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသ၌ လက်နက်ချအညံ့ခံသည့် ပုံပေါက်နေသော လူနှစ်ဦးကို စစ်သားများက ပစ်သတ်ခဲ့သည့် ဖြစ်ရပ်အား စစ်ဆေးသုံးသပ်လျက်ရှိသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသ နောက်ဆုံးရ သတင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 93 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက် လက်ရှိအချိန်သည် အမေရိကန်ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့် ပြီးဆုံးလုနီးပါး အခြေအနေတွင် ရှိနေပြီး၊ လတ်တလော အဓိက ဖြစ်ပေါ်တိုးတက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 109 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။