နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

“သူတို့ကို ကယ်ပါ” လို့ ပါလက်စတိုင်း အာဏာပိုင် နိုင်ငံခြားရေးဝန်ကြီးက ဂါဇာပြည်သူတွေကို ကူညီပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆိုလိုက်ပါတယ်

တနင်္လာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရှေ့မှာ ပြောကြားရာတွင် အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများ ရင်ဆိုင်ရုန်းကန်နေရတဲ့ အဖြစ်မှန်ကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးက ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဂါဇာရှိ ပါလက်စတိုင်း ၂ ဒသမ ၃ သန်းဟာ နေ့စဉ်နှင့်အမျှ ညတိုင်းသေဆုံးနေရတယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့နိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki က ပြောကြားခဲ့ပါတယ်။ “သူတို့ကို ကယ်ပါ။ သူတို့ကို လူသားတွေအဖြစ် ကြည့်ကြပါ။ တစ်ဖက်တည်းကိုသာကြည့်ပြီး ဒီကြေကွဲဖွယ်လူ့သဘာဝကို လုံးဝလျစ်လျူရှုလို့ မရပါဘူး” လို့ သူက တောင်းဆိုခဲ့သည်။

ဂါဇာလူမျိုးအများစုဟာ အခုအခါ အိုးမဲ့အိမ်မဲ့ ရွေ့ပြောင်းနေထိုင်သူများ ဖြစ်နေကြရကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ “မိသားစုတစ်ခုက အခြားအိမ်တစ်ခုကို၊ ဆေးရုံတစ်ခုက ဘုရားကျောင်းတစ်ခုဆီကို၊ ဗလီတစ်ခုက ကုသမဂ္ဂ နေရာချထားရာ UNRWA (အရှေ့အနီးရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်များအေဂျင်စီ) ကို ပြောင်းရွှေ့နေထိုင်နေရတာ၊ ကားထဲမှာ အိပ်တာ၊ လမ်းတွေပေါ်မှာ အိပ်ပြီး ဘယ်သွားသွား အသတ်ခံနေရတာပါ” လို့ သူက ပြောကြားခဲ့ပါတယ်။ ကလေးများကိုကယ်တင်ပါ (Save the Children) ဖောင်ဒေးရှင်းကို ကိုးကားပြီး Al-Maliki က ပဋိပက္ခမှာ ပါလက်စတိုင်း ကလေးငယ် ၃၅၀၀ ဟာ သီတင်းပတ်သုံးပတ်အတွင်း သေဆုံးခဲ့ပြီး ၂၀၁၉ ခုနှစ်မှစလို့ ကမ္ဘာတစ်ဝှမ်း ပဋိပက္ခဇုန်များမှာ သေဆုံးခဲ့တဲ့ နှစ်စဉ်ကလေးအရေအတွက်ထက် ကျော်လွန်သွားတယ်လို့ ဆိုပါတယ်။

သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ရမည့်တာဝန်ပျက်ကွက်မှုကို မေးခွန်းထုတ်ပြီး “လုံလောက်အောင်ပြောဖို့ နောက်ထပ် ဘယ်နှစ်ရက်စောင့်မှာလဲ” လို့ မေးခဲ့ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရန် တာဝန်ကို ကျေပွန်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။ တာရှည်ခံ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းချမှတ်ခြင်းနဲ့ အထွေထွေညီလာခံရဲ့ စံနမူနာကို လိုက်နာရန် လုံခြုံရေးကောင်စီကို နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုလို့ ရှုမြင်ထားတဲ့ သွေးထွက်သံယိုမှုတွေကို အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီက သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်ရမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၂၀ မှ နိုင်ငံအများစုက သောကြာနေ့မှာ မဲပေးထောက်ခံခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံဟာ သောကြာနေ့မှာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့တဲ့ နိုင်ငံ ၁၄ နိုင်ငံအနက်မှ တစ်နိုင်ငံ ဖြစ်ပါတယ်။ ပိုမိုအားကောင်းတဲ့ လုံခြုံရေးကောင်စီတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ခေတ္တရပ်ထားရန် ကြိုးပမ်းမှု ဆက်တိုက်မအောင်မမြင် ဖြစ်ပြီးနောက် ဂျော်ဒန်က အထွေထွေညီလာခံကို အပစ်အခတ် ရပ်စဲရန် အဆိုတင်သွင်းခဲ့ပြီး အများစု ထောက်ခံမှုနဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ။

Riyad Al-Maliki သည် အောက်တိုဘာ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံ Jeddah တွင် ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

Amer Hilabi/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 90 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 68 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်