နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

“သူတို့ကို ကယ်ပါ” လို့ ပါလက်စတိုင်း အာဏာပိုင် နိုင်ငံခြားရေးဝန်ကြီးက ဂါဇာပြည်သူတွေကို ကူညီပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆိုလိုက်ပါတယ်

တနင်္လာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရှေ့မှာ ပြောကြားရာတွင် အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများ ရင်ဆိုင်ရုန်းကန်နေရတဲ့ အဖြစ်မှန်ကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးက ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဂါဇာရှိ ပါလက်စတိုင်း ၂ ဒသမ ၃ သန်းဟာ နေ့စဉ်နှင့်အမျှ ညတိုင်းသေဆုံးနေရတယ်လို့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့နိုင်ငံခြားရေးဝန်ကြီး Riyad Al-Maliki က ပြောကြားခဲ့ပါတယ်။ “သူတို့ကို ကယ်ပါ။ သူတို့ကို လူသားတွေအဖြစ် ကြည့်ကြပါ။ တစ်ဖက်တည်းကိုသာကြည့်ပြီး ဒီကြေကွဲဖွယ်လူ့သဘာဝကို လုံးဝလျစ်လျူရှုလို့ မရပါဘူး” လို့ သူက တောင်းဆိုခဲ့သည်။

ဂါဇာလူမျိုးအများစုဟာ အခုအခါ အိုးမဲ့အိမ်မဲ့ ရွေ့ပြောင်းနေထိုင်သူများ ဖြစ်နေကြရကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ “မိသားစုတစ်ခုက အခြားအိမ်တစ်ခုကို၊ ဆေးရုံတစ်ခုက ဘုရားကျောင်းတစ်ခုဆီကို၊ ဗလီတစ်ခုက ကုသမဂ္ဂ နေရာချထားရာ UNRWA (အရှေ့အနီးရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် အလုပ်များအေဂျင်စီ) ကို ပြောင်းရွှေ့နေထိုင်နေရတာ၊ ကားထဲမှာ အိပ်တာ၊ လမ်းတွေပေါ်မှာ အိပ်ပြီး ဘယ်သွားသွား အသတ်ခံနေရတာပါ” လို့ သူက ပြောကြားခဲ့ပါတယ်။ ကလေးများကိုကယ်တင်ပါ (Save the Children) ဖောင်ဒေးရှင်းကို ကိုးကားပြီး Al-Maliki က ပဋိပက္ခမှာ ပါလက်စတိုင်း ကလေးငယ် ၃၅၀၀ ဟာ သီတင်းပတ်သုံးပတ်အတွင်း သေဆုံးခဲ့ပြီး ၂၀၁၉ ခုနှစ်မှစလို့ ကမ္ဘာတစ်ဝှမ်း ပဋိပက္ခဇုန်များမှာ သေဆုံးခဲ့တဲ့ နှစ်စဉ်ကလေးအရေအတွက်ထက် ကျော်လွန်သွားတယ်လို့ ဆိုပါတယ်။

သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်ရမည့်တာဝန်ပျက်ကွက်မှုကို မေးခွန်းထုတ်ပြီး “ လုံလောက်အောင်ပြောဖို့ နောက်ထပ် ဘယ်နှစ်ရက်စောင့်မှာလဲ” လို့ မေးခဲ့ပါတယ်။ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရန် တာဝန်ကို ကျေပွန်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။ တာရှည်ခံ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းချမှတ်ခြင်းနဲ့ အထွေထွေညီလာခံရဲ့ စံနမူနာကို လိုက်နာရန် လုံခြုံရေးကောင်စီကို နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုလို့ ရှုမြင်ထားတဲ့ သွေးထွက်သံယိုမှုတွေကို အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီက သူ့ရဲ့တာဝန်တွေကို ထမ်းဆောင်ရမယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၂၀ မှ နိုင်ငံအများစုက သောကြာနေ့မှာ မဲပေးထောက်ခံခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံဟာ သောကြာနေ့မှာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့တဲ့ နိုင်ငံ ၁၄ နိုင်ငံအနက်မှ တစ်နိုင်ငံ ဖြစ်ပါတယ်။ ပိုမိုအားကောင်းတဲ့ လုံခြုံရေးကောင်စီတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ခေတ္တရပ်ထားရန် ကြိုးပမ်းမှု ဆက်တိုက်မအောင်မမြင် ဖြစ်ပြီးနောက် ဂျော်ဒန်က အထွေထွေညီလာခံကို အပစ်အခတ် ရပ်စဲရန် အဆိုတင်သွင်းခဲ့ပြီး အများစု ထောက်ခံမှုနဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ပါတယ်။

ဓာတ်ပုံ။

Riyad Al-Maliki သည် အောက်တိုဘာ ၁၈ ရက်က ဆော်ဒီအာရေဗျနိုင်ငံ Jeddah တွင် ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည်။

Amer Hilabi/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ဆိုင်းငံ့ထားသည့် ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဆွေးနွေးပွဲများအပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီးနောက် လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ အီရန်ရေနံအပေါ် ပိတ်ဆို့အရေးယူမှုများကို ကင်းလွတ်ခွင့်ပြုခဲ့ပြီး ပြည်ပတွင် ဆိုင်းငံ့ထားသော အီရန်၏ ပိုင်ဆိုင်မှုအချို့ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ပထမအကျော့ဆွေးနွေးပွဲတွင် “ အားတက်ဖွယ်တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသည့် ကာတာနှင့် ပါကစ္စတန်တို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် ယခုအခါ ပြီးဆုံးသွားပြီဖြစ်သော အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးပွဲများကို “အပြုသဘောဆောင်ပြီး တည်ဆောက်မှုရှိသော အဝန်းအဝိုင်း” တွင် ကျင်းပခဲ့ကာ “အားတက်ဖွယ် တိုးတက်မှုများ” ရရှိခဲ့ကြောင်း ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ပါကစ္စတန်နှင့် ကာတာတို့၏
နိုင်ငံတကာသတင်း ပါကစ္စတန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အီရန်တို့ ငြိမ်းချမ်းရေးအကြိုသဘောတူညီချက်အတွက် ဆွစ်ဇာလန်တွင် ဆွေးနွေးပွဲများ စတင်

  • 2026 ခုနှစ်၊ ဇွန်လ 21 ရက်
  • 30 Views
BBC ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၁ ရက် ပြီးခဲ့သည့်သီတင်းပတ်က စစ်ပွဲအဆုံးသတ်ရန် အကြိုသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အမေရိကန်နှင့် အီရန်အရာရှိများသည် ဆွစ်ဇာလန်နိုင်ငံ၌ တိုက်ရိုက်ဆွေးနွေးမှုများကို စတင်ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် ရက်ပေါင်း ၆၀ အတွင်း နောက်ဆုံးသဘောတူညီချက်တစ်ရပ်