နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

1027 Operations

1027 Operations Burma Civil War

ရှမ်းမြောက်က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်းဆိုင်) စတဲ့နေရာသုံးခုအား စစ်ကောင်စီက လက်လွှတ်လိုက်ရကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံ။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြို့နယ်များရှိ နေရာအချို့ကို လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီး “ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံ‌ရေးအဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့နေရာ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ် ဒီသုံးခုတော့ရှိပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ (၂) ရက်နေ့က ထုတ်ပြန်တဲ့ ဗီဒီယိုမှာ ဝန်ခံခဲ့ပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့များအားလုံးကို လက်နက်ကိုင်တပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ ဝါဒဖြန့်မှုတွေကိုလည်း တွေ့နေရတယ်လို့ သူက အောက်ပါအတိုင်း ဆက်လက် ပြောကြားခဲ့ပါတယ်။

“ဒီနေရာမှာတော့ ဝါဒဖြန့်မှုအမျိုးမျိုး တွေ့ရတာပေါ့။ ဝါဒဖြန့်မှု အမျိုးမျိုး တွေ့ရတဲ့အခါမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေ အားလုံးနီးပါးလောက် ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ ဝါဒဖြန့်မှုမျိုးတွေ၊ ပြီးရင် ဘယ်နေရာတွေ၊ ဘယ်နေရာတွေကို ဆက်လုပ်မယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေ တွေ့ရတယ်”

လောက်ကိုင်ဒေသဟာ အရင်က ဗကပတပ်၊ ၀ တပ်၊ ကိုးကန့်တပ်များရှိခဲ့တဲ့ ဒေသဖြစ်ပြီး နောက်ပိုင်းမှာ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြောင်း၊ အဲ့ဒီနောက် လောက်ကိုင်ဒေသကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ အဲ့ဒီဒေသမှာ ငါးနှစ်တစ်ကြိမ်ခန့် မျိုးနွယ်စုတွေအကြားမှာ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့က မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံဖြစ်တယ်။ ဒီလွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာနယ်မြေဒေသကို အစွမ်းကုန်ကြိုးပမ်းသွားမှာဖြစ်တယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ MNDAA၊ TNLA၊ AA ညီနောင်သုံးဖွဲ့က ချင်းရွှေဟော်၊ မွန်ဂိုး၊ ကွက်ခိုင်၊ သိန္နီ၊ လားရှိုး စတဲ့နေရာတွေကို တပြိုင်တည်း စတင်တိုက်ခိုက်ခဲ့ပြီး ချင်းရွှေဟော်ရှိ ကိုးကန့်ခေါင်းဆောင်ဟောင်းတစ်ဦးပိုင်ဆိုင်တဲ့ ဟိုတယ်က ဝန်ထမ်းတွေနဲ့ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့အာတယ်။

“အဲ့နေမှာပဲ ဖောင်ဆိပ် လုံခြုံရေးစခန်း တိုက်ခိုက်ခံရတယ်။ ဖောင်ဆိပ်တံတား မိုင်းထောင်ဖျက်စီးခြင်း ခံရတယ်။ အောက်တိုဘာလ ၂၈ ရက်နေ့မှာလည်း အဲ့နေရာတွေမှာ ဆက်လက်တိုက်ပွဲဖြစ်ပွားတာ တွေ့ရတယ်။ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ သိန္နီ၊ လားရှိုး၊ နောင်ချို၊ နမ္မတူ၊ ဟိုပန်၊ အဲ့ဒီဘက်တွေမှာ တိုက်ပွဲလေးတွေ ဖြစ်ပွားခဲ့တာရှိတယ်။ ဒါအောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ နမ့်ခန်းတို့၊ မွန်းဂိုးတို့၊ ကွတ်ခိုင်၊ လားရှိုးတို့၊ နမ္မတူမှာ ဖြစ်ပွားခဲ့တာရှိတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ လားရှိုးဘက်မှာ ပစ်ခတ်မှု အနည်းငယ်ရှိခဲ့တယ်” လို့လည်း သူက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အဲ့ဒီအဖွဲ့တွေက တရုတ်-မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ အွန်လိုင်းလောင်းကစားမှုကို အကြောင်းပြပြီး အွန်လိုင်းလောင်းကစားမှုကို နှိမ်နှင်းရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ပွဲတွေ ဖော်ဆောင်လာတာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

ညီနောင်သုံးဖွဲ့ဘက်ကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ်(ပန်ဆိုင်း) မြို့တွေကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမြို့က သကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲကာ အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 8 Views
နိုဝင်ဘာလ (၂၀)ရက်။ နိုဝင်ဘယလ (၁၈)ရက်နေ့ ည(၇)နာရီခွဲအချိန်က နောင်ချိုမြို့ ဆမ္မဆယ်ရွာ အင်ဝိုင်းအမှတ်(၃)ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ TNLA
1027 Operations မြန်မာသတင်း

MNDAA ခေါင်းဆောင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် တရုတ် ငြင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 12 Views
နိုဝင်ဘာလ (၁၉)ရက်။ ကိုးကန့်တပ်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဘက်က ဒီကနေ့မှာ ငြင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ လေကြောင်းဗုံးကြဲခံရကာ ကလေးငယ်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 17 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က ည (၁၁)နာရီ (၄၇)မိနစ်အချိန်က ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည(၁၁)နာရီ (၄၇)မိနစ်လောက်
1027 Operations မြန်မာသတင်း

နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သားတွေသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 17 Views
နိုဝင်ဘာလ (၁၇)ရက်။ မနေ့က နောင်ချိုမြို့၊ တောင်ခမ်းအမြောက်တပ် (၃၅၄)နဲ့ (၉၀၂)တပ်စခန်းတို့မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တပ်မ(၁၁) ခမရ(၂၁၃)တပ်ရင်းမှူး ဗိုလ်မှူးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 21 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ တရားရုံးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 23 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
1027 Operations မြန်မာသတင်း

သိမ်းပိုက်ထားတဲ့ မြို့တွေကို ဆက်လက်ကာကွယ်သွားဖို့ TNLA ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 19 Views
နိုဝင်ဘာလ (၁၃)ရက်။ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ဆက်လက်ကာကွယ်သွားဖို့ TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရှိုန်းက အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိမ်းပိုက်ထားတဲ့ မြို့နယ် (၁၂)မြို့နယ်ကို ဆက်လက်ကာကွယ်စောင့်ရှောက်ဖို့
1027 Operations မြန်မာသတင်း

သပိတ်ကျင်းရှိ စစ်တပ်‌တန်းမြင့်လေ့ကျင့်ရေးကျောင်းကို တော်လှန်ရေးတပ်တွေ (၃)လနီးပါးကြာ ဝိုင်းရံပိတ်ဆို့ထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 49 Views
နိုဝင်ဘာလ (၁၃)ရက်။ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ်(၁၃) စစ်တပ်တန်းမြင့်လေ့ကျင့်ရေး‌ကျောင်းကို တော်လှန်ရေးတပ်တွေက ဝိုင်းရံပိတ်ဆို့ထားတာ (၃)လနီးပါးရှိပြီလို့ PLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးကုတ်-သပိတ်ကျင်းလမ်းပိုင်းရှိ စစ်ကောင်စီရဲ့ ခလရ(၁၄၈)နဲ့ ဖော့တောလမ်းဆုံတို့ကို TNLA အပါအဝင်