နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

Thai

Thai

လောက်ကိုင်မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား ၁၆၀ ကျော်ကို ကယ်ထုတ်ဖို့ စီစဉ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာ တရုတ်နယ်စပ်အနီးက ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ထိုင်းနိုင်ငံသား ၁၆၂ ဦး ပိတ်မိနေပြီး သူတို့ကို ကယ်ထုတ်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးဟာ စစ်ကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ဆိုပါတယ်။

ပိတ်မိနေတဲ့နိုင်ငံသားတွေရဲ့ အခြေအနေကိုလည်း ထိုင်းဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့ သိရပါတယ်။

တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ လောက်ကိုင်မြို့ဟာ လောင်းကစားဝိုင်းတွေကြောင့် နာမည်ကျော်ပြီး နိုင်ငံခြားသားတွေလည်း လာရောက်လုပ်ကိုင်ကြတာရှိပါတယ်။

လက်ရှိမှာတော့ လောက်ကိုင်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးပေမယ့် အနီးနားက မုံကိုးဒေသနဲ့ ချင်းရွှေဟော်မြို့ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ထိန်းချုပ်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Hamas-Israel Conflict Thai

ဟားမတ်စ်က ဖမ်းဆီးထားသည့် ထိုင်းဓားစာခံများ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံကြိုးပမ်း

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 73 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ဘန်ကောက်။ ထိုင်းနိုင်ငံသည် ဟားမတ်စ်က ဖမ်းဆီးထားသည့် ထိုင်းဓားစာခံများ လွတ်မြောက်ရေးအတွက် အီရန်နှင့်