နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

Burma

Burma Civil War

မြောင်မြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ထွေအုပ်ရုံးကို မြောင်နယ် Local PDF တွေနဲ့၊ မြင်းမူ၊ မြင်းခြံခရိုင်ရင်းတွေ ပူးပေါင်းပီး တိုက်ခိုက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်၊ ခေတ်မျက်လုံး။

မြောင်မြို့ရဲစခန်းနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ထွေအုပ်ရုံးကို မြောင်နယ် Local PDF တွေနဲ့၊ မြင်းမူ၊ မြင်းခြံခရိုင်ရင်းတွေ ပူးပေါင်းပီး တိုက်ခိုက်ခဲ့တယ်လို့ CDSOM က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၉) ဦးသေဆုံးပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဘက်က ရဲဘော် (၇) ဦးဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

၁။ CDSOM နဲ့ ဆင်ရိုင်းစစ်ကြောင်းမှ မင်းယက္ခစစ်ကြောင်း

၂။ မြင်းခြံခရိုင် ရင်း၂မှ သကြား စစ်ကြောင်း

၃။ စဥ့်ကိုင် ပကဖ မှ ဘယ်ကျော်စစ်ကြောင်း

၂ရက်တာ ကြိုတင်ပြင်ဆင်ပြီး ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့အဖွဲ့များ

၁။ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM

၂။ မြင်းခြံခရိုင်တပ်ရင်း ၂

၃။ ဆင်ရိုင်းစစ်ကြောင်း – မြောင်

၄။ စဥ့်ကိုင် ပကဖ

၅။ BGF မြင်းခြံ

၆။ MRF (စားဖို )မြောင်

၇။ ဒေါင်းညီနောင်

၈။ CRF မြင်းမူ

၉။ ဇေယျာရွှေမြေ -စစ်ကိုင်း

၁၀။ 11 Brother Force

၁၁။ LACR မြင်းခြံ

၁၂။ YOUNG MAN မြင်းခြံ

၁၃။ နောင်ရိုး- ငါန်းဇွန်

၁၄။ 8STAR မြင်းခြံ

၁၅။ ဒေါင်းစစ်သည်

၁၆။ WOLD BROTHER

၁၇။ Shwe Ao Revolution Force

၁၈။ Justic Revolution Force

၁၉။ 9 Brother Force

၂၀။ မြောင်မြို့နယ် ပလဖ

၂၁။ CDSOM ၀၀၁ ဒရုန်းအဖွဲ့

ဆေးတပ်သားများအနေနဲ့ ဒေါက်တာဖီးနစ်အဖွဲ့။

တပ်ကူလာသည့်အဖွဲ့များ

၁။ မန္တလေး ခရိုင်တပ်ရင်း (၆)

၂။ MUA

၃။ ကျေးရွာတပ်ပေါင်းစု

၄။ ကိုဖောင်းဒိုင်းအဖွဲ့ – မန္တလေး

ခဲယမ်းထောက်ပို့

မြောင်အမျိုးသမီးစစ်သည်တော်အဖွဲ့ M2Wမှ 5.56 ကျည် ၃၀၀၊ 7.62ကျည် ၃၀၀တောင့် နှင့် ပထိမ်သီး ၅လုံးနဲ့ မြောင် ပကဖမှ 7.62ကျည် MRFသို့ ၁၀၀ တောင့်

သယ်ယူပို့ဆောင်ရေးကိုတော့ CDSOM 007၊ CDSOM အားမာန်စစ်သည်၊ CDSOM 012 နဲ့ CDSOM နတ်မြင်းအဖွဲ့တို့က တာဝန်ယူခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ။ CDSOM

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Civil War ကရင်ပြည်နယ်

စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကားနဲ့ သံချပ်ကာကားတွေကို ဖျက်ဆီးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 559 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်။ မုန်းမြို့နယ်၊ နတ်သံကွင်းမြို့ကို ပဲနွယ်ကုန်းမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်ရဲ့ တင့်ကား(၂)စီးနဲ့ သံချပ်ကာကား(၁)စီးကို
Burma Civil War စစ်ရေးသတင်း

ရွှေကျင်မြိုနယ်၊ ကျားချောင်းရွာအနီးရှိ တောင်ခြေရင်းစခန်းတစ်ခုကို KNLA, BPLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 663 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ဒီနေ့
1027 Operations Civil War စစ်ရေးသတင်း

(၅) ရက်အတွင်း ထီးချိုင့်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၀၀)ကျော်အထိသေဆုံးခဲ့တယ်လို့ ထီးချိုင့် PDF ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 469 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် (၅)ရက်အတွင်း အပြစ်မဲ့ပြည်သူ (၁၀၀) ကျော်အထိ သေဆုံးခဲ့တယ်လို့ ထီးချိုင့်-PDF ရဲ့ မနေ့က မြို့ပေါ်သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “
Civil War စစ်ရေးသတင်း

ယောကာကွယ်ရေးတပ် အပတ်စဉ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 580 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။ မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ် -YDF က ပြုလုပ်သည့် အပတ်စဥ် (၁၃) အခြေခံစစ်ပညာသင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ YDF က သတင်းထုတ်ပြန်ထားပါတယ်။
1027 Operations Burma မြန်မာ့နိုင်ငံရေး

စစ်ရှိန်မြှင့်တင်နေတဲ့ကာလ ချင်းပြည်နယ်မှာ အကူအညီပေးနိုင်ရေး ICNCC နဲ့ အစည်းအဝေးပြုလုပ်ခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 554 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ မြန်မာနိုင်ငံအနှံ့ စစ်ရှိန်မြှင့်တင်နေတဲ့ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျှော့ချရေးနဲ့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ဖို့ ICNCC နဲ့ NUG ဝန်ကြီးဌာနတို့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ရှိန်မြှင့်တင်နေတဲ့ကာလ
1027 Operations Burma Civil War

ညီနောင် (၃) ဖွဲ့ရဲ့ သတင်းပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 553 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ တရားဝင်သတင်းနဲ့ ပြန်ကြားရေး ဖေ့စ်ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရတယ်လို့ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ ညီနောင် (၃) ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုသည်မှာ သတင်းအမှားသာဖြစ်တယ်လို့ ထီးချိုင့်မြို့ပြည်သူ့ကာကွယ်ရေး သတင်းထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 649 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ ထီးချိုင့်မြို့ သိမ်းနိုင်ပြီဆိုတာ သတင်းအမှားသာ ဖြစ်တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ထီးချိုင့်မြို့ပေါ်အား တိုက်လေယာဉ်နဲ့
Burma Civil War စစ်ရေးသတင်း မြန်မာသတင်း

ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ ပစ်ခတ်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 757 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်က ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ နိုဝင်ဘာလ (၉)ရက် ညပိုင်းနဲ့ ဒီကနေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့တယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။