နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

Hamas-Israel Conflict

Hamas-Israel Conflict ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မကြေညာဘဲ အီရတ်နိုင်ငံကို သွားရောက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ဘဂ္ဂဒက်။

အရှေ့အလယ်ပိုင်းကို ခရီးထွက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ဟာ ၅ ရက်နေ့က ကြိုတင် အသိပေးခြင်းမရှိဘဲ အီရတ်နိုင်ငံကို သွားရောက်ခဲ့ပြီး ဘဂ္ဂဒက်မြို့တော်မှာ အီရတ်ဝန်ကြီးချုပ်ဆူဒါနီနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘလင်ကန်ဟာ ဆူဒါနီနှင့် တစ်နာရီကျော်ကြာ စကားပြောဆိုခဲ့ပြီး အီရတ်ရှိ အမေရိကန်သံရုံးရဲ့ အဆောက်အအုံတွေကို ခြိမ်းခြောက်မှုများနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပါတယ်။

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား စစ်ရေး ပဋိပက္ခထဲကို တတိယအဖွဲ့ မပါဝင်လာဖို့ အမေရိကန် တာဝန်ရှိသူတွေက သတိထားနေကြပါတယ်။ ပြီးခဲ့တဲ့လက တိုက်ပွဲတွေ စတင်ဖြစ်ပွားပြီးကတည်းက အီရတ်နဲ့ ဆီးရီးယားမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်တွေကို အီရန်လိုလားတဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

ဆူဒန်နဲ့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဘလင်ကန်က ၎င်းတို့ဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင်တွေအပေါ် လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို လုံးဝလက်မခံနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ပဋိပက္ခတွေ ဒီထက်ပိုပြီး မကြီးထွားလာအောင် တားဆီးနိုင်ရေး ဆောင်ရွက်ချက်တွေကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

အမေရိကန်နဲ့ အစ္စရေး အာဏာပိုင်တို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေကို ယာယီရပ်ဆိုင်းရေးအတွက် ခိုင်မာတဲ့ အစီအမံတွေကို ဆွေးနွေးနေကြောင်း သူက ဆက်လက်ရှင်းပြပါတယ်။ အစ္စရေးဘက်က စစ်ပွဲရပ်တန့်ရေးနဲ့ပတ်သက်ပြီး “ အရေးကြီးတဲ့မေးခွန်းတွေ” ရှိပြီး အမေရိကန်ဘက်က အဲ့ဒီ မေးခွန်းတွေကို ဖြေကြားဖို့ လုပ်ဆောင်နေတယ်လို့ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။

ဘလင်ကန်ဟာ အီရတ်ကို မသွားရောက်မီက အစ္စရေး၊ ဂျော်ဒန်၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရှိရာအနောက်ဘက်ကမ်းနဲ့ ဆိုက်ပရပ်စ်တို့ကို သွားရောက်ခဲ့ပါတယ်။

အီရတ်ကို သွားပြီးတဲ့နောက်မှာတော့ ဘလင်ကန်ဟာ သူ့ရဲ့ နောက်ဆုံးခရီးစဉ်ဖြစ်တဲ့ တူရကီနိုင်ငံကို ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့ အစောပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။ မနက်ပိုင်းမှာပဲ တူရကီအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုပါတယ်။

တူရကီသမ္မတအာဒိုဂန်ဟာ ဂါဇာကမ်းမြှောင်ကို အစ္စရေးက ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး အစ္စရေးတို့ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုလို့ စွပ်စွဲခဲ့ပါတယ်။ အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ပြန်ခေါ်ပြီး အစ္စရေး၀န်ကြီးချုပ် နေတန်ရာဟုနဲ့ တွေ့ဆုံဆွေးနွေးမှုကို အဆုံးသတ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဘလင်ကန်ဟာ ဒီခရီးစဉ်ပြီးရင် အာရှကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

Source: CNN Japan

ဓာတ်ပုံအညွှန်း။

နိုဝင်ဘာလ (၅) ရက်နေ့က ကြိုတင် အသိပေးခြင်းမရှိဘဲ အီရတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်။ Jonathan Ernst/Pool/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး

လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန ပြောကြား

  • 2026 ခုနှစ်၊ မေလ 1 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၁)ရက် လက်ဘနွန်တောင်ပိုင်းရှိ မြို့တစ်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၀ ဦး
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 43 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က