နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

လွိုင်ကော်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်၊ ခေတ်မျက်လုံး။

လွိုင်ကော်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နဲ့အတူ ပြည်သူဘက်ကိုကူးပြောင်းလာတယ်လှီ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း -၂ က ရုပ်သံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီရဲအရာရှိဟာ ၂၀၁၈ ခုနှစ်မှာ ရဲဝန်ထမ်းအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးနောက် လွိုင်ကော်မြို့ရဲစခန်းက CDM ပြုလုပ်ခဲ့တဲ့ ရဲဝန်ထမ်းတွေမှာ သူ့ရဲ့ သူငယ်ချင်းတွေ အများအပြားပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

“ ၂၀၂၃ နိုဝင်ဘာလ ပထမပတ်ထဲမှာ KNDF တပ်ရင်း (၂) ကို နီးစပ်ရာအဆက်အသွယ်နဲ့ CDM လုပ်ဖို့ချိတ်ဆက်ခဲ့တဲ့အတွက် အဲ့ဒီရဲအရာရှိနဲ့မိသားစုကို ဘေးကင်းစွာခေါ်ထုတ်နိုင်ခဲ့ပါတယ်။ အခုချိန်မှာ သူနဲ့သူ့မိသားစုကိုလုံခြုံတဲ့နေရာတစ်ခုမှာ နေထိုင်နေတယ်လို့ သိရပါတယ်။

G3 သေနတ်တစ်လက်နဲ့ ကျည်အချို့ကို ယူဆောင်လာပြီး အပ်နှံခဲ့တဲ့အတွက် KNDF ဘက်က ကျပ်သိန်း (၃၀) ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူတို့မိသားစုဘဝဆက်လက်ရပ်တည်နိုင်အောင်လည်း KNDF က ကူညီသွားမယ်လို့ ပြောဆိုထားပါတယ်။

ဓာတ်ပုံ။

အလင်းဝင်လာသော ရဲအရာရှိနှင့် ၎င်း၏ မိသားစုအား တွေ့ရစဥ်။ (ဓာတ်ပုံ – KNDF တပ်ရင်း (၂) )

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျားဖြန့်တိုက်ဖျက်ရေး မြန်မာစစ်တပ်နဲ့ ပူးပေါင်းရင် အောင်မြင်မှာမဟုတ်ဘူးလို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 0 Views
ရာဇဝတ်လုပ်ငန်းတွေ တားမြစ်တိုက်ဖျက်ဖို့ အဆင့်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ အထူးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ဆို နိုဝင်ဘာလ (၂၀)ရက်။ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းမယ်ဆို အောင်မြင်မှာမဟုတ်ဘူးလို့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၃)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 39 Views
နိုဝင်ဘာလ (၁၉)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီကျော်အချိန်က ဒီပဲယင်းမြို့ရှိ ယဉ်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နိုင်ငံတကာအနေနဲ့ ရွေးကောက်ပွဲအကြောင်းပြုပြီး လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်အုပ်စုကို အရေးယူဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 36 Views
နိုဝင်ဘာလ (၁၉)ရက်။ နိုင်ငံတကာအနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို အကြောင်းပြုပြီး လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ချိုးဖောက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူဖို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ပြုလုပ်တဲ့ Press Briefing မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့တဲ့ တီးတိန်ရှိ ကနေဒီတောင်ကို ပြန်ထိန်းချုပ်ခဲ့တယ်လို့ PDF-Zoland ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 25 Views
နိုဝင်ဘာလ (၁၉)ရက်။ ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့တဲ့ တီးတိန်မြို့ရှိ ကနေဒီတောင်ကို ချင်းညီနောင်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ PDF-Zoland ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ အလုံးအရင်းနဲ့ ချီတက်လာတဲ့ စကမရွေ့လျားစစ်ကြောင်းတွေကို ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့ပြီး
မြန်မာသတင်း

NUCC ကနေ KNU နဲ့ KNPP တို့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 28 Views
နိုဝင်ဘာလ (၁၉)ရက်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကနေ ကရင်အမျိူးသားအစည်းအရုံး(KNU)နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ “ ယာယီရပ်ဆိုင်းထားတယ်ဆိုပြီးပဲ စာပို့ထားတာပါ။ အဓိကကတော့ NUCC အားစိုက်လုပ်နေတဲ့ အကြောင်းအရာတွေက မြေပြင်မှာ တကယ်ဖြစ်နေတာတွေနဲ့ ကင်းကွာနေတာတွေ အများကြီး
မြန်မာသတင်း

မြန်မာမှာ ကျားဖြန့်တွေဟာ ထိုင်းနိုင်ငံကနေ အများဆုံးရောက်လာတာလို့ စစ်တပ်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 37 Views
နိုဝင်ဘာလ (၁၉)ရက်။ မြန်မာနိုင်ငံထဲ ရောက်လာတဲ့ ကျားဖြန့်နိုင်ငံခြားသား ၉၉ ဒသမ ၅ရာခိုင်နှုန်းက ထိုင်းနိုင်ငံဘက်ကနေ လာတာလို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီနယ်မြေမှာ အွန်လိုင်းလောင်းကစားတွေ၊ အွန်လိုင်းလိမ်လည်တာတွေ လုပ်ဆောင်တဲ့
မြန်မာသတင်း

ရန်ကုန် လှည်းကူးမြို့ရှိ ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 47 Views
နိုဝင်ဘာလ (၁၈)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ လှည်းကူးမြို့ရှိ ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ဇရပ်ကွင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးမှာ ပျူတွေရောက်နေတဲ့အချိန် ပြင်းအားမြင့်မိုင်း
မြန်မာသတင်း

ညောင်ဦးမြို့နယ်ထဲ လက်နက်ကိုင်ဗိုလ်ကျနေတဲ့ အဖွဲ့တွေကို အရေးယူမယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 38 Views
နိုဝင်ဘာလ (၁၈)ရက်။ ညောင်ဦးမြို့နယ်ထဲ PDF အမည်ခံပြီး ပြန်ပေးဆွဲတာ၊ ဖမ်းဆီးငွေညှစ်တာနဲ့ လက်နက်အားကိုးနဲ့ ဆက်ကြေးငွေတောင်းတာတွေ ဖြစ်ပေါ်နေတယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးမှာ PDF အမည်ခံပြီး ပြန်ပေးဆွဲတာတွေ၊ ပြည်သူတွေကို