နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 27 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား)

ခန့်မှန်းချက်ထက် ပိုအောင်မြင်တဲ့ ၁၁၁၁ စစ်ဆင်ရေး (KNDF ဥက္ကဋ္ဌ ခွန်းဘီထူးနှင့် မေးမြန်းခြင်း)

နိုဝင်ဘာလ ၁၁ ရက်၊ ၁၁ ရက် ၁၁ လ လို့ အမည်ပေးထားတဲ့ ကရင်နီပြည်နယ်တွင်းက တော်လှန်ရေး တပ်ပေါင်းစုတွေရဲ့ ထိုးစစ်တွေဟာ ခန့်မှန်းတာထက်ကို အောင်မြင်နေပြီလို့ ဆိုကြပါတယ်။ ‌မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀ ၂၇ စစ်ဆေးရေးကနေစလို့ မြန်မာပြည်နေရာတော်တော်များများမှာ စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက ပြင်းထန်လာခဲ့ပါတယ်။

အခုဆိုရင် ကရင်နီပြည်နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ မြို့သိမ်းတိုက်ပွဲတွေထိ ထိုးစစ်တွေက ပြင်းထန်လာခဲ့ပါပြီ။ လက်နက်ချသူတွေကချ၊ CDM အဖြစ်ပူးပေါင်းသူတွေပါရှိလာခဲ့ပါပြီ။ ဒီ ၁၁ ၁၁ စစ်ဆင်ရေးနဲ့ ပါက်သက်လို့ ကရင်နီ ပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌလည်းဖြစ် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ဥက္ကဋ္ဌခွန်းဘီထူးကို ခေတ်မျတ်လုံးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီမေးမြန်းမှုမှာဆိုရင် ၁၁ ၁၁ စစ်ဆင်ရေးရဲ့ ရည်မှန်း‌တွေ၊ လက်နက်ချသူတွေ ပူးပေါင်းသူတွေ၊ သုံ့ပန်းတွေနဲ့ ပက်သက်ပြီးတော့ စီစဉ်ထားတာတွေ၊ CDM အဖြစ်ပူးပေါင်းပါဝင်လာမယ့်သူတွေအတွက် အာမခံချက်တွေကိုလည်း နားဆင်ရမှာပါ။

#Era‘s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်း-ကယားနယ်စပ်စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၀)ကျော်သေဆုံးပြီး (၃)ဦးဖမ်းမိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 29 Views
စက်တင်ဘာလ (၁၄)ရက်။ စက်တင်ဘာလ (၅)ရကနေ့ကစပြီး (၃)ရက်တာ ရှမ်း-ကယားနယ်စပ် စစ်ဆင်ရေးထဲ စစ်ကောင်စီစိုးမိုးထားတဲ့ တပ်၊ ရဲစခန်းနဲ့ စခန်းကုန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်ထဲ ရေဘေးသင့်ပြည်သူ (၃၀၀၀၀)နီးပါး အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ Karenni-IEC ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 33 Views
စက်တင်ဘာလ (၁၄)ရက်။ ကရင်နီပြည်ထဲ ယာယီရွှေ့ပြောင်းနေရတဲ့ ရေဘေးသင့်ပြည်သူ (၂၈၇၃၅)ဦးအတွက် အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

KNDF ဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲမျောပါဆုံးရှုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 27 Views
စက်တင်ဘာလ (၁၃)ရက်။ KNDF ဆေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသား (၁၈)ဦး ရေထဲကို မျောပါဆုံးရှုံးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဆေးသင်တန်းက သင်တန်းသားတွေဟာ စက်တင်ဘာလ (၁၁)ရက်နေ့ ညနေပိုင်းက သင်ခန်းစာမစ်ရှင်လေ့ကျင့်ပြုလုက်ချိန် ရေချောင်းတစ်ခုကို
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်ထဲ ရေဘေးအန္တရာယ်နဲ့ပတ်သက်ပြီး Karenni-IEC က အရေးပေါ်အသိပေးချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 41 Views
စက်တင်ဘာလ (၁၃)ရက်။ ကရင်နီပြည်ထဲ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေဘေးအန္တရာယ်တွေ ကြုံတွေ့နေရတဲ့အပေါ် Karenni-IEC က မနေ့ကရက်စွဲနဲ့ အရေးပေါ်အသိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ကရင်နီပြည်ထဲ မိုးသည်းထန်စွာရွာသွန်းပြီး သံလွင်မြစ်၊ ပွန်ချောင်းနဲ့ ထူးချောင်းအပါအ၀င် မြစ်ချောင်းတွေမှာ ပုံမှန်ရေကြီးရေလျှံတာတွေအပြင်
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်‌ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသားကလေးငယ်တွေအပါအ၀င် (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 49 Views
စက်တင်ဘာလ (၆)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်မှာ ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ည  (၉)နာရီ (၉)မိနစ်အချိန်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဥ်နဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 37 Views
စက်တင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီကျော်လောက်စပြီး နန်းမယ်ခုံအနီး၀န်းကျင်ကို ဗုံး
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရေကျော်စခန်းကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်ရှင်းလင်းခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 47 Views
စက်တင်ဘာလ (၃)ရက်။ သြဂုတ်လ (၈)ရက်နေ့က ဘောလခဲမြို့နဲ့ မယ်စလင်းတောင်ကြားရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရေကျော်စခန်းကို KA၊ KNDF နဲ့ KNPLF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့၀င်အချို့ဟာ စခန်းစွန့်ခွာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီနဲ့ ရှမ်းတောင်ဒေသတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 73 Views
ဩဂုတ်လ (၄)ရက်။ ဇူလိုင်လထဲ ကရင်နီနဲ့ ရှမ်းတောင်နယ်‌စပ်ဒေသက တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ တစ်လတာထဲ လွိုင်ကော်၊