နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေး၏ တရားစီရင်မှု အဖြစ်မှန်

CNN သတင်းဆောင်းပါးကို ခေတ်မျက်လုံးက ဘာသာပြန်သည်။

(အယ်ဒီတာမှတ်ချက်။ အစ္စရေးလက်အောက်ရှိ ပါလက်စတိုင်းလူမျိုးများကို တရားမျှတမှု မရှိဘဲ ဖမ်းဆီးထိန်းသိမ်းပြီး အစ္စရေးတို့က စစ်ခုံရုံးနှင့်သာ တရားစီရင်ကြောင်း CNN က ထုတ်လွှင့်သည့် ရုပ်သံသတင်းဆောင်းပါးကို အခြေခံပြီး ဘာသာပြန်ထားပါသည်။)

ပါလက်စတိုင်းလူမျိုး ဖာတီမာရှာဟင် (Fatima Shahin) အသက် ၃၃ နှစ်ဟာ အစ္စရေးအကျဉ်းထောင်ထဲမှာ လပေါင်းများစွာ နေခဲ့ရပါတယ်။ ရှာဟင်ဟာ အနောက်ဘက်ကမ်းမှာ အစ္စရေးတွေကို သတ်ဖို့ ကြိုးစားခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက ကနဦး အခိုင်အမာ ပြောဆိုခဲ့ပေမယ့် သူ့ကို ဘယ်တုန်းကမှ စွဲချက်မတင်ခဲ့ပါဘူး။

အနောက်ဘက်ကမ်းရှိ ဘက်သဲလ်ဟမ် (Bethlehem) မြို့ကနေ နိုဝင်ဘာလ (24) ရက်နေ့မှာ ရှာဟင်ကို အစ္စရေးက ပြန်လွှတ်ပေးခဲ့ပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက်အရ အစ္စရေးဓားစာခံများ လဲလှယ်တဲ့အခါ လွတ်မြောက်လာသူ ပါလက်စတိုင်း ၃၉ ဦးထဲမှ တစ်ဦး ဖြစ်ပါတယ်။

နိုဝင်ဘာလ(၂၉) ရက်နေ့အထိ အစ္စရေးက ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း ၁၈၀ ကို ပြန်လွှတ်ပေးခဲ့ပြီး ဟားမတ်စ်က ဓားစာခံ (၈၁) ယောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လွတ်မြောက်လာသူ ပါလက်စတိုင်း ၁၈၀ အနက် ၁၂၈ ဦးဟာ ရှာဟင်လိုပဲ တရားစွဲခံရခြင်းမရှိဘဲ အကျဉ်းချခံခဲ့ရပြီး သူတို့ကို ဘာခုခံကာကွယ်ခွင့်မှ မပေးခဲ့ပါဘူး။ တချို့ဆို ဘာကြောင့် အဖမ်းခံရတယ်ဆိုတာတောင် အစ္စရေးဘက်က မပြောပါဘူး။

အဲ့ဒီ ပါလက်စတိုင်းလူမျိုးတွေဟာ အစ္စရေးနိုင်ငံရဲ့ စစ်ဘက်တရားစီရင်ရေးစနစ်အောက်မှာ အကျဉ်းချခံခဲ့ရပြီး အဲ့ဒီပါလက်စတိုင်းတွေကို တရားစီရင်ခြင်း ဒါမဟုတ် စွဲချက်တင်ခြင်း မရှိဘဲ အကန့်အသတ်မရှိ ထိန်းသိမ်းထားခဲ့ပါတယ်။

အစ္စရေးဟာ အနောက်ဘက်ကမ်းကို ၁၉၆၇ ခုနှစ်တွင် သိမ်းယူပြီးကတည်းက မတူညီသော တရားစီရင်ရေးစနစ်နှစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနေရာမှာ ပါလက်စတိုင်းတို့ကို အစ္စရေးရဲ့ စစ်ခုံရုံးစနစ်နဲ့ တရားစီရင်ပြီး အစ္စရေးစစ်တပ်ကသူတွေက တရားသူကြီးနဲ့ အစိုးရရှေ့နေများအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဂျူးအခြေချနေထိုင်သူမတွေကိုတော့ အရပ်သားတရားရုံးတွေလက်အောက်မှာတရားစီရင်သွားပါတယ်။

ရှာဟင်က သူထောင်ကျနေချိန်အတွင်း ရှေ့နေတစ်ဦးနဲ့ တွေ့ဆုံခွင့် ဒါမဟုတ် မိသားစုနဲ့ စကားပြောခွင့် မပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ရှာဟင် အဖမ်းခံရချိန်မှာ အပြင်းအထန်ပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ တစ်ယောက်ယောက်ကို ဓားနဲ့ထိုးတယ်လို့ စွပ်စွဲတာတော့ မမှန်ပါဘူး။ သူတို့က ကျွန်မကို သေနတ်နဲ့ပစ်တယ်။ ကျောရိုးကို နှစ်ကြိမ် အပစ်ခံရပြီး ခန္ဓာကိုယ်အောက်ပိုင်း သေသွားတယ်။ ခြေထောက်မှာ ဘာခံစားမှုမှ မရှိတော့ဘူး” လို့ ရှာဟင်က ပြောခဲ့ကြောင်း CNN က ဖော်ပြထားပါတယ်။

သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှု၊ ကျူးလွန်မှု၊ ဖောက်ခွဲရေး ပစ္စည်းများ ပစ်ပေါက်ခြင်း အပါအဝင် ကြီးလေးသော ရာဇ၀တ်မှုများအတွက် ထောင်ဒဏ်များ ကျခံနေရကြောင်း အစ္စရေးတည့်မတ်ရေးဝန်ဆောင်မှုက ပြောကြားခဲ့တယ်လို့ CNN က ဖော်ပြထားပါတယ်။ ဒါပေမဲ့ အစ္စရေး အာဏာပိုင်တွေက CNN ကို ပေးခဲ့တဲ့ အချက်အလက်တွေအရ အများစုဟာ စွဲချက်တင်ခြင်း ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း မခံရကြောင်း ပြသနေတယ်လို့ CNN က ရေးသားထားပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေး အသက်မဝင်မီတွင် အစ္စရေးတရားရေးဝန်ကြီးဌာနက ဓားစာခံအဖြစ် ပြန်လွှတ်ပေးမယ့် ပါလက်စတိုင်း ၃၀၀ စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ စာရင်းမှာ ပါဝင်သူ အများစုဟာ စွဲချက်တင်ခြင်း ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခြင်း မရှိခဲ့ပါဘူး။

အဲ့ဒီ ပါလက်စတိုင်းတွေကို “ အစ္စရေးရဲ့ အုပ်ချုပ်ရေး ထိန်းသိမ်းမှု” အောက်မှာ ထိန်းသိမ်းထားပါတယ်။ လုံခြုံရေးအကြောင်းပြချက်နဲ့ အစ္စရေးအာဏာပိုင်တွေက ပါလက်စတိုင်းတွေကို အကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်ပြီး သက်သေအထောက်အထားတွေကို လူသိရှင်ကြား ထုတ်ပြန်မှာ မဟုတ်ဘူးလို့လည်း CNN က ဖော်ပြခဲ့ပါတယ်။

အစ္စရေးရဲ့ စနစ်အောက်မှာ ထိန်းသိမ်းခံထားရသူ အများအပြားဟာ သက်သေအထောက်အထားမရှိဘဲ ဘာကြောင့် အဖမ်းခံရတယ်ဆိုတဲ့ အကြောင်းရင်းမသိဘဲ ဖမ်းဆီးချုပ်နှောင်ခံနေရတာ ဖြစ်တယ်လို့ CNN က ဖော်ပြခဲ့ပါတယ်။

ဒါကြောင့် ချုပ်နှောင်ခံထားရသူတွေကို ခိုကိုးရာမဲ့ ခံစားရစေတယ်၊ ​​သူတို့ကို ဘယ်လိုစွပ်စွဲနေမှန်း မသိ၊ သက်သေပြဖို့ နည်းလမ်းမရှိဘူး၊ ဘယ်တော့ ပြန်လွတ်လာမယ်ဆိုတာ မသိကြဘူး၊ စွဲချက်တင်ခံရရင် ဒါမှမဟုတ် ရုံးတင်စစ်ဆေးမယ်ဆိုပါက စီရင်ချက်ချမှာလည်း မဟုတ်ဘူးလို့ အစ္စရေးလူ့အခွင့်အရေးအဖွဲ့အစည်း B’Tselem က ရှင်းပြပါတယ်။

အစ္စရေးဥပဒေအရ စီမံခန့်ခွဲရေးထိန်းသိမ်းမှုသည် ခြောက်လထက်မပိုဘဲ ထိန်းသိမ်းထားနိုင်ပေမယ့် ဒီကန့်သတ်ချက်ကို အကြိမ်အရေအတွက်အလိုက် သက်တမ်းတိုးနိုင်တယ်လို့ ဆိုပါတယ်။

အစ္စရေး ပြုပြင်ရေးဌာနမှ B’Tselem မှရရှိသော အချက်အလက်များအရ စက်တင်ဘာလအထိ ပါလက်စတိုင်း ၁၃၀၀ ကျော်အား အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားပြီး ခန့်မှန်းခြေ ထက်ဝက်ခန့်ဟာ ခြောက်လကျော် ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံ ပါလက်စတိုင်းကလေးများ

++++++++++++++++++++

နောက်ဆုံး ဓားစာခံ လဲလှယ်မှုအတွင်း အစ္စရေးဘက်က အသက် ၁၈ နှစ်အောက် ကလေးတွေကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ထုတ်ဖော်ပြသခဲ့တဲ့အတွက် ကမ္ဘာက အာရုံစိုက်ခံရပြီး ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

အစ္စရေး ပြုပြင်ရေး ဝန်ဆောင်မှုသည် စက်တင်ဘာလအထိ လုံခြုံရေးအရ ပါလက်စတိုင်းလူမျိုး အရွယ်မရောက်သေးသူ ၁၄၆ ဦးကို ထိန်းသိမ်းထားတယ်လို့ B’Tselem က ပြောပါတယ်။

ဒီဓားစာခံလဲလှယ်မှုမှာ လွတ်မြောက်လာတဲ့ အရွယ်မရောက်သေးသူအများစုဟာ အသက် ၁၆ နှစ်နဲ့ ၁၈ နှစ်ကြားတွေ ဖြစ်ပါတယ်။ လွတ်မြောက်လာသူစာရင်းမှာ အသက် ၁၄ နှစ်အရွယ် ငါးဦးနဲ့ အသက် ၁၅ နှစ်အရွယ် ခုနစ်ဦး ပါဝင်ပါတယ်။

မာလက်(ခ) ဆာလ်မန် (Malak Salman) ဟာ အစ္စရေးရဲအရာရှိတစ်ဦးကို ဓားနဲ့ထိုးရန်ကြိုးစားမှုအတွက် ၂၀၁၆ ခုနှစ်မှာ ဂျေရုဆလင်မှာ ဖမ်းဆီးခံခဲ့ရတဲ့အချိန်က အသက် ၁၆ နှစ် သာရှိပြီး အဲ့ဒီရဲအရာရှိဟာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မာလက်(ခ) ဆာလ်မန် ဟာ လူသတ်မှု ကျူးလွန်ရန် ကြိုးပမ်းမှုတွင် အပြစ်ရှိကြောင်း တွေ့ရှိပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရာပါတယ်။ အယူခံဝင်ရာမှာ ထောင်ဒဏ် တစ်နှစ် လျှော့ချပေးခဲ့ပါတယ်။

မာလက် (ခ) ဟာ ပြစ်ဒဏ် ကိုးနှစ်မှာ ရှစ်နှစ်ကြာ ထောင်ကျခံရပြီးနောက် နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပြီး ဂျေရုဆလင်မှာ သူ့မိသားစုနှင့် ပြန်လည် ဆုံစည်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မိသားစုဟာ သူလွတ်မြောက်လာတာကို ဂုဏ်ပြုခွင့် မရခဲ့ပါဘူး။

“ အစ္စရေး အာဏာပိုင်တွေက နေ့လည် ၂ နာရီ ကတည်းက ကျမတို့ အိမ်ကို ဝိုင်းရံထားတဲ့ အလှဆင်ပစ္စည်းတွေအားလုံးကို ဖြုတ်သွားပါတယ်။ သမီးလေး လွတ်မြောက်လာလို့ ဝမ်းသာတာကိုတောင် ဓါးပြတိုက် ခံခဲ့ရပါတယ်” လို့ ဆာလ်မန်ရဲ့ မိခင် ဖာတီမာ ဆာလ်မန်က CNN ကို ပြောကြားထားပါတယ်။

အမျိုးသားလုံခြုံရေးဝန်ကြီး Bengbir က ပါလက်စတိုင်းလွတ်မြောက်ရေးနဲ့ပတ်သက်တဲ့ အခမ်းအနားတွေကို အစ္စရေးက ပိတ်ပင်လိုက်ပြီး “ ဝမ်းမြောက်ကြောင်း ဖော်ပြတာဟာ အကြမ်းဖက်ဝါဒကို အထောက်အပံ့ ဖြစ်စေတယ်” “ အောင်ပွဲဆင်နွှဲခြင်းဟာ အဲ့ဒီလူသားအစွန်းအထင်းတွေအတွက် ခွန်အားဖြစ်စေတယ်” ဟု ပြောကြားခဲ့ပါတယ်။ Bengbir သည် အာရပ်များအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံရန် လှုံ့ဆော်မှုနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို ပံ့ပိုးကူညီမှုဖြင့် အရင်က အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ နိုင်ငံသားများ စည်းလုံးညီညွတ်မှုပြသခြင်းနဲ့ ကိုရမ်ကျမ်းပိုဒ်များကို ဆိုရှယ်မီဒီယာပေါ်တွင် တင်ခြင်းစတဲ့ အကြောင်းပြချက်တွေနဲ့ ပါလက်စတိုင်းတွေကို အစ္စရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်နေ့ကစတင်ပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 52 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 41 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က