နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

သက်တမ်းစေ့တဲ့ အစိုးရငွေတိုက်စာချုပ်တွေနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်ထားတာတွေကို NUG အသိပေး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်၊ ခေတ်မျတ်လုံး။

သက်တမ်းစေ့တဲ့ အစိုးရငွေတိုက်စာချုက်တွေနဲ့ပတ်သက်ပြီး စီမံဆောင်ရွက်ထားတာတွေကို NUG က တော်လှန်ပြည်သူတွေကို မနေ့ကရက်စွဲနဲ့ အသိပေးကြေညာခဲ့တယ်လို့ သိရပါတယ်။

သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေ ပြန်လည်ရွေးနုတ်ဖို့ အစီအစဉ်ရှိတဲ့ ငွေတိုက်စာချုပ်ပိုင်ရှင်တွေအနေနဲ့ https://www.unitedbonds-nug.org/ မှာ ပြန်လည်ရွေးနုတ်တဲ့ ပုံစံ(ဃ)ကို အချက်အလက်ဖြည့်သွင်းဖို့လိုအပ်မယ်လို့ ဆိုပါတယ်။

အဲ့ဒီ ပုံစံ(ဃ)ကို အချက်အလက်မှန်ကန်စွာ ဖြည့်သွင်းပေးတဲ့ ငွေတိုက်စာချုပ်ပိုင်ရှင်တွေထံကို (၂)ပတ်ကနေ (၄)ပတ်အတွင်း ရွေးနုတ်ငွေ ပြန်လည်လွှဲပြောင်းပေးပို့သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ငွေတိုက်စာချုပ် သက်တမ်းတိုးဖို့ ဆုံးဖြတ်ထားသူတွေအနေနဲ့လည်း သီးခြားနည်းလမ်းဆောင်ရွက်ဖို့ မလိုအပ်ဘဲ လက်ဝယ်ရှိ ငွေတိုက်စာချုပ်ကို ဆက်လက်သိမ်းဆည်းထားရုံမျှနဲ့ သက်တမ်း (၁)နှစ်တိုးတဲ့လုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်ပါတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် NUG က ရောင်းချနေတဲ့ မြေကွက်၊ တိုက်ခန်း၊ ရှယ်ယာတွေအဖြစ် ပိုင်ဆိုင်မှုလွှဲပြောင်းလိုသူတွေအနေနဲ့လည်း ပုံစံ(ဃ)ဖြည့်သွင်းဖို့မလိုအပ်ဘဲ ဆောင်ရွက်ဖို့နည်းလမ်းတွေကို သီးသန့်ကြေညာချက်ထုတ်ကာ ထပ်မံအသိပေးသွားမယ်လို့ NUG က ပြောဆိုထားပါတယ်။

ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်မယ့် တော်လှန်ပြည်သူတွေအနေနဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ်မှာ ငွေစာရင်းဖွင့်လှစ်တာ ဒါမှမဟုတ် NUGPay အကောင့်ဖွင့်လှစ်တာ စီမံဆောင်ရွက်ထားဖို့ မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။

KPICT ကတစ်ဆင့် ငွေတိုက်စာချုပ်ဝယ်ထားသူတွေအနေနဲ့လည်း တန်ဖိုးငွေ ပြန်လည်ရွေးနုတ်တာ ဒါမှမဟုတ် ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့ကိစ္စရပ်တွေကို KPICT ကတစ်ဆင့်သာ ဆောင်ရွက်ဖို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေးမြိုမှာ DKBA ခေါင်းဆောင်တဦးကို ရေးဘီလူးတပ်ရင်း ဝင်ရောက်ပစ်ခတ်၊ လက်နက်ခဲယမ်းအချို သိမ်းဆည်းရမိခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ရေးမြိုနယ်မှာ စစ်တပ်နဲ့ပူးပေါင်းတဲ့ DKBA ခေါင်းဆောင် ထွန်းရီဆိုသူကို ပစ်ခတ်ခဲ့တယ်လို ရေးဘီလူးတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ကဆုန်လပြည့်ဗုဒ္ဓနေ့ အကျဉ်းသား (၁၅၀၀)ကျော်ကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင် လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့မှာကျရောက်တဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းသား (၁၅၀၈)ဦးကို ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်က လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်က
မြန်မာသတင်း

ပုလဲနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက်အကျအဆုံး များပြားခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
ဧပြီလ (၃၀)ရက်။ ဖေဖော်ဝါရီလ (၂၂ရက်နေ့ကစပြီး ပုလဲနယ် ချင်ပစ်-မုံသွင်ဘက်မှာ အင်အား (၄၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေအကြား (၁)လကျော်ကြာ
မြန်မာသတင်း

မြိုင်မြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 31 Views
ဧပြီလ (၂၉)ရက်။ ဒီကနေ့ မြိုင်မြို့နယ်အရှေ့မြောက်ရှိ စစ်ကော်မရှင်ဂိတ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကော်မရှင်ဂိတ်စခန်းကို ပခုက္ကူခရိုင် အမှတ်(၂၊၆၊၇)တပ်ရင်းတွေ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်တော်(MGY) အညာမြေတပ်ပေါင်းစုနဲ့ မြိုင်(ပ.က.ဖ)တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲဟာ (၁)နာရီနီးပါး ကြာမြင့်ခဲ့ပြီး အဲ့ဒီဂိတ်နေရာမှာ
မြန်မာသတင်း

“ The Low-Class Intellectuals”

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 28 Views
By U Tin Nyunt (April 16, 2026) Note: The Author was arrested after he published the article and his whereabout
မြန်မာသတင်း

ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက် ဖောက်ခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 36 Views
စစ်တပ်ဘက်က လက်နက်မျိုးစုံ (၂၀၀)ခန့် ပျက်စီးခဲ့ပြီး (၄)ဦးသေဆုံးခဲ့ ဧပြီလ (၂၉)ရက်။ ဧပြီလ (၁၉)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ရေးမြို့ ဖားအင်အခြေစိုက် စစ်တပ်ရဲ့ စကခ(၁၉)ရှိ လက်နက်ခဲယမ်းတိုက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ နည်းဗျူဟာ(၃၃)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အရောတော်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဒဏ်ရာရတဲ့ ပျူစောထီးမိသားစုကို ပကဖက ကယ်ဆယ်စောင့်ရှောက်ထား

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 25 Views
ဧပြီလ (၂၉)ရက်။ အရာတော်ဒေသမှာ ဒဏ်ရာရတဲ့ စစ်တပ်ဒေါက်တိုင် ပျူစောထီးမိသားစုကို မြို့နယ်ပကဖက တိုက်ပွဲကနေ ကယ်ဆယ်စောင့်ရှောက်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သလဲဘာရွာ ပြည်သူ့စစ်ရဲဘော် ငလင်းရဲ့ ဇနီးနဲ့ ကလေးငယ်တဦးဟာ အရာတော်ဒေသ တိုက်ပွဲထဲ စစ်တပ်ရဲ့
မြန်မာသတင်း

နွားထိုးကြီးနယ် ထိတွေ့တိုက်ပွဲထဲ စစ်တပ်ဘက်က (၂၀)ဦးခန့် ‌သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 29 ရက်
  • 38 Views
ဧပြီလ (၂၉)ရက်။ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ နွားထိုးကြီး PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ခံစပ်ကုန်း(န)ရွာကနေ အင်အား