နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ပလက်ဝဒေသတစ်ခုလုံးက စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ထုတ်ပြန်

ဇန်နဝါရီလ (၉)ရက်။

ချင်းပြည်နယ်၊ ပလက်ဝဒေသတစ်ခုလုံးက စစ်ကောင်စီစခန်းတွေကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့အတွက် မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပလက်ဝအနောက်ခြမ်းက စစ်ကောင်စီစခန်းအားလုံးဟာ ရက္ခိုင့်တပ်တော်(AA)ရဲ့ လက်ထဲကို ကျရောက်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် တစ်ပြိုင်နက်ထဲမှာ ပလက်ဝပတ်ဝန်းကျင်အနီးက သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ စခန်းတွေကို တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေတယ်လို့ အသိပေးထားပါတယ်။

တဖက်မှာ စစ်ကောင်စီက ပလက်ဝမြို့က ဗျူဟာကုန်းကြီးနဲ့ တပ်မတွေ မကျဆုံးဖို့အတွက် လေကြောင်းပစ်ကူနဲ့ ဗျူဟာကုန်းတွေက လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံကာကွယ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၇)ရက်နေ့ ညနေ(၄)နာရီအချိန်က ရခိုင်ဒေသ၊ မြောက်ဦးရှိ စစ်ကောင်စီရဲ့ သင်းကျစ်တော်တောင်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထံက စစ်အသုံးအဆောင်တွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်သတင်းသမားတွေ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC) ဖွဲ့စည်း

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 47 Views
ဇွန်လ (၂၂)ရက်။ ပြည်တွင်း၊ ပြည်ပရှိ လွတ်လပ်တဲ့ ရခိုင်သတင်းသမားတို့ စုပေါင်းပြီး အာရက္ခမီဒီယာကောင်စီ(APC)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
၁၁၁၃ ရခိုင်စစ်ပွဲ

CPU/CPA နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 21 ရက်
  • 148 Views
ဧပြီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချင်းအမျိုးသားအစည်းအရုံး(CPU/CPA)နဲ့ AA ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ CPU ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ‌ဝင်တွေဟာ AA က ဖိတ်ကြားတာကြောင့် အာရက္ခဒေသကို သွားရောက်ပြီး
၁၁၁၃ ရခိုင်စစ်ပွဲ

ပုဏ္ဏားကျွန်းမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား (၁၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 272 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “(၂)နာရီ (၇)မိနစ်လောက်က ပုဏ္ဏယးကျွန်း ယိုးငူရွာက ဈေးတန်းကို အကြမ်းဖက်စစ်ကော်မရှင်တပ်က
၁၁၁၃ ရခိုင်စစ်ပွဲ

ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 974 Views
ဇန်နဝါရီလ (၃၀)ရက်။ ဇန်နဝါရီလ (၂၈)ရက် ညနေ (၅)နာရီခွဲကျော်အချိန်က ပန်းတောင်းမြို့ရှိ စစ်တပ်ရဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်‌တွေထံက သိရပါတယ်။ “ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ပွိုင့်(၆၆၆)စခန်းကုန်းကို AA နဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့မှာ စစ်ဘေးရှောင်တွေရှိတဲ့ မရွင်းရွာစာသင်ကျောင်း ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 1.41K Views
ဇန်နဝါရီလ (၂၄)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ဖြူမြို့ရှိ မရွင်းရွာစာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “မရွင်းရွာကို စစ်တပ်က အသေခံဒရုန်း (၂)စီးနဲ့ ဗုံးကြဲသွားတာ။ အဲ့ဒီမှာ စစ်ရှောင်တွေနေတဲ့ ရွာစာသင်ကျောင်းဝန်းထဲကို
၁၁၁၃ ရခိုင်စစ်ပွဲ

မောင်တောရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့က အလစ်ဝင်တိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 334 Views
ဒီဇင်ဘာလ (၁၅)ရက်။ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က မောင်တောခရိုင် အထက်ကျီးကျွန်း နယ်စပ်မှတ်တိုင် (၂၀/၂၁)ကြားရှိ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းတခု တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA ရဲ့ နယ်စပ်လုံခြုံရေးစခန်းကို
၁၁၁၃ ရခိုင်စစ်ပွဲ

ကျောက်ဖြူမြို့ လေကြောင်းဗုံးကြဲခံရပြီး အရပ်သား (၈)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 351 Views
ဒီဇင်ဘာလ (၁၂)ရက်။ မနေ့က ည (၇)နာရီခွဲကျော်အချိန်က ကျောက်ဖြူမြို့ရှိ င/လုံးစု အထက်ရွာနဲ့ အောက်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မြောက်ဦးဆေးရုံကို လေကြောင်းကနေ ဗုံးကြဲသလိုမျိုး ကျောက်ဖြူမြို့