နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 20 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ပလက်ဝဒေသတစ်ခုလုံးက စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ထုတ်ပြန်

ဇန်နဝါရီလ (၉)ရက်။

ချင်းပြည်နယ်၊ ပလက်ဝဒေသတစ်ခုလုံးက စစ်ကောင်စီစခန်းတွေကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့အတွက် မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပလက်ဝအနောက်ခြမ်းက စစ်ကောင်စီစခန်းအားလုံးဟာ ရက္ခိုင့်တပ်တော်(AA)ရဲ့ လက်ထဲကို ကျရောက်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် တစ်ပြိုင်နက်ထဲမှာ ပလက်ဝပတ်ဝန်းကျင်အနီးက သိမ်းပိုက်ဖို့ကျန်ရှိနေသေးတဲ့ စခန်းတွေကို တစ်ခုမကျန် သိမ်းပိုက်ရယူနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေတယ်လို့ အသိပေးထားပါတယ်။

တဖက်မှာ စစ်ကောင်စီက ပလက်ဝမြို့က ဗျူဟာကုန်းကြီးနဲ့ တပ်မတွေ မကျဆုံးဖို့အတွက် လေကြောင်းပစ်ကူနဲ့ ဗျူဟာကုန်းတွေက လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံကာကွယ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၇)ရက်နေ့ ညနေ(၄)နာရီအချိန်က ရခိုင်ဒေသ၊ မြောက်ဦးရှိ စစ်ကောင်စီရဲ့ သင်းကျစ်တော်တောင်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီထံက စစ်အသုံးအဆောင်တွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ (၂)ရက်ဆက်တိုက် ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ပြည်သူ (၈)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 31 Views
မေလ (၁၆)ရက်။ မေလ (၁၄)ရက်နဲ့ (၁၅)ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA
၁၁၁၃ ရခိုင်စစ်ပွဲ

အပစ်ရပ်ကာလကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာတွေအပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 15 ရက်
  • 15 Views
မေလ (၁၅)ရက်။ အပစ်ရပ်ကာလ ထပ်တိုးထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေအပေါ် တိုက်ခိုက်နေတာကို ပြင်းထန်စွာရှုတ်ချတယ်လို့ AA က မနေ့က
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 8 ရက်
  • 43 Views
မေလ (၈)ရက်။ အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ
1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ စည်းလုံးညီညွတ်မယ်လို့ ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 10 ရက်
  • 65 Views
ဧပြီလ (၁၀)ရက်။ တော်လှန်ရေးအောင်ပွဲရောက်တဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓါတ်နဲ့ စည်းလုံးညီညွတ်မယ်လို့ ဒီကနေ့မှာကျရောက်တဲ့ AA (၁၆)နှစ်ပြည့်မှာ TNLA နဲ့ MNDAA တို့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ အခက်အခဲ ဖိအားပေါင်းစုံကို
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်နဲ့ ပဲခူးအစပ်က စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်းကို AA သိမ်းပိုက်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 84 Views
မတ်လ (၁၄)ရက်။ မနေ့က ရခိုင်နဲ့ ပဲခူးအစပ် ပန်းတောင်းမြို့နယ်က စစ်ကောင်စီရဲ့ ညောင်ကျိုးတပ်စခန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညောင်ကျိုးတပ်စခန်းက ရခိုင်-ပဲခူးအစပ် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့အနီး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင် ကျောက်ဖြူမြို့ကို AA စတင်ထိုးစစ်ဆင်နေပြီး တိုက်စစ်အရှိန်ရနေပြီလို့ဆို

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 76 Views
‌မတ်လ (၂)ရက်။ ရခိုင်ပြည်နယ်ထဲမှာ ကျန်ရှိနေတဲ့ ကျောက်ဖြူမြို့က စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်(AA)က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။ “ အခု ကျောက်ဖြူဘက်ကို တိုက်စစ်စတင်နေပြီ။ မြို့အစွန်ကျတဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ ရဲတပ်ရင်းကို စတင်တိုက်ခိုက်နေတာ၊ တိုက်စစ်အရှိန်ရလာနေပြီဖြစ်ပါတယ်” လို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA နဲ့တရုတ်အပေးအယူလုပ်မလား?

  • 2025 ခုနှစ်၊ မတ်လ 2 ရက်
  • 90 Views
အညာတပ်ပေါင်းစုမျှော်လင့်ချက် ခေတ်မျက်လုံးရဲ့ ဒီည LIVE ဆွေး‌နွေးခန်းမှာ KIA နဲ့ TNLA ကြားပွတ်တိုက်မှုကိုသုံးသပ်ခြင်းနဲ့  စစ်တွေနဲ့ ကျောက်ဖြူကို ထိုးစစ်ဆင်နေတဲ့ AA အပေါ်  တရုတ်ကကြားဝင်ညှိနေတဲ့ အခြေအနေ ပေါ်အမြင်နဲ့ တော်လှန်‌ရေးအသိတွေ ရင့်ကျက်လာတာနဲ့အမျှ အညာဒေသမှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အင်းစိန်ထောင်က ရိုဟင်ဂျာ (၉၀၀)ကျော်ကို စစ်ကောင်စီ ရခိုင်ပို့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 86 Views
ဖေဖော်ဝါရီလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီဝန်းကျင်ခန့်ကစပြီး လွတ်ရက်စေ့ ရိုဟင်ဂျာ (၉၃၆)ဦးကို စစ်ကောင်စီက အင်းစိန်ထောင်ကနေ ခေါ်ထုတ်သွားခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်းစိန်ထောင်က လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာ