နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟူသီသူပုန်တွေရဲ့တိုက်ခိုက်မှုရပ်တန့်ဖို့ ကုလလုံခြုံရေးကောင်စီတောင်းဆို

ပင်လယ်နီထဲမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်ခြင်းမပြုဖို့ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေကို ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုချက်ကို ကုလသမဂ္ဂလုံခြုံရေးအဖွဲဝင် 11 နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပြီး ဟူသီသူပုန်တွေဖမ်းဆီးထားတဲ့ Glaxy Leader သင်္ဘောနဲ့အတူ နိုင်ငံစုံက သင်္ဘောသားတွေကို ချက်ချင်းလွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့တာပါ။

အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေဟာ ဂါဇာပဋိပက္ခအပေါ် မကျေနပ်တာကြောင့် ပင်လယ်နီထဲမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို အနှောက်အယှက်ပေးတိုက်ခိုက်မှုတွေပြုလုပ် နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဟူသီသူပုန်တွေရဲ့ လုပ်ရပ်ဟာ ကမ္ဘာလုံးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးနဲ့ ရေကြောင်းလွတ်လပ်ခွင့်၊ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကိုပါ ထိခိုက်စေတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် 11 နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ မဲခွဲတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် 15 နိုင်ငံမှာ အခြား 4 နိုင်ငံဖြစ်တဲ့ မိုဇမ်ဘစ်၊ အဲလ်ဂျီးရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေကတော့ အဲဒီဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခြင်းမရှိဘဲ ကြားနေခဲ့ကြပါတယ်။ ရုရှားနဲ့တရုတ်တို့က ဒီကိစ္စမှာ သူတို့ရရှိထားတဲ့ ဗီတိုအာဏာကို အသုံးပြုခွင့်ရှိပေမယ့်လည်း အသုံးမပြုခဲ့ကြပါဘူး။

“ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုကို တကမ္ဘာလုံးက ရပ်တန့်စေချင်နေကြတာရှင်းပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေအားလုံးဟာ ပင်လယ်နီအတွင်း တရားဝင်ဖြတ်သန်းသွားလာမှုကို အတားအဆီးမရှိလုပ်ဆောင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်”လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမက်စ်က ပြောသွားခဲ့တာပါ။ ဟူသီသူပုန်တွေဟာ လက်ရှိမှာ ဂျပန်ကုမ္ပဏီပိုင် Glaxy Leader သင်္ဘောနဲ့ အဲဒီသင်္ဘောမှာပါတဲ့ နိုင်ငံစုံက သင်္ဘောသား 25 ဦးကို ဖမ်းဆီးထားသလို အခြားသင်္ဘောတွေကိုလည်း 26 ကြိမ်တိတိတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

ဟူသီသူပုန်တွေကတော့ အစ္စရေးရဲ့ ဂါဇာအပေါ်ရက်စက်မှုအတွက် လက်စားချေတဲ့အနေနဲ့ အစ္စရေး သို့မဟုတ် အစ္စရေးနဲ့စပ်ဆက်နေတဲ့ သင်္ဘောတွေအားလုံးကို တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တာပါ။ ဒါပေမယ့် တကယ့်လက်တွေမှာ ဟူသီတွေဟာ အစ္စရေးနဲ့ စပ်နွှယ်ခြင်းမရှိတဲ့ သင်္ဘောတွေကိုပါ တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ အဲဒီလို ဟူသီသူပုန်တွေတိုက်ခိုက်နေလို့ သင်္ဘောကုမ္ပဏီတွေက ပင်လယ်နီအတွင်း ဖြတ်သန်းသွားလာခြင်းမပြုတော့သလို စူးအက်စ်တူးမြောင်းအတွင်း ဖြတ်သန်းသွားလာကုန်သွယ်မှုကလည်း သိသိသာသာလျော့ကျလာခဲ့ပါတယ်။ ဟူသီသူပုန်တွေရဲ့ ရန်ကို ကာကွယ်ဖို့အတွက် အမေရိကန်ဦးဆောင်တဲ့ နိုင်ငံ 6 နိုင်ငံက ပင်လယ်နီအတွင်း လုံခြုံရေးယူ ကင်းလှည့်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 3 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 11 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 13 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 14 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 23 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့ သတင်းပေးချက်နဲ့