၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်၊ ခေတ်မျက်လုံး။
တအာင်းပြည်နယ်၊ တပ်မဟာ(၂)စစ်ဒေသ ကျောက်မဲမြိုနယ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ မနက် (၉) နာရီ (၁၈) မိနစ်အချိန်မှာ ကျောက်မဲမြို့ စစ်ကောင်စီ ၅၀၁-၅၀၂ တပ်စခန်းကနေ စစ်အင်အား အလုံးအရင်းနဲ့ တအာင်းတပ်မတော် တည်ရှိတဲ့ ငြိမ်းချမ်းရေးကုန်းကို လာရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော်ဘက်က အခြေချ တပ်စွဲထားတဲ့ ငြိမ်ချမ်းရေးကုန်းကို အရပ်သားပြည်သူတွေ စစ်ဘေးဒဏ်သင့်မှာကို စိုးရိမ်ရပြီး ဆုံးရှုးမှုများမှာကို စိုးရိမ်ရတဲ့အတွက် ယာယီ နောက်ဆုတ်ပေးလိုက်ရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ပူပူနွေးနွေး ထိုးထားခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို စစ်ကောင်စီဘက်က ပေါ်ပေါ်တင်တင်ချိုးဖောက်လိုက်ပြီး ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို ဒုတိယအကြိမ် ချိုးဖောက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့က ဒီဇင်ဘာလ (၁၂) ရက်နေ့မှာလည်း စစ်ကောင်စီဘက်က မိုးကုတ်၊ ကျောက်မဲ၊ လားရှိးမြိုနယ်တို့မှာ တအာင်းတပ်မတော် TNLA တည်ရှိရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။