ဇန်နဝါရီလ (၁၇)ရက်။
ကရင်ပြည်နယ်ဘက်မှာ ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ကို ဇန်နဝါရီလ (၁၅)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က စစ်ကောင်စီရဲ့ တိုက်လေယာဉ်ဟာ ကရင်ပြည်နယ် သံတောင်မြို့အနီးက ကျေးရွာတွေဘက်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၄)ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား ကမဒီဟိုဖောလီရွာရှိ လယ်ကွင်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ပွဲဖြစ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်ပျက်ကျရာနေရာသို့ သွားရောက်ခဲ့ပြီး ပျက်စီးသွားတဲ့ တိုက်လေယာဉ်ကို မီးရှို့ခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် တိုက်လေယာဉ်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီနေရာအနီးက ရွာသားတွေရဲ့ စပါးကျီနဲ့ တဲတစ်လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ KHRG က ပြောဆိုထားပါတယ်။
ပျက်ကျခဲ့တဲ့ တိုက်လေယာဉ်ဟာ K-8W အမျိုးအစားတိုက်လေယာဉ်ဖြစ်ပြီး ဗိုလ်မှူး ခိုင်သန့်မိုးမောင်းနှင်ခဲ့ကာ ကရင်နီတော်လှန်ရေးအင်အားစုတွေက ပစ်ချခဲ့သလို ဗိုလ်မှူး ခိုင်သန့်မိုးကို ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။