နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 26 ရက်

ချင်းတော်လှန်ရေး

ချင်းတော်လှန်ရေး

သိုင်းငင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၉ လောင်းတွေ့ရှိ

ဇန်နဝါရီလ (၁၆) ရက်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး စခန်းရှင်းလင်းရေး လုပ်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၉ လောင်းတွေ့ရှိတယ်လို့ CDF CDM-Siyin တာဝန်ရှိသူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် (၉) ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် သေနတ်အလက် (၃၀) ကျော်နဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

သိုင်းငင်းစစ်ကောင်စီစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်ကြတွေ့ CNA, CDF CDM-Siyin, TCDF, CDF-Zanniatram, CDF-KKG, CDF -Thantlang, CDF-Hakha, PDA နဲ့ CDF-Hualngoram တို့က ဇန်န၀ါရီလ (၁၂) ရက်နေ့ ညနေပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး ဒီနေ့ ဇန်န၀ါရီ (၁၆) ရက် မနက်ပိုင်းမှာသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က (၂၉) ဦး သေဆုံးခဲ့ပြီး (၉) ဦး အရှင်ဖမ်းမိကာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က (၈) ဦး ကျဆုံးတယ်လို့ CDF CDM-Siyin တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ချင်းတော်လှန်ရေး

ကလေး-တီးတိန်လမ်းပေါ်က သိုင်းငင်းဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 38 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်၊ ခေတ်မျက်လုံး။ စစ်ကောင်စီ တပ်စွဲထားတဲ့ ကလေး-တီးတိန်လမ်းပေါ်က သိုင်းငင်း ဗျူဟာ စခန်းကို