ဇွန်လ (၁၅)ရက်။
ဆောမြို့မှာ NUG လက်အောက်ခံ မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သေဒဏ်ကျခံနေရတဲ့ တရားခံတဦး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
အဲ့ဒီတရားခံဟာ မင်းမင်းစိုးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အသက်(၁၃)နှစ်အရွယ် မိန်းကလေးငယ်တဦးကို မုဒိန်းကျင့်ကာ သတ်ဖြတ်ပြီး အလောင်းဖျောက်မှု ကျူးလွန်ခဲ့တာလို့ ယောအလင်းတန်းက ဆိုပါတယ်။
တရားခံ မင်းမင်းစိုးကို NUG တရားရုံးက ရာဇသတ်ကြီးပုဒ်မ (၃၇၆)၊ (၃၀၂)၊ (၂၀၁)တို့နဲ့ တရားစွဲကာ (၅)လကြာ ကြားနာစစ်ဆေးခဲ့ပြီးနောက် သေဒဏ်ချမှတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အခုအခါမှာတော့ သေဒဏ်ချမှတ်ခံထားရတဲ့ တရားခံ မင်းမင်းစိုးဟာ ဖမ်းဆီးထိန်းသိမ်းထားချိန် ထွက်ပြေးလွတ်မြောက်နေတာ တပတ်ကျော်ခန့်ရှိပြီဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆောမြို့နယ်ပလဖဘက်ကတော့ တရားဝင် ထုတိပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
ဒါပေမယ့် တဖက်မှာတော့ တရားခံ မင်းမင်းစိုးကို ပြန်လည်ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေပြီး တွေ့ရှိရင် အမြန်ဆုံး အကြောင်းကြားဖို့ တာဝန်ရှိသူတွေက အသိပေးထားတယ်လို့ သိရပါတယ်။








