နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ပလက်ဝဒေသရှိ စစ်ကောင်စီတပ်ထံကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို AA ထုတ်ပြန်

ဇန်နဝါရီလ (၁၈) ရက်။

ပလက်ဝဒေသအခြေစိုက် စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်တဲ့ ခလရ(၂၈၉)နဲ့ စကခ(၁၉)ကနေ့ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို AA က ဒီကနေ့မှာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပလက်ဝဒေသ စစ်ကောင်စီတပ်ရဲ့ ခလရ (၂၈၉) တပ်ရင်းဌာနချုပ်ကို ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက် (၇) နာရီ (၁၀) မိနစ်အချိန်မှာ ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခလရ (၂၈၉) တပ်ရင်းဌာနချုပ်ဟာ ပလက်ဝဒေသတစ်ခုလုံးက သူတို့ရဲ့တပ်စခန်းတွေအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကတပ်မဌာနချုပ်တစ်ခုဖြစ်ကာ တပ်မမှူးတွေ ပူးတွဲကြီးကြပ်ကွပ်ကဲနေတဲ့ “ စစ်ဗျူဟာကုန်းကြီး” ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပလက်ဝဒေသထဲက တပ်ရင်းတွေနဲ့ ဒေသထဲ အခြေချလှုပ်ရှားနေတဲ့ စကခ(၁၉)နဲ့ တပ်မ(၁၁)တို့က တပ်မမှူးတွေအားလုံးဟာ ပလက်ဝမြို့မှာ အတူရှိနေကြပြီး အဲ့ဒီနေရာကနေ ကွပ်ကဲအုပ်ချုပ်နေတာကြောင့် ပလက်ဝမြို့ဟာ အကြီးဆုံးဗျူဟာစခန်းကုန်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် ပလက်ဝဒေသထဲက နောက်ဆုံးသိမ်းပိုက်ရန်ကျန်နေတဲ့ “ နှမဒါဗျူဟာ” က ဗျူဟာစခန်းကိုလည်း ဇန်နဝါရီလ (၁၄) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တာကြောင့် အဲ့ဒီနေ့ကစပြီး ပလက်ဝဒေသမှာ စစ်ကောင်စီလုံးဝကင်းစင်တဲ့ဒေသ ဖြစ်လာခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။

ရခိုင်နဲ့ ပလက်ဝဒေသထဲက သိမ်းပိုက်ရရှိခဲ့တဲ့ ဗျူဟာစခန်းတွေ၊ အထိုင်ချစခန်းတွေနဲ့ လက်နက်ကြီးစခန်းတွေအပါအဝင် စခန်းသိမ်းတိုက်ပွဲတိုင်းဟာ လွယ်လင့်တကူ အသာတကြည်ရရှိခဲ့တဲ့ စခန်းတွေ တစ်ခုမှမရှိဘူးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

နတ်ရေကန်ဗျူဟာကုန်းအပါအဝင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးရမိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 47 Views
နိုဝင်ဘာလ (၁၂)ရက်။ နတ်ရေကန်ဗျူဟာကုန်းအပါအဝင် နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 74 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ပဲခူးရှိ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို AA သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 84 Views
အောက်တိုဘာလ (၁၆)ရက်။ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပန်းကန်ကွဲရွာအနီးက စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းဟာ ပန်းကန်ကွဲရွာရဲ့ တောင်ဘက် (၉)ကီလိုမီတာအကွာမှာရှိပြီး ‌AA က
၁၁၁၃ ရခိုင်စစ်ပွဲ

ပသုံးလုံးက ပြည်သူကို ဓားနဲ့ပိုင်း၊

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 327 Views
တီမောက NUG ကို ကျောခိုင်း၊  AA က ARSA ကို အနိုင်ပိုင်း အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း(၁၃) ဒီတနင်္ဂနွေအပတ်စဥ်နိုင်ငံရေးဖြစ်စဥ်မှာ ထူးခြားတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ကြောင်းအရာတွေကတော့ ၁။ ယင်းမာပင်ခရိုင် ဆားခါးကျေးရွာက ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ယောက်ကို ပကဖနဲ့ ပအဖ
၁၁၁၃ ရခိုင်စစ်ပွဲ

အလင်းဝင်ဘက်ပြောင်းချင်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 924 Views
ဇူလိုင်လ (၁၅)ရက်။ စစ်ကောင်စီတပ်ဆီမှာ အဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အလင်းဝင်ဘက်ပြောင်းချင်ရင် အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာပြည်အနှံက လူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာကို ခံရပြီး အမျိုးမျိုး
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ကိုပို့မယ့် (၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 934 Views
ဇွန်လ (၁၃)ရက်။ ရခိုင်ကိုပို့မယ့် (၈)ဒသမ(၁၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၇)သိန်းကျော်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီးမှာ မူးယစ်ဆေးဝါး
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ရှိ သံတွဲမြို့က နေရာ (၃)ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ (၁၂)နှစ်အရွယ်အပါအဝင် စစ်ရှောင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 976 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၇)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ နေရာ (၃)ခုကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ည (၁၀)နာရီကျော်အချိန်မှာ သံတွဲမြို့က
၁၁၁၃ ရခိုင်စစ်ပွဲ

မင်းပြားမှာ (၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိထားတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 971 Views
ဇွန်လ (၆)ရက်။ မင်းပြားမြို့ ဖားပြိုရွာမှာ (၉)နှစ်အရွယ်ရှိ မအိအိဆန်းကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ သံသယတရားခံ (၈)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအမှုဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းမှာ (ပ)၆၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ