နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အပြန်အလှန် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်နဲ့ အီရန်တင်းမာနေ

အီရန်နိုင်ငံအတွင်းက ဘယ်လော့ချ်စစ်သွေးကြွတွေကို ဒုံးကျည်နဲ့ ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်မှုပြုုလုပ်ခဲ့ တယ်လို့ ပါကစ္စတန်အာဏာပိုင်တွေက ဇန်နဝါရီလ 18 ရက်နေ့မှာအတည်ပြုပြောဆိုလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ပါကစ္စတန်နိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့တွေကို အီရန်နိုင်ငံက တိုက်ခိုက်ပြီး နှစ်ရက် အကြာမှာ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရိုက်တာသတင်းဌာနကအတည်ပြုထားတဲ့ ဗီဒီယိုသက်သေတွေအရ အီရန်နိုင်ငံနဲ့ ပါကစ္စတန်နယ်စပ်အနီးက ရွာတစ်ရွာမှာ တိုက်ခိုက်မှုတွေဖြစ်ပွါးခဲ့တာပါ။ အီရန်မီဒီယာတွေရဲ့ဖော်ပြချက်အရ တိုက်ခိုက်ခံရမှုကြောင့် ကလေး ၄ ဦးအပါအအဝင် လူ ၉ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အီရန်နဲ့ပါကစ္စတန်တို့ဟာ အရင်က ဆက်ဆံရေးခိုင်မာတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပေမယ့် အခုတိုက်ခိုက်မှုဖြစ်စဉ်တွေဟာ မကြာသေးခင်နှစ်တွေအတွင်း အမြင့်ဆုံးနယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။

ဂါဇာပဋိပက္ခကြောင့်အရှေ့အလယ်ပိုင်းဒေသမှာ မတည်ငြိမ်မှုတွေဖြစ်ပေါ်နေပြီး အခုဖြစ်စဉ်ကလည်း ဒေသတွင်းလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့ပြန်ပါတယ်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇာဟာရာဘယ်လော့ချ်က သူတို့ရဲ့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားအများအပြားသေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

“ ဒီမနက်တိုက်ခိုက်မှုဟာ ထောက်လှမ်းရေးတွေရဲ့အကူအညီနဲ့ ပါကစ္စတန်ကို ဆန့်ကျင်နေတဲ့ အကြမ်းသမားတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ ပါကစ္စတန်ရဲ့ ညီနောင်နိုင်ငံတစ်ခုပါ။ ပါက္စတန်အနေနဲ့ အီရန်အပေါ် လေးစားမှုရှိပါတယ်” လို့ ဇာဟာရာဘယ်လော့ချ်က ပြောသွားခဲ့တာဖြစ်ပါတယ်။

အခြားထုတ်ပြန်ကြေညာချက်တွေမှာတော့ အီရန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို အလေးထားဖော်ပြထားပြီး ပဋိပက္ခမဖြစ်ရေးအတွက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုထားတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ ပါကစ္စတန်စစ်တပ်ရဲ့ အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးကတော့ သူတို့အနေနဲ့ အီရန်နိုင်ငံဘက်က တုံ့ပြန်မှုတွေကို ပြန်ရင်ဆိုင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

တီဟီရန်အစိုးရဘက်ကတော့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တာကြောင့် ပါကစ္စတန်ရဲ့တိုက်ခိုက်မှုကို ကန့်ကွက်ထားပြီး သံတမန်နည်းအရ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားပါတယ်။ သေဆုံးသွားတဲ့သူတွေဟာ အီရန်နိုင်ငံသားတွေမဟုတ်ဘူးလို့ ပါကစ္စတန်ပြည်နယ်ထဲရေးဝန်ကြီး အာမက်ဗာဟီဒီက​ ဖြေရှင်းထားပါတယ်။

ပစ်မှတ်တွေဟာ ပါကစ္စတန်နိုင်ငံကို ဆန့်ကျင်နေပြီး လက်နက်ကိုင်သောင်းကျန်းနေတဲ့ ဘယ်လော့ချ်လွတ်မြောက်ရေးတပ်ရဲ့ အခြေစိုက်စခန်းတွေသာဖြစ်တယ်လို့ ပါကစ္စတန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 6 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 8 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views