ဇန်နဝါရီလ (၂၅) ရက်။
ရခိုင်ဒေသထဲက ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော်(AA)က အလုံးစုံထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ စစ်ဆင်ရေး (၉၀)ရက်မြောက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတစ်ချိန်ထဲမှာ မြောက်ဦး၊ မင်းပြား၊ ကျော်ကတော်နဲ့ ရသေ့တောင်မြို့နယ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တော်(AA)အနေနဲ့ စစ်ကောင်စီရဲ့ တပ်မဌာနချုပ်နဲ့ အထိုင်ချစခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။
မနေ့ကတစ်ရက်ထဲ ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နဲ့ အနီးတစ်ဝိုက်နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အများဆုံးနေ့တစ်နေ့အနေနဲ့ ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်တွေနဲ့ (၃၃)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်တာတွေကြောင့် လူနေအိမ်၊ အဆောက်အအုံနဲ့ ချောင်ကူးတံတားအချို့ ထိမှန်ပျက်စီးခဲ့ပြီး ရမ်းဗြဲမြို့မရဲစခန်းအနောက်ဘက်က ရမ္မာဝတီဈေးဆိုင်တန်းက ဆိုင်ခန်း (၆)ခန်းကျော် မီးလောင်ခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။
ဒါ့ပြင် မောင်တောမြို့နယ်၊ ဇော်မတက်အုပ်စုရှိ ကိုင်းကြီး(မြို့)ကျေးရွက်ထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ (၁၅)နှစ်အရွယ်ရှိ ဒေသခံမိန်းကလေးငယ်တစ်ဦးနဲ့ (၁၀)နှစ်အရွယ်ယောင်္ကျားလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။