နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ပိုမိုကြီးထွားလာတဲ့ ဂါဇာကမ်းမြောင်က အငတ်ဘေးပြဿနာ

စိစိညက်ညက်ကြေနေတဲ့ ဂါဇာမြောက်ပိုင်းမှာ ကူညီကယ်ဆယ်ရေးသမားတွေရောက်ဖို့ ခဲယဉ်းနေတာကြောင့် ပါလက်စတိုင်းပြည်သူတွေ ဆာလောင်မွတ်သိပ်မှုကို ခံစားနေကြရပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်သားတွေရဲ့ ပြောပြချက်အရ ဂါဇာမြောက်ပိုင်းမှာ မြင်တွေ့ရတဲ့လူတွေဟာ ပိန်လှီပြီး မျက်တွင်းတွေ ချောင်ကျနေတဲ့အထိကို ဖြစ်နေတာပါ။

အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ထဲက လူပေါင်း 2.3 သန်းဟာ ဆာလောင်မွတ်သိပ်မှုတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဂါဇာတောင်ပိုင်းနဲ့ ထိစပ်နေတဲ့ အီဂျစ်နယ်စပ်ဂိတ်ပေါက်တွေမှာလည်း အစားအစာအကူအညီတွေကို အကန့်အသတ်ဖြင့်သာ ရရှိနေတာကြောင့် ဂါဇာကမ်းမြောင်ဒေသဟာ အငတ်ဘေးနဲ့ရင်ဆိုင်ရနိုင်တယ်လို့ အခုတစ်ပတ်အတွင်းမှာ ကုလသမဂ္ဂကလည်း သတိပေးထားပါတယ်။

ဂါဇာမြောက်ပိုင်းဒေသကတော့ အကူအညီတွေ လုံး၀မရသလောက်နီးပါဖြစ်နေတာလို့ WHO ရဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးအကြီးအကဲ ရှောင်ကာဆီက ပြောပါတယ်။

“ဂါဇာမြောက်ပိုင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုက တကယ့်ကို စိုးရိမ်ထိတ်လန့်စရာကောင်းပါတယ်။ စားစရာက မရှိသလောက်ကို ရှားပါးနေပြီး ကျမတို့ကို မြင်တော့ အစားအသောက်တွေ လာတောင်းရမ်းကြတာကို တွေ့ခဲ့ရပါတယ်” ဂါဇာထဲမှာ မွေးကင်းစ ကလေးတွေဖျားနားခြင်း၊ နို့တိုက်မိခင်တွေအာဟာရ မပြည့်၀လို့ နိုချို့မထွက်ခြင်း၊ ဒဏ်ရာရ လူနာတွေ အာဟာရမပြည့်၀ခြင်းတွေအများအပြားရှိနေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ဂျာအယ်ရှာဟာ အဲလ်နက်ဂျာဆေးရုံက ကလေးဆရာဝန်တစ်ဦးဖြစ်ပြီး သူက “ လွန်ခဲ့တဲ့ တစ်လလောက်က ဒီကလေးရဲ့ ကိုယ်အလေးချိန်က 7.5 ကီလို ရှိတယ်၊ အခုတစ်လတာကာလအတွင်းမှာ ကလေးရဲ့ ကိုယ်အလေးချိန်က 5.5 ကီလိုလောက်ဖြစ်သွားတယ်။ မိခင်ရောကလေးပါ အာဟာရချို့တဲ့နေလို့ နို့လည်းမထွက်တော့ဘူး။ ဒါဟာ ကလေးရဲ့ ကြီးထွားမှုနှုန်း ထိခိုက်သွားစေခဲ့တာပါ” လို့ ပြောပြသွားခဲ့ပါတယ်။

အခုမြင်ကွင်းကတော့ ဂါဇာထဲမှာ အစားအသောက်တွေ ဖြန့်ဖြူးဝေဌနေချိန်မှာ သေနတ်သံတွေထွက်ပေါ်လာခဲ့လို့ လူတွေ ဝရုန်းသုဉ်ကားနဲ့ ပြေးနေကြတာပါ။ ဂါဇာမြောက်ပိုင်းက အဲလ်ဇီတောင်းရပ်ကွက်မှာ လူသားချင်စာနာမှုဆိုင်ရာအကူအညီတွေ ပေးနေချိန်မှာ သေနတ်သံတွေထွက်ပေါ်လာခဲ့ပြီး ဘယ်အဖွဲ့ဘက်က ပစ်သလဲဆိုတာတော့ သဲသဲကွဲကွဲ သိရပါဘူး။ ဂါဇာပဋိပက္ခရဲ့ အစပိုင်းမှာ ဟားမက်စ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အစ္စရေး 1200 ကျော် သေဆုံးသွားခဲ့ရတဲ့နောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက စားနပ်ရိက္ခာဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂါဇာထဲကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို ဝင်ခွင့်ပြုခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အကူအညီပေးတဲ့အဖွဲ့တွေ တော်တော်ကို နည်းပါးလာခဲ့ပါတယ်။ ပါလက်စတိုင်းပြည်သူတွေဟာ မကြာခဏဆိုသလို အစားမစားဘဲ ရက်အတန်ကြာနေထိုင်ကြရတာတွေရှိသလို တချို့တွေကလည်း တစ်ရက်လုံးမှာ တစ်ကြိမ်သာ အစားစားရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ခမ်းယောနစ်ဒေသက ကလေး 5 ယောက်မိခင် ဟန်နာနူဖယ်က သူ့မှာ ကလေးငါးယောက်ကို ဒီနေ့အတွက် ကျွေးမွေးဖို့ ပဲတောင့်ရှည် တစ်ဗူးပဲ ရှိတယ်လို့ ဆိုပါတယ်။ “ ဒီစည်သွပ်ဗူးတွေကို စားနေရတာ ရက်ပေါင်း 100 လောက်ရှိပါပြီ။ ကလေးတွေလည်း ဖျားနေကြတယ်။ ဆေးလည်း မဝယ်နိုင်ဘူး၊ ဆေးရဖို့ကလည်း တော်တော်ခက်ပါတယ်။ ကျမတို့အားလုံး ဒီစည်သွပ်ဗူးတွေနဲ့ပဲ စားသောက်နေရတာပါ။ ဒီစည်သွပ်ဗူးတွေ စားနေရတာ တော်တော်ဆိုးပါတယ်” ဂါဇာထဲက ကယ်ဆယ်ရေးအေဂျင်စီတွေဟာ တိုက်ပွဲတွေကြားမှာ တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်းရတာမလွယ်ကူတဲ့အတွက် ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကျယ်ကျယ်ပြန့်ပြန့်မလုပ်ဆောင်နိုင်ကြပဲဖြစ်နေတာပါ။ လာမယ့် သီတင်းပတ်တွေအတွင်း ဂါဇာမှာ ကလေး တစ်သောင်းကျော်ဟာ အာဟာရပြတ်လပ်မှုနဲ့ ကြုံတွေ့ရနိုင်သလို သူတို့ရဲ့ ကြီးထွားမှုနှုန်းနဲ့ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှုနှုန်း နှေးကွေးသွားနိုင်တယ်လို့ ယူနီဆက်ဖ်က သုံးသပ်နေပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 6 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 8 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views