နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆေးရုံအတွင်း ဝင်ရောက်တိုက်ခိုက်မှုအတွက် စိုးရိမ်မှုများမြင့်တက်

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ဆေးရုံတစ်ခုကို အရပ်သားဟန်ဆောင်ထားတဲ့ အစ္စရေးစစ်သားတွေ ဝင်ရောက်လာပြီး ဆေးကုသနေတဲ့ ပါလက်စတိုင်း ၃ ဦးကို ပစ်သတ်သွားခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ စီစီတီဗီ ရုပ်သံမှတ်တမ်းတွေမှာတော့ အစ္စရေးရဲ့ လျှို့ဝှက်စစ်ဆင်ရေး စစ်သားတွေဟာ အီဘင်ဆီနာဆေးရုံအတွင်းက စင်္ကြန်လမ်းမတွေမှာ ရိုင်ဖယ်သေနတ်တွေကိုင်ဆောင်ပြီး ဖြတ်သွားတာကိုတွေ့ရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အစ္စရေးတွေဟာ ဆေးရုံထဲမှာပဲ အတင့်ရဲရဲ လူသတ်လာပြီလို့ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးစစ်တပ်ဘက်က သူတို့အနေနဲ့ အနောက်ဘက်ကမ်းက အီဘင်ဆီနာဆေးရုံမှာ ပုန်းအောင်နေတဲ့ ဟားမက်စ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အစ္စရေးက ပစ်ခတ်သတ်ဖြတ်သွားခဲ့တဲ့ ပါလက်စတိုင်း ၃ ဦးအနက်က တစ်ဦးဟာ မိမိတို့ စစ်သားတစ်ဦးဖြစ်ပြီး သူဟာ အဲဒီဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတာဖြစ်တယ်လို့ ဟားမက်စ်တွေကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အခြားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ကလည်း မိမိတို့ တပ်ဖွဲ့ဝင်နှစ်ဦး အစ္စရေးတို့လက်ချက်နဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။

စီစီတီဗီမှတ်တမ်းဗီဒီယိုမှာ လက်နက်အပြည့်အစုံကိုင်ဆောင်ထားသူတွေဟာ ဆေးရုံစင်္ကြန်လမ်းတစ်လျှောက် ပြေးလွှားနေပြီးလူတစ်ဦးကိုလည်း နံရံမှာ မျက်နာမူကာ ဒူးထောက်ထိုင်ခိုင်းထားပါတယ်။ အခန်းထဲက ပစ်သတ်ခံထားရတဲ့ပုံရိပ်တွေမှာတော့ ကုတင်ပေါ်က အပြာရောင်ခေါင်းအုံးနဲ့ အခန်းနံရံတွေမှာ သွေးတွေစွန်းထင်နေတာကိုတွေ့ရပါတယ်။ အီဘင်ဆီနာဆေးရုံရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒေါက်တာ နာဂျီနဇယ်က “ အခန်းထဲမှာ အိပ်နေတဲ့ လူ သုံးဦးကို သူတို့ ပစ်သတ်သွားခဲ့ကြတာပါ။ ဆေးကုသဆောင်အခန်းထဲကို ၀င်လာပြီး သွေးအေးအေးနဲ့ကို ပစ်သွားခဲ့တာဖြစ်ပါတယ်”လို့ ပြောပြပါတယ်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ပြဌာန်းထားတဲ့ ဂျနီဗာကွန်ဗင်းရှင်းကို လေးစားလိုက်နာတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) က အဲဒီတိုက်ခိုက်မှုအပေါ် စိုးရိမ်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

မြေပုံညွှန်းများထဲမှ ယူကရိန်း – ရုရှားနှင့် ဖြစ်ပွားနေသော စစ်ပွဲအခြေအနေကို လေ့လာခြင်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 24 Views
BBC- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်တိုက်ခိုက်ခဲ့သည်မှာ သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး တိုက်ပွဲများမှာ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ပူတင်က အလျှော့ပေးရန် ငြင်းဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်
  • 19 Views
CNN – ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်း နေသော်လည်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင်က သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေ များကို စွန့်လွှတ်ပေးရန် တောင်းဆိုချက်အပေါ်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 43 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 41 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏
နိုင်ငံတကာသတင်း အမေရိကန်

ရိမ်နာ (Reiner)လင်မယားအသတ်ခံရမှု အပေါ် ထရန့်၏ မှတ်ချက်ပေးမှုများသည် ‘ကြောက်စရာကောင်းပြီး’ ‘ရက်စက်သည်’ ဟု ၎င်း၏ မဟာမိတ်များက ဆိုသည်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 42 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက် ရော့ဘ် ရိမ်နာ(Rob Reiner) နှင့် မစ်ရှယ် ရိမ်နာ(Michele Reiner) တို့ ဇနီးမောင်နှံ သေဆုံးမှုအပေါ် သမ္မတ ဒေါ်နယ်ထရန့်က လူမှုကွန်ရက်တွင် ပို့စ်တစ်ခုတင်မှုနှင့် ပတ်သက်၍ ရီပတ်ဘလီကန်
နိုင်ငံတကာသတင်း ဥရောပ

နေတိုးအကြီးအကဲက ဥရောပမဟာမိတ်များကို ရုရှား၏နောက်ထပ်ပစ်မှတ် ဖြစ်နိုင်ကြောင်း သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 50 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက် နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ် ရုတ္တီ (Mark Rutte) က ကြာသပတေးနေ့တွင် မဟာမိတ်အဖွဲ့ဝင်နိုင်ငံများသည် “ ရုရှား၏ နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး၊ ယခင်မျိုးဆက်များ ကြုံတွေ့ခဲ့ရသော
တရုတ် နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီ လိုင်း (Jimmy Lai) ကို အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပ‌ဒေနဲ့ အပြစ်ရှိကြောင်းဟောင်ကောင်တရားရုံးကချမှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဒီမိုကရေစီလိုလားသူ မီဒီယာသူဌေးကြီး ဂျင်မီ လိုင်းကို တရုတ်က ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေ (NSL) အရ ပြစ်မှုထင်ရှားကြောင်း ဟောင်ကောင်တရားရုံးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့