နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဆေးရုံအတွင်း ဝင်ရောက်တိုက်ခိုက်မှုအတွက် စိုးရိမ်မှုများမြင့်တက်

ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက ဆေးရုံတစ်ခုကို အရပ်သားဟန်ဆောင်ထားတဲ့ အစ္စရေးစစ်သားတွေ ဝင်ရောက်လာပြီး ဆေးကုသနေတဲ့ ပါလက်စတိုင်း ၃ ဦးကို ပစ်သတ်သွားခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။ စီစီတီဗီ ရုပ်သံမှတ်တမ်းတွေမှာတော့ အစ္စရေးရဲ့ လျှို့ဝှက်စစ်ဆင်ရေး စစ်သားတွေဟာ အီဘင်ဆီနာဆေးရုံအတွင်းက စင်္ကြန်လမ်းမတွေမှာ ရိုင်ဖယ်သေနတ်တွေကိုင်ဆောင်ပြီး ဖြတ်သွားတာကိုတွေ့ရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အစ္စရေးတွေဟာ ဆေးရုံထဲမှာပဲ အတင့်ရဲရဲ လူသတ်လာပြီလို့ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် အစ္စရေးစစ်တပ်ဘက်က သူတို့အနေနဲ့ အနောက်ဘက်ကမ်းက အီဘင်ဆီနာဆေးရုံမှာ ပုန်းအောင်နေတဲ့ ဟားမက်စ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အစ္စရေးက ပစ်ခတ်သတ်ဖြတ်သွားခဲ့တဲ့ ပါလက်စတိုင်း ၃ ဦးအနက်က တစ်ဦးဟာ မိမိတို့ စစ်သားတစ်ဦးဖြစ်ပြီး သူဟာ အဲဒီဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေတာဖြစ်တယ်လို့ ဟားမက်စ်တွေကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အခြားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့ကလည်း မိမိတို့ တပ်ဖွဲ့ဝင်နှစ်ဦး အစ္စရေးတို့လက်ချက်နဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ရတယ်လို့ အတည်ပြုခဲ့ပါတယ်။

စီစီတီဗီမှတ်တမ်းဗီဒီယိုမှာ လက်နက်အပြည့်အစုံကိုင်ဆောင်ထားသူတွေဟာ ဆေးရုံစင်္ကြန်လမ်းတစ်လျှောက် ပြေးလွှားနေပြီးလူတစ်ဦးကိုလည်း နံရံမှာ မျက်နာမူကာ ဒူးထောက်ထိုင်ခိုင်းထားပါတယ်။ အခန်းထဲက ပစ်သတ်ခံထားရတဲ့ပုံရိပ်တွေမှာတော့ ကုတင်ပေါ်က အပြာရောင်ခေါင်းအုံးနဲ့ အခန်းနံရံတွေမှာ သွေးတွေစွန်းထင်နေတာကိုတွေ့ရပါတယ်။ အီဘင်ဆီနာဆေးရုံရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒေါက်တာ နာဂျီနဇယ်က “ အခန်းထဲမှာ အိပ်နေတဲ့ လူ သုံးဦးကို သူတို့ ပစ်သတ်သွားခဲ့ကြတာပါ။ ဆေးကုသဆောင်အခန်းထဲကို ၀င်လာပြီး သွေးအေးအေးနဲ့ကို ပစ်သွားခဲ့တာဖြစ်ပါတယ်”လို့ ပြောပြပါတယ်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ပြဌာန်းထားတဲ့ ဂျနီဗာကွန်ဗင်းရှင်းကို လေးစားလိုက်နာတဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) က အဲဒီတိုက်ခိုက်မှုအပေါ် စိုးရိမ်မိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 44 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ မနက်ဖြန်ရပ်တန့်လျှင်ပင် လူပေါင်း ၃၀ သန်းကျော် ဆင်းရဲတွင်းသို့ ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် အီရန်စစ်ပွဲ ပဋိပက္ခသည် မနက်ဖြန်တွင်ပင် အဆုံးသတ်သွားစေကာမူ ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၃၀ သန်းကျော်မှာ ဆင်းရဲတွင်းသို့ ပြန်လည်ကျဆင်းသွားလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ (UN) က
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘စက်ရုပ်တွေက သွေးမထွက်ဘူး’ – လူသားစစ်သားများအစား စက်ကိရိယာများကို စစ်မြေပြင်သို့ ယူကရိန်းစေလွှတ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ဤမြင်ကွင်းသည် စစ်ပွဲများရှိကတည်းက ရှိနေခဲ့သည့် မြင်ကွင်းဟောင်းတစ်ခု ဖြစ်သည်။ စစ်သားနှစ်ဦးသည် လက်ကိုလေထဲမြှောက်ကာ လက်နက်ချနေပြီး တစ်ဖက်ခြမ်းမှ ဟိန်းဟောက်စေခိုင်းနေသည့် အမိန့်များကို ဂရုတစိုက် လိုက်နာနေကြသည်။
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဒရုန်းစစ်ပွဲများ- ယူကရိန်းနှင့် အီရန်အကြား မဟာဗျူဟာမြောက် ဆုံချက်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၃ ရက် ပြီးခဲ့သည့်အပတ်က လူမဲ့ဒရုန်းများနှင့် စက်ရုပ်များ အသုံးပြုတိုက်ခိုက်မှုတစ်ခုသည် ရန်သူ့မြေပြင်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ “ အနာဂတ်ဆိုတာ ရောက်ရှိလို့လာပါပြီ” ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်းစကီးက