နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းညီနောင်က ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ မဟာမိတ်တွေကို သတိပေး

ဖေဖော်ဝါရီလ (၄) ရက်။

မရာဒေသအတွင်းကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ မဟာမိတ်အဖွဲ့တွေ ကျူးကျော်ဝင်ရောက်ပြီး ဖေဖော်ဝါရီလ (၁) ရက်နေ့ကစတင်ပြီး Maraland Defence Force (MDF) ရဲ့စခန်းတခုကို ဒရုန်းတွေ အသုံးပြုပြီး အကြိမ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲ့ဒီ ထိုးစစ်ဆင်မှုမှာ ဒါ(ရ)လင်းကျေးရွာက အရပ်သားလူငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာကို ချင်းညီနောင်က လုံးဝကန့်ကွက်ရှုပ်ချလိုက်ပြီး သဘောထား (၅) ချက်ကို မနေ့က ဖေဖော်ဝါရီလ (၃) ရက်နေ့မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။

ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ဆက်လက်လုပ်နေမယ်ဆိုရင် ချင်းညီနောင်အဖွဲ့အနေနဲ့ Maraland Defence Force (MDF) အဖွဲ့နဲ့အတူ ပူးပေါင်းမှုတွေ စတင်မှာဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း သွေးထွက်သံယိုဖြစ်ပေါ်မှာကို အခြားချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးတွေကလည်း စိတ်ပူပန်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 20 Views
ဩဂုတ်လ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီအချိန် မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Myingyan
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 19 Views
ဩဂုတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပင်ပေါရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

ပလက်ဝကို AA က အုပ်ချုပ်ရေးဖော်ဆောင်တာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 35 Views
ဩဂုတ်လ (၁၃)ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ Chin Civic Movement(CCM)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ
မြန်မာသတင်း

ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ကျပ်သန်း(၅၀၀)ကျော် ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 24 Views
ဩဂုတ်လ (၁၃)ရက်။ ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၅၆၇.၆၄)သန်းကို အမှန်တကယ် လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီငွေကျပ်(၅၀၀)သန်းကျော်ဟာ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူ အလှူငွေဖြစ်ကာ အဲ့ဒီအထဲ စစ်ဘေးရှောင်ပြည်သူ
မြန်မာသတင်း

တရုတ်ရဲ့ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 26 Views
ဩဂုတ်လ (၁၃)ရက်။ ကိုယ်ကျိုးစီးပွားတခုထဲကြည့်တဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ အကြီးမားဆုံး အခက်အခဲလို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိူလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမား‌ဆုံး အခက်အခဲ” ဆိုတဲ့ခေါင်းစဉ်နဲ့
မြန်မာသတင်း

မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ‌ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာမရှိဘူးလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 22 Views
ဩဂုတ်လ (၁၃)ရက်။ ရွေးကောက်ပွဲဥပဒေမှာ မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာ မရှိဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကာ/လုံက စစ်ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးတာက ရွေးကောက်ပွဲ အောင်မြင်စွာ
မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 41 Views
ဩဂုတ်လ (၁၂)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကို စုဖွဲ့မှုပြိုကွဲကာ
မြန်မာသတင်း

ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 32 Views
ဩဂုတ်လ (၁၂)ရက်။ စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မလုယူခဲ့တဲ့နောက်ပြီး တနိုင်ငံလုံးမှာရှိတဲ့ လူမျိုးတွေ၊