နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက်

ဖေဖော်ဝါရီ (၄) ရက်။

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက်ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာခြောက်ရွာက ဘုန်ကြီးကျောင်း၊ စေတီနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေကြောင်းကနေ တိုက်ခိုက်ပမှုကြောင့် သင်တောကျေးရွာ၊ ဇော်ချောင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပင့်သာကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သင်တောရွာက ဘုန်းကြီးတစ်ပါး၊ ကပ္ပိယတစ်ဦး၊ အသက် ၈၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးတားတစ်ဦးနဲ့ ဘုန်းကြီးကျောင်းထဲမှာ ကစားနေတဲ့ ကလေးငယ်တွေလည်းပါဝင်ပြီး အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တို့မှာ စစ်ကောင်စီက လေကြောင်းကနေ စစ်ဆင်ရေးအရှိန်မြှင့်ပြီး ကောလင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖော်ပြနေကြပါတယ်။

ဓာတ်ပုံ။ ကန့်ဘလူမြို့နယ်မှ အပျက်အစီးများ

ကျွန်းလှတက်ကြွလှုပ်ရှားရေးအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖလမ်းမြို့ လုမ်သဲရွာက ပြည်သူ့ဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် NUG ပြင်းထန်စွာရှုတ်ချ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ ဖလမ်းမြို့၊ လုမ်သဲရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ NUG ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တောင်ကုတ်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ AA အတည်ပြုထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 2 Views
နိုဝင်ဘာလ (၂၉)ရက်။ နိုဝင်ဘာလ (၂၄)ရက်နေ့က တောင်ကုတ်မြို့ကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ တောင်ကုတ်မြို့ပြင်ရှိ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခလက်အောက်ရှိ တစ်မိုင်ကုန်းစခန်းက ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 13 Views
စစ်ကောင်စီဘက်က (၂)ဦးသေဆုံးပြီး (၁၄)ဦး ဖမ်းမိခဲ့တယ်လို့ SAF ထုတ်ပြန် နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၃)ရက်နေ့က အမ်းမြို့အခြေစိုက် နပခဌာနချုပ်လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းကနေ ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်(SAF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ညောင်ဦးမြို့ ငါးသရောက်ရွာရှိ စစ်ကောင်စီရုံးတွေ မီးရှို့ဖျက်ဆီးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 12 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၅)ရက်နေ့က ညောင်ဦးမြို့နယ်၊ ငါးသရောက်ရွာက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးအချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တောင်သာပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ကောင်စီထောက်တိုင်ရုံးတွေဟာ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ ဆောက်လုပ်ရေးရုံးနဲ့ ပြန်ကြားရေးရုံးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်မှာ စစ်ကောင်စီတပ်ရင်းနဲ့ တိုက်ပွဲထဲ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 18 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုဝင်ဘာလ (၂၆)ရက်နေ့က လွိုင်ကော်မြို့အစပ် တစ်နေရာမှာ စစ်ကောင်စီရဲ့ ခလရ(၈၀)တပ်ရင်းနဲ့ ကရင်နီတပ်ပေါင်းစုတို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ခလရ(၈၀)တပ်ရင်းဟာ စစ်ကောင်စီရဲ့ တပ်မ(၆၆)လက်အောက်ခံဖြစ်ပြီး စစ်သုံ့ပန်း
မြန်မာသတင်း

မတ္တရာနဲ့ သပိတ်ကျင်းကို အပြည့်အဝ ထိန်းချုပ်ထားဆဲလို့ MDY-PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 12 Views
နိုဝင်ဘာလ (၂၈)ရက်။ မန္တလေးတိုင်း မတ္တရာနဲ့ သပိတ်ကျင်းမြို့တို့ကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ MDY-PDF ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့တဲ့ တပ်စခန်းတွေနဲ့ နယ်မြေတွေကို ပြန်လည်ရရှိဖို့ ကြိုးစားနေပေမယ့် အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့
မြန်မာသတင်း

ICC ရဲ့ ပြောကြားတာတွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 8 Views
နိုဝင်ဘာလ (၂၈)ရက်။ နိုင်ငံတကာ ရာဇဝတ်တရားရုံး(ICC)ရဲ့ ပြောကြားချက်တွေကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနိုင်ငံဟာ ICC ရဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ICC ရဲ့ ပြောကြားချက်တွေအပေါ် ဘယ်တုန်းကမှ
မြန်မာသတင်း

တရားမဝင် ဝင်လာတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးတွေနဲ့ တွေ့ဆုံ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 10 Views
နိုဝင်ဘာလ (၂၈)ရက်။ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို အရေးယူပြီး ပြည်နှင်လွှဲပြောင်းဖို့ စစ်ကောင်စီက နိုင်ငံခြားသံရုံးက တာဝန်ရှိသူတွေနဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး