နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ရည်မှန်းချက်ပြည့်မြောက်ခဲ့တဲ့ ကိုးကန့်တပ်နဲ့ ကိုးကန့်လူမျိုးတွေကို ညီနောင်(၂)ဖွဲ့က ဂုဏ်ပြုသ၀ဏ်လွှာပေးပို့

ဖေဖော်ဝါရီလ (၁၀)ရက်။

ရည်မှန်းချက်တွေ အတိုင်းအတာတစ်ခုအထိ ပြည့်မြောက်ခဲ့တဲ့ ကိုးကန့်တပ်(MNDAA)နဲ့ ကိုးကန့်လူမျိုးတွေကို ညီနောင် (၂)ဖွဲ့ဖြစ်တဲ့ TNLA နဲ့ AA တို့က ‌မနေ့က ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

“ကိုးကန့်လူမျိုးများ ကိုးကန့်ဒေသကို ပြန်လည်ရရှိရေး”ဟာ ကိုးကန့်တပ်(MNDAA)နဲ့ ကိုးကန့်လူမျိုးအတွက် အဓိကရည်မှန်းချက်ဖြစ်ပြီး အခုအချိန်မှာ အဲ့ဒီရည်မှန်းချက်ဟာ အလုံးစုံမဟုတ်ပေမယ့် အတိုင်းအတာတစ်ခုအထိ ပြည်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။

ကိုးကန့်အိမ်ပြန်ချိန်ခရီးမှာ ညီနောင်နှစ်ဖွဲ့အနေနဲ့ ညီနောင်မဟာမိတ်ပီသစွာနဲ့ စစ်မြေပြင်တိုင်းကို အတူဖြတ်ကျော်ပြီး MNDAA အဖွဲ့ရဲ့ မူလဘူတ ဇာတိမြေအိမ်ကို အရောက်လိုက်ပါ ပို့ဆောင်နိုင်ခဲ့တာကြောင့် များစွာဂုဏ်ယူတယ်လို့ ဖော်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးရဲ့ အောင်ပွဲဟာ ညီနောင်မဟာမိတ် (၃)ဖွဲ့က အခရာကျတာ မှန်ပေမယ့် အခြားတော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ရေးအရ ပူးပေါင်းပါ၀င်တာကလဲ အရေးကြီးကာ ပါ၀င်ခဲ့တဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ဂုဏ်ပြုတယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် အခုအချိန်ဟာ ကိုးကန့်ဒေသ၊ လောက်ကိုင်မှာ စစ်ဆင်ရေးရဲ့ အောင်ပွဲအသီးအပွင့်တွေကို အတူတူခံစားခွင့်ရခဲ့ကြပြီး ကိုးကန့်အိမ်ပြန်ချိန်ခရီးမှာ အသက်၊ ချွေး၊ ဘ၀၊ ခန္ဓာတို့ ပေးဆပ်စွန့်လွှတ်ခဲ့ရသူတွေအားလုံးကို လေးနပ်စွာ ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့လဲ ပြောဆိုထားပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့အနေနဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ အတူတကွ ဆက်လက်ရပ်တည်နေမှာဖြစ်တယ်လို့ ကိုးကန့်အဖွဲ့ရဲ့ အောင်မြင်မှုအတွက် ပေးပို့တဲ့ ဂုဏ်ပြုသ၀ဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို